Connect with us

Hi, what are you looking for?

News

ဖာပွန်မှာ စစ်ကောင်စီတပ်က ဒေသခံတွေကို သတ်ဖြတ်၊ နေအိမ် ပစ္စည်းဖျက်စီး ခိုးယူတာတွေလုပ်

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်ကနေ ၇ ရက်အတွင်း ဖာပွန်ခရိုင် မဲဝိုင်ဒေသမှာရှိတဲ့ မဲခေါ်ဖိုးခီး၊ ကပေခီးစတဲ့ ကျေးရွာတွေထဲကို အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းဟာ ရောက်ရှိတပ်စွဲနေရာယူပြီးတဲ့နောက် ဒေသခံပြည်သူတွေက တိမ်းရှောင်ထွက်ပြေးသွားခဲ့တာပါ။

အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့် ဖာပွန်ခရိုင် မဲဝိုင်ဒေသက ဒေသခံပြည်သူတွေ သတ်ဖြတ်ခံရပြီး နေအိမ်ကပစ္စည်းတွေကိုလည်း ဖျက်ဆီး ခိုးယူတာတွေ လုပ်ဆောင်သွားခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN) က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်ကနေ ၇ ရက်အတွင်း ဖာပွန်ခရိုင် မဲဝိုင်ဒေသမှာရှိတဲ့ မဲခေါ်ဖိုးခီး၊ ကပေခီးစတဲ့ ကျေးရွာတွေထဲကို အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းဟာ ရောက်ရှိတပ်စွဲနေရာယူပြီးတဲ့နောက် ဒေသခံပြည်သူတွေက တိမ်းရှောင်ထွက်ပြေးသွားခဲ့တာပါ။

အကြမ်းဖက်စစ်အုပ်ဟာ ရွာထဲမှာရှိတဲ့ ဒေသခံတွေရဲ့ နေအိမ် ကား အသုံးအဆောင်ပစ္စည်းတွေကို ဖျက်ဆီးသွားခဲ့ပြီး အဖိုးတန်ပစ္စည်းတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေကိုလည်း ခိုးယူသွားခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်က ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီးက ပြောပါတယ်။

“အခုက လက်နက်ကြီးတွေက နေ့တိုင်းလိုလိုပစ်ချတယ်။ အထူးသဖြင့် မဲဝိုင်ဘက်မှာ။ မဲဝိုင်ဘက်မှာ အဲ့မှာရှိတဲ့ရွာတွေက တိုက်ပွဲတွေဖြစ်တယ်ပေါ့နော်။ တိုက်ပွဲဖြစ်တော့ ရွာမှာလာပြီးတော့ ပစ္စည်းတွေဖျက်ဆီးပြီးတော့ ကားတွေ ဆန်တွေ အကုန်လုံးဖျက်ဆီးတယ်။ ရှိတဲ့ပစ္စည်းတွေ သူတို့ ယူသွားတာတွေ ခိုးသွားတာတွေ ဖျက်ဆီးသွားတာတွေ အိမ်မှာရှိတဲ့ ဗီရိုတွေ ကားတွေ ဖျက်ဆီးတယ်။ ဆန်တွေကို ဖျက်ဆီးတာ။ ရှိတဲ့ဆန်တွေကို မြေပေါ်မှာလောင်းချ သွန်ချတယ်။ ၃ ရက်ကနေ ၇ ရက်အတွင်းပေါ့။ အိမ်ကတော့ ၁၀ လုံးလောက်ပေါ့” လို့ နော်ဝါးခူရှီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့တွေဟာ ရွာသားတွေကို ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်မှုတွေလုပ်ဆောင်ခဲ့တာကြောင့် အသတ်ခံရတဲ့ ဒေသခံရွာသားတစ်ဦးရဲ့ အလောင်းကိုလည်း နေအိမ်အနီးနားမှာ မြုပ်နှံထားရှိကာ ရွာသားအချို့ ပျောက်ဆုံးတာတွေ ရှိနေတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့တွေဟာ ကေအဲန်ယူ တပ်မဟာ ၅ ဖာပွန်ခရိုင်ထဲကို နယ်မြေကျူးကျော်ပြီး စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်တာကြောင့် နယ်မြေခံ KNLA တပ်မဟာ ၅ တပ်ဖွဲ့တွေနဲ့ ထိတွေ့ပစ်ခတ်မှုတွေ နေ့စဉ်လိုလို ဖြစ်ပွားခဲ့တာပါ။

အကြမ်းဖက်စစ်အုပ်စုတွေဟာ ဖာပွန်ခရိုင်ထဲက ဒေသခံပြည်သူလူထုတွေ နေထိုင်တဲ့ ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ မကြာခဏဆိုသလို လုပ်ဆောင်လေ့ရှိတယ်လို့ မူတြော်သတင်းစဉ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ကမမောင်းမြို့ကနေ ဖာပွန်ဒေသဆီစစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ဆင်ရေးကာလလေးလကျော်လာတဲ့အထိဖာပွန်ဆီမရောက်နိုင်ဘဲအထိအခိုက်အကျအဆုံးများနေတယ်လို့ KNU တပ်မဟာ (၅) ၊ မူတြော်( ဖာပွန်) ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။

Facebook