မူဆယ်မြို့ရှိ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်စခန်းတစ်ခုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုက ယနေ့ မီးရှို့ဖျက်ဆီးလိုက်သည်။
မူဆယ်မြို့စယ်လန့်ကျေးရွာရှိ စိန်ကျော့ ပြည်သူ့စစ်စခန်းကို ယနေ့(စက်တင်ဘာ ၉ရက်)နံနက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုက မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ဒေသတွင် KIA ၊ TNLA ၊ MNDAA အပါအဝင် စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်အဖွဲ့ ဘအချို့ လှုပ်ရှားသောဒေသဖြစ်သည်။ ယခု စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်စခန်းမီးရှို့ဖျက်ဆီးခံရသည့်ဖြစ်စဉ်အား မည်သည့်အဖွဲ့က ပြုလုပ်သည်ကို မသိရသေးပေ။
KIA နှင့်TNLA ပြောရေးဆိုခွင့်ရှိသူများက ၎င်းတို့သည် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားနေသော်လည်း ပြည်သူ့စစ်စခန်းမီးရှို သည့်ဖြစ်စဥ်ကိုမူမသိ့သေးဘဲ မြေပြင်ကို ဆက်သွယ်မေးမြန်းနေဆဲဟုပြောသည်။