Connect with us

Hi, what are you looking for?

News

ရေစကြိုမြို့တွင် စစ်​ကောင်စီယာဥ်တန်းကို မိုင်းခွဲတိုက်ခိုက်

မိုင်းခွဲခံရပြီးနောက် လူထိခိုက်မှုအခြေအနေမသိရသေးကြောင်း၊ အဆိုပါနေရာတွင် စစ်ကောင်စီ တပ်သားအင်အားအများအပြားဖြင့် ပစ်ဖောက်သောင်းကြမ်းမှုများ ပြုလုပ်သွားကြောင်း ရေစကြိုနယ်ခံအချို့က လည်းပြောသည်။

People's Spring
People's Spring

မကွေးတိုင်း ရေစကြိုမြို့တွင် ယမန်နေ့ညနေပိုင်းက စစ်ကောင်စီယာဥ်တန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင် စီသတင်းပေးတစ်ဦး၏ ဆီဆိုင်ကိုလည်း ဗုံးခွဲခဲ့ကြောင်း ရေစကြို PDF အဖွဲ့က သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၈ ရက် ညနေ ၆ နာရီဝန်းကျင်က ပခုက္ကူမြို့ဘက်မှထွက်လာသော စစ်ကောင်စီယာဥ်တန်းသည် ရေစကြို မြို့နယ် ဆန်းသစ်ရွာ တောင်ဘက်တွင် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး ၎င်းတို့ပြုလုပ်ခြင်း​ဖြစ်ကြောင်း ရေစကြို PDF က အသိပေးသည်။

မိုင်းခွဲခံရပြီးနောက် လူထိခိုက်မှုအခြေအနေမသိရသေးကြောင်း၊ အဆိုပါနေရာတွင် စစ်ကောင်စီ တပ်သားအင်အားအများအပြားဖြင့် ပစ်ဖောက်သောင်းကြမ်းမှုများ ပြုလုပ်သွားကြောင်း ရေစကြိုနယ်ခံအချို့က လည်းပြောသည်။

“မြေကြီးတောင်တုံတယ်။ငလျင်လှုပ်တဲ့အတိုင်ပဲ။”ဟု အခင်းဖြစ်ရာအနီး နေထိုင်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ရေစကြို PDF အဖွဲ့သည် စိုက်ပျိုးရေးရုံးတွင် အလုပ်လုပ်ကိုင်နေသော စစ်ကောင်စီသတင်းပေးတစ်ဦး၏ ဆီဆိုင်ကိုလည်း ယ​မန်နေ့ နံနက်ပိုင်းကလည်း ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီသတင်းပေး၏ဆီဆိုင်သည် ရေစကြိုမြို့နယ် ရေစကြို-ပခုက္ကူလမ်းဘေးတွင်ရှိပြီး ပျူစောထီးဟုလည်း နာမည်ထွက်နေသူဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။