Connect with us

Hi, what are you looking for?

News

မန္တလေးမှာ ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရ

ရာအိမ်မှူး ဦးပေါက်စီဆိုသူဟာ ရပ်ကွက်ရှိ လူမှုကူညီရေးအသင်းရုံးကနေ ပြန်အထွက် ဆိုင်ကယ်နဲ့အမျိုးသားနှစ်ဦးကသေနတ်ပစ်ခတ်သွားတာဖြစ်ပါတယ်။

People's Spring
People's Spring

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်း သံနောက်/အုတ်ကျင်းရပ်ကွက်က စစ်ကောင်စီခန့်အပ်ထားတဲ့ ရာအိမ်မှူးတစ်ဦးသေနတ်နဲ့ပစ်ခတ်ခံခဲ့ရပါတယ်။

စက်တင်ဘာလ ၈ ရက် မနေ့က ညနေပိုင်း သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီကနေ စုံစမ်းသိရပါတယ်။

ရာအိမ်မှူး ဦးပေါက်စီဆိုသူဟာ ရပ်ကွက်ရှိ လူမှုကူညီရေးအသင်းရုံးကနေ ပြန်အထွက် ဆိုင်ကယ်နဲ့အမျိုးသားနှစ်ဦးကသေနတ်ပစ်ခတ်သွားတာဖြစ်ပါတယ်။

အဲဒီရာအိမ်မှုးကို မန္တလေးဆေးရုံးကြီးမှာ အခုအချိန်ထိ ဆေးကုသမှုခံယူနေဆဲဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။ ဒါပေမယ့်အပြင်မှာတော့ သေနတ်နဲ့ပစ်ခတ်ခံရတဲ့နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားတယ်လို့လည်း သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

Facebook