Connect with us

Hi, what are you looking for?

LuduNwayOo

News

စမ်းချောင်း ဂွစျေးအနီးတစ်ဝိုက် ဒီကနေ့ အခြေအနေ

ဂွစျေး စျေးရုံပြင်ပရောင်းတာကို နောက် ၁၀ ရက်အထိ ခွင့်ပြုမှာမဟုတ်လို့ လာမရောင်းကြဖို့ စျေးသည်တွေကို ပြောတယ်လို့လည်း အဲဒီအိမ်ရှင်မက ပြောပါတယ်။

စမ်းချောင်းမြို့နယ်ထဲမှာ စက်တင်ဘာ ၉ ရက်က ညနေပိုင်း ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် ဒီကနေ့ မနက်ထဲက လမ်းတွေပိတ်စစ်ဆေးတာတွေလုပ်နေတယ်လို့ ဂွစျေးအနီးနေထိုင်သူတွေက ပြောပါတယ်။

ဂွစျေးအပြင်ပတ်ပတ်လည်မှာရောင်းချနေတဲ့စျေးသည်တွေအားလုံးကိုရှင်းလိုက်ပြီးတော့ စျေးရုံကြီးပြင်ပမှာ စျေးလုံးဝမရောင်းဖို့ ပြောတဲ့အတွက် စျေးသည်တွေအကုန် သိမ်းပြီးပြန်ကုန်ကြရတယ်လို့ ဒီမနက် ၁၀ နာရီဝန်းကျင်က ဂွစျေးကိုရောက်ခဲ့တဲ့ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

ဂွစျေး စျေးရုံပြင်ပရောင်းတာကို နောက် ၁၀ ရက်အထိ ခွင့်ပြုမှာမဟုတ်လို့ လာမရောင်းကြဖို့ စျေးသည်တွေကို ပြောတယ်လို့လည်း အဲဒီအိမ်ရှင်မက ပြောပါတယ်။

“ဗဟိုလမ်းမကြီးတလျောက်တင်မဟုတ်ဘူး လမ်းသွယ်တွေပါအကုန်စစ်နေတာ အကုန်ပိတ်ထားတယ်။ ဗားဂရာလမ်းမကြီးဟိုဘက် အာရှတော်ဝင်ဘက်ခြမ်းကတော့ပွင့်တယ်။ ဒီဘက်ကတော့ ဝေဠုဝန်အထိကိုအကုန်ပိတ်ထားတာ ကားရော လူရောသွားမရဘူး ” လို့ ဂွစျေးအနီး မကြီးကြီးလမ်းမှာနေထိုင်သူတစ် ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဂွစျေးဘက်ကို အသွားမရဘူး။ ဂွစျေးဘက်ကလာတဲ့ကားလည်းမရှိဘူး။ စက်ဘီး၊ ဆိုက်ကား အကုန်စစ် ပြန်လွှတ်။ လမ်းလျောက်တောင်ပေးမသွားတော့ ဗဟိုလမ်းမကြီးပေါ်မှာ သူတို့ပဲ ရှိတယ်” လို့ ဗဟိုလမ်းမကြီးပေါ်နေထိုင်သူ တစ်ဦးက ပြောပါတယ်။

စစ်ကားတစ်စီး မနေ့က ဗုံးနဲ့ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားတယ်လို့ သတင်းတွေထွက်နေတာရှိပါတယ်။ အဲဒီလိုဗုံးပစ်သွင်းခံရပြီးတဲ့နောက် သေနတ်နဲ့ လိုက်ပစ်တာကြောင့် သေနတ်သံအချက်တော်တော်များများ ကြားခဲ့ရတယ်လို့ ဂွစျေးအနီးနေထိုင်သူတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အုပ်ချုပ်ရေးမှူးများက နှုတ်ထွက်စာတင်သော် လည်း စစ်ကောင်စီဘက်မှ ထွက်ခွင့်မပြုသောကြောင့် တိမ်းရှောင်သွားသူလည်း ရှိကြောင်း ၎င်းက ဆိုသည်။

သတင်း

စမ်းချောင်းမြို့နယ်အတွင်း ကားတစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ သွားရောက် ငြှိမ်းသတ်ခဲ့ပြီး နေ့လယ် ၂နာရီခန့်တွင် မီးငြှိမ်းသတ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

သတင်း

Dark Shadow အဖွဲ့သည် သင်္ကြန်ကာလတွင်ပြုလုပ်မည့် ဖျော်ဖြေရေးအစီအစဉ်များ၌ မြန်မာဒီဂျေများပါဝင်ခြင်းမပြုရန်လည်း သတိပေးထုတ်ပြန်ထားသည်။

သတင်း

ဝင့်မိုးအောင်နှင့်အတူ သေနတ်ပစ်ခတ်ခံရသူမှာ ၎င်းနှင့် အမျိုးတော်စပ်သူဟုသာ အတည်ပြုနိုင်ပြီး စစ်အင်ဂျင်နီယာတပ်မှ ဗိုလ်မှူး၏ ဇနီးဖြစ်ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းကဖော်ပြထားပြီး လူထုနွေဦးအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။