Connect with us

Hi, what are you looking for?

News

လောက်ကိုင်တွင် စစ်​ကောင်စီက ကိုဗစ်ကပ်​ရောဂါအ​ကြောင်းပြပြီး တပ်အင်အားစုဆောင်းနေ

စက်တင်ဘာ ၈ရက်တွင် ဟေးဟော်ဒေသနေ အမျိုးသားတစ်ဦးလောက်ကိုင်မြို့သို့ မိခင်အတွက် ဆေးဝယ်နေချိန် စစ်ကောင်စီတပ်ကဖမ်းဆီးသွားကြောင်း၊ စက်တင်ဘာ ၉ရက် နံနက် ၄နာရီခန့်တွင် စစ်ကောင်စီတပ် ပစ်ခတ်၍ အရပ်သား တစ်ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

People's Spring
People's Spring

လောက်ကိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအကြောင်းပြပြီး အတင်းအဓမ္မ တပ်အင်အား စုဆောင်းနေကြောင်း ကိုးကန့်လက်နက် ကိုင်အဖွဲ့(MNDAA)က ထုတ်ပြန်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာ နိုင်ငံရေးမတည်ငြိမ်မှုများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ စစ်ကောင်စီ၏ တပ်အင်အားသည် ချို့ယွင်းသည့်အခြေအနေ ဖြစ်လာကြောင်း၊ ပြည်မနေ ပြည်သူများ အနေဖြင့် စစ်မှုထမ်းသူ မရှိ၍ စစ်ကောင်စီ တပ်သည် ၎င်းတို့ ထိန်းချုပ်ထားသည့် အခြားတိုင်းရင်းသားနယ်မြေများနှင့် ကို့ကန့်ဒေသ၌ တပ်အင်အား စုဆောင်းရန် ရည်ရွယ်လုပ် ဆောင်နေကြောင်း ဖော်ပြထားသည်။

စက်တင်ဘာ၇ရက် ညပိုင်းမှစ၍ ရဲနှင့် စစ်ကောင်စီတပ် ပူးပေါင်း၍ ရောဂါကာကွယ် ထိန်းချုပ်ရေး အကြောင်းပြချက်ဖြင့် လောက်ကိုင်ဒေသ၌ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း၊ အဖမ်းခံရသူများလည်းရှိကြောင်း၊ စက်တင်ဘာ ၈ရက်တွင် လောက်ကိုင်အမှတ်တရ ကျောက်တိုင် တစ်နေရာတည်း၌ အရပ်သား အနည်းဆုံး ၃၀ ခန့် ဖမ်းဆီးခံရသည်ဟု ဒေသခံများက ပြောကြောင်း ဖော်ပြထားသည်။

စက်တင်ဘာ ၈ရက်တွင် ဟေးဟော်ဒေသနေ အမျိုးသားတစ်ဦးလောက်ကိုင်မြို့သို့ မိခင်အတွက် ဆေးဝယ်နေချိန် စစ်ကောင်စီတပ်ကဖမ်းဆီးသွားကြောင်း၊ စက်တင်ဘာ ၉ရက် နံနက် ၄နာရီခန့်တွင် စစ်ကောင်စီတပ် ပစ်ခတ်၍ အရပ်သား တစ်ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင်လောက်ကိုင်မြို့နယ်၏ အခြေအနေမှာ ရှုပ်ထွေးနေ၍ ပြည်သူများ အိမ်ပြင်မထွက်ရဲ ဖြစ်နေကြောင်းလည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။