Connect with us

Hi, what are you looking for?

News

မြန်မာ့အရေးကို ကုလကဥပဒေကြောင်းအရ ထိရောက်စွာအရေးယူနိုင်ခြင်းမရှိတဲ့အပေါ် အထူးအကြံပေးကောင်စီက အစီရင်ခံစာထုတ်ပြန်

အလားတူ နယူးယောက်အခြေစိုက် ကုလသမဂ္ဂအထွေ ထွေညီလာခံဟာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကို လေးစားဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့နဲ့ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်မှုကို ရပ်တန့်ဖို့ မြန်မာစစ်တပ်ကို တောင်းဆိုခဲ့ပါတယ်။

ကုလသမဂ္ဂက မြန်မာ့အရေးကို ဒီနေ့အထိ ဥပဒေကြောင်းအရထိထိရောက်ရောက်အရေးယူမှုမရှိတဲ့အပေါ် ရေးသားဖော်ပြထားတဲ့ လေ့လာဆန်းစစ်ချက်အစီရင် ခံစာကို အထူးအကြံပေးကောင် စီ(SAC-M)က ဒီနေ့ထုတ်ပြန်ပါတယ်။

‘မြန်မာနိုင်ငံမှာ ဥပဒေမဲ့စစ်တပ်အာဏာသိမ်းမှုကို ကုလ သမဂ္ဂနိုင်ငံရေးအဖွဲ့အစည်းတွေရဲ့တုံ့ပြန်မှု’လို့ အမည်ပေးထားတဲ့ လေ့လာဆန်းစစ်ချက်အစီရင်ခံစာကို စက်တင်ဘာ ၁၃ မှာစတင်မယ့် ၄၈ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးမတိုင်ခင်နဲ့ စက်တင်ဘာ ၁၄ မှာ စတင်မယ့် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမတိုင်ခင်မှာ SAC-M က ထုတ် ဝေလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်ကတည်းက ကုလရဲ့နိုင်ငံရေးဆိုင်ရာအဖွဲ့အစည်းသုံးခုက မြန်မာ့အရေးကိုဆွေးနွေးခဲ့ပြီး ဒီမိုကရေစီဖြစ်စဉ်ကို အားပေးထောက်ခံတဲ့ ထုတ်ဖော်ပြောဆိုမှုတွေ၊ အကြမ်းဖက်မှုအဆုံးသတ်ရေးနဲ့ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေကို ချက် ချင်းပြန်လွှတ်ပေးရေးတောင်းဆိုမှုတွေကို ဆုံးဖြတ်ချက်ချမှတ်ခြင်း ဒါမှမဟုတ် ကြေညာချက် ထုတ်ပြန်ခြင်းတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီနေ့အထိ ဥပဒေကြောင်းအရ ထိထိရောက်ရောက်အရေးယူမှုတွေမရှိခဲ့ဘူးလို့ SAC-M က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

နယူးယောက်အခြေစိုက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေးနဲ့ပတ်သက်လို့ တရား ဝင်ဆွေးနွေးမှု၊ အလွတ်သဘောဆွေးနွေးမှုတွေ ကျင်းပခဲ့ပေမယ့် စစ်တပ်ရဲ့အပြစ်ကင်းလွတ်နေမှုကိုအရေးယူဖို့၊ စစ်လက်နက်တွေနဲ့ ငွေကြေးစီးဝင်မှုရပ်တန့်ဖို့ စတာတွေကို ဖြေရှင်းဖို့ ထိရောက်တဲ့အခွင့်အာဏာကျင့်သုံးခြင်းမရှိခဲ့ဘူးလို့ SAC-M က ထောက်ပြပါတယ်။

အလားတူ နယူးယောက်အခြေစိုက် ကုလသမဂ္ဂအထွေ ထွေညီလာခံဟာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကို လေးစားဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့နဲ့ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်မှုကို ရပ်တန့်ဖို့ မြန်မာစစ်တပ်ကို တောင်းဆိုခဲ့ပါတယ်။

ကုလအထွေထွေညီလာခံဟာ မြန်မာနိုင်ငံအတွင်း လက်နက်စီးဝင်မှုကို တားမြစ်ရေး အဖွဲ့ဝင်နိုင်ငံအားလုံးကို တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။

ဒါပေမဲ့ အထွေထွေညီလာခံရဲ့ဆုံးဖြတ်ချက်ဟာ ဥပဒေအရစည်းနှောင်မှုမရှိတာကြောင့် အာဏာသိမ်းကို နိုင်ငံရေးအရထင်ရှားတဲ့ နိုင်ငံတကာရဲ့ထုတ်ဖော်ပြောဆိုမှုသာဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ဂျီနီဗာအခြေစိုက် ကုလလူ့အခွင့်အရေးကောင်စီကလည်း အာဏာသိမ်းပြီးနောက်ပိုင်း အတည်ပြုဆုံးဖြတ်ချက် သုံးရပ်ချမှတ်ခဲ့ပေမယ့်လည်း ဥပဒေအရစည်းနှောင်မှုမရှိခဲ့ပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု မစ်ရှင်တစ်ခု သွားရောက်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

သတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်တိုင်းကို အမြဲမပြတ်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆို