Connect with us

Hi, what are you looking for?

News

စမ်းချောင်း ဂွစျေးအနီးတစ်ဝိုက် ဒီကနေ့ အခြေအနေ

ဂွစျေး စျေးရုံပြင်ပရောင်းတာကို နောက် ၁၀ ရက်အထိ ခွင့်ပြုမှာမဟုတ်လို့ လာမရောင်းကြဖို့ စျေးသည်တွေကို ပြောတယ်လို့လည်း အဲဒီအိမ်ရှင်မက ပြောပါတယ်။

စမ်းချောင်းမြို့နယ်ထဲမှာ စက်တင်ဘာ ၉ ရက်က ညနေပိုင်း ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် ဒီကနေ့ မနက်ထဲက လမ်းတွေပိတ်စစ်ဆေးတာတွေလုပ်နေတယ်လို့ ဂွစျေးအနီးနေထိုင်သူတွေက ပြောပါတယ်။

ဂွစျေးအပြင်ပတ်ပတ်လည်မှာရောင်းချနေတဲ့စျေးသည်တွေအားလုံးကိုရှင်းလိုက်ပြီးတော့ စျေးရုံကြီးပြင်ပမှာ စျေးလုံးဝမရောင်းဖို့ ပြောတဲ့အတွက် စျေးသည်တွေအကုန် သိမ်းပြီးပြန်ကုန်ကြရတယ်လို့ ဒီမနက် ၁၀ နာရီဝန်းကျင်က ဂွစျေးကိုရောက်ခဲ့တဲ့ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

ဂွစျေး စျေးရုံပြင်ပရောင်းတာကို နောက် ၁၀ ရက်အထိ ခွင့်ပြုမှာမဟုတ်လို့ လာမရောင်းကြဖို့ စျေးသည်တွေကို ပြောတယ်လို့လည်း အဲဒီအိမ်ရှင်မက ပြောပါတယ်။

“ဗဟိုလမ်းမကြီးတလျောက်တင်မဟုတ်ဘူး လမ်းသွယ်တွေပါအကုန်စစ်နေတာ အကုန်ပိတ်ထားတယ်။ ဗားဂရာလမ်းမကြီးဟိုဘက် အာရှတော်ဝင်ဘက်ခြမ်းကတော့ပွင့်တယ်။ ဒီဘက်ကတော့ ဝေဠုဝန်အထိကိုအကုန်ပိတ်ထားတာ ကားရော လူရောသွားမရဘူး ” လို့ ဂွစျေးအနီး မကြီးကြီးလမ်းမှာနေထိုင်သူတစ် ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဂွစျေးဘက်ကို အသွားမရဘူး။ ဂွစျေးဘက်ကလာတဲ့ကားလည်းမရှိဘူး။ စက်ဘီး၊ ဆိုက်ကား အကုန်စစ် ပြန်လွှတ်။ လမ်းလျောက်တောင်ပေးမသွားတော့ ဗဟိုလမ်းမကြီးပေါ်မှာ သူတို့ပဲ ရှိတယ်” လို့ ဗဟိုလမ်းမကြီးပေါ်နေထိုင်သူ တစ်ဦးက ပြောပါတယ်။

စစ်ကားတစ်စီး မနေ့က ဗုံးနဲ့ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားတယ်လို့ သတင်းတွေထွက်နေတာရှိပါတယ်။ အဲဒီလိုဗုံးပစ်သွင်းခံရပြီးတဲ့နောက် သေနတ်နဲ့ လိုက်ပစ်တာကြောင့် သေနတ်သံအချက်တော်တော်များများ ကြားခဲ့ရတယ်လို့ ဂွစျေးအနီးနေထိုင်သူတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်မှာ အမျိုးသားတစ်ဦး ၆ လွှာတိုက်ခန်းကနေ ဘေးနားက ဘုရားကျောင်းပေါ်ကို ပြုတ်ကျခဲ့တာကြောင့် ကူညီကယ်ဆယ်‌‌ပေးခဲ့ရတယ်လို့ အနာဂတ်အလင်းတန်း ပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့စမ်းချောင်းမြို့နယ်ရှိ နာရေးတစ်ခု၏ ဖဲ‌ဝိုင်းတွင် ရန်ဖြစ်၍ ဓားထိုးမှုဖြစ်ခဲ့ရာ တစ်‌ဦး‌ သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။

သတင်း

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ဗားကရာလမ်းမပေါ်ရှိ ရွှေပြည်အေးရိပ်မွန်ကွန်ဒိုရှေ့တွင် အမျိုးသားတစ်ဦး ဓားခုတ်ခံရသောကြောင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းက အသိပေးထားသည်။

သတင်း

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၌ နေအိမ်တိုက်ခန်းအတွင်း မီးစက်နှိုး၍ အဲကွန်းဖြင့်အိပ်ရာမှ အောက်ဆီဂျင်ပြတ်၍ မိသားစုဝင်လေးဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။