Connect with us

Hi, what are you looking for?

LuduNwayOo

News

လောက်ကိုင်တွင် စစ်​ကောင်စီက ကိုဗစ်ကပ်​ရောဂါအ​ကြောင်းပြပြီး တပ်အင်အားစုဆောင်းနေ

စက်တင်ဘာ ၈ရက်တွင် ဟေးဟော်ဒေသနေ အမျိုးသားတစ်ဦးလောက်ကိုင်မြို့သို့ မိခင်အတွက် ဆေးဝယ်နေချိန် စစ်ကောင်စီတပ်ကဖမ်းဆီးသွားကြောင်း၊ စက်တင်ဘာ ၉ရက် နံနက် ၄နာရီခန့်တွင် စစ်ကောင်စီတပ် ပစ်ခတ်၍ အရပ်သား တစ်ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

People's Spring
People's Spring

လောက်ကိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအကြောင်းပြပြီး အတင်းအဓမ္မ တပ်အင်အား စုဆောင်းနေကြောင်း ကိုးကန့်လက်နက် ကိုင်အဖွဲ့(MNDAA)က ထုတ်ပြန်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာ နိုင်ငံရေးမတည်ငြိမ်မှုများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ စစ်ကောင်စီ၏ တပ်အင်အားသည် ချို့ယွင်းသည့်အခြေအနေ ဖြစ်လာကြောင်း၊ ပြည်မနေ ပြည်သူများ အနေဖြင့် စစ်မှုထမ်းသူ မရှိ၍ စစ်ကောင်စီ တပ်သည် ၎င်းတို့ ထိန်းချုပ်ထားသည့် အခြားတိုင်းရင်းသားနယ်မြေများနှင့် ကို့ကန့်ဒေသ၌ တပ်အင်အား စုဆောင်းရန် ရည်ရွယ်လုပ် ဆောင်နေကြောင်း ဖော်ပြထားသည်။

စက်တင်ဘာ၇ရက် ညပိုင်းမှစ၍ ရဲနှင့် စစ်ကောင်စီတပ် ပူးပေါင်း၍ ရောဂါကာကွယ် ထိန်းချုပ်ရေး အကြောင်းပြချက်ဖြင့် လောက်ကိုင်ဒေသ၌ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း၊ အဖမ်းခံရသူများလည်းရှိကြောင်း၊ စက်တင်ဘာ ၈ရက်တွင် လောက်ကိုင်အမှတ်တရ ကျောက်တိုင် တစ်နေရာတည်း၌ အရပ်သား အနည်းဆုံး ၃၀ ခန့် ဖမ်းဆီးခံရသည်ဟု ဒေသခံများက ပြောကြောင်း ဖော်ပြထားသည်။

စက်တင်ဘာ ၈ရက်တွင် ဟေးဟော်ဒေသနေ အမျိုးသားတစ်ဦးလောက်ကိုင်မြို့သို့ မိခင်အတွက် ဆေးဝယ်နေချိန် စစ်ကောင်စီတပ်ကဖမ်းဆီးသွားကြောင်း၊ စက်တင်ဘာ ၉ရက် နံနက် ၄နာရီခန့်တွင် စစ်ကောင်စီတပ် ပစ်ခတ်၍ အရပ်သား တစ်ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင်လောက်ကိုင်မြို့နယ်၏ အခြေအနေမှာ ရှုပ်ထွေးနေ၍ ပြည်သူများ အိမ်ပြင်မထွက်ရဲ ဖြစ်နေကြောင်းလည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။