Connect with us

Hi, what are you looking for?

News

ရေစကြိုမြို့နယ်မှ အာဏာသိမ်းစစ်​ကောင်စီခန့် အုပ်ချုပ်​ရေးမှူးများ တစ်ပြိုင်တည်းနှုတ်ထွက်စာတင်

နှုတ်ထွက်ကြသော အုပ်ချုပ်ရေးမှူးစာရင်း အတိအကျမသိရသေးသော်လည်း လက်ရှိရရှိထားသောစာရင်းများအရ ငါးဦးထက်မနည်း ရှိနေပြီး စာရင်းမရရှိသေးသူများလည်း အများအပြားရှိနေကြောင်း​ဒေသခံများက ပြောသည်။

မကွေးတိုင်း ပခုက္ကူခရိုင် ရေစကြိုမြို့နယ်အတွင်းရှိအာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားသောကျေးရွာအုပ်ချုပ်ရေးမှုးများ တစ်ပြိုင်တည်းနှုတ်ထွက်စာ တင်ထားကြကြောင်း နယ်ခံများက ပြောသည်။

ရေစကြိုမြို့နယ်အတွင်းရှိ ပရိမ်သာ၊ မအူအောက်ဆိပ်၊ ကိုင်း၊ မိုးကွဲ၊ ကံဦး စသည့် ကျေးရွာများမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုး ငါးဦးသည် စက်တင်ဘာ ၉ ရက်နှင့် ၁၀ ရက်များတွင် ရာထူးမှနှုတ်ထွက်စာ တင်ခဲ့ကြကြောင်း ဒေသခံများက ပြောသည်။

နှုတ်ထွက်ကြသော အုပ်ချုပ်ရေးမှူးစာရင်း အတိအကျမသိရသေးသော်လည်း လက်ရှိရရှိထားသောစာရင်းများအရ ငါးဦးထက်မနည်း ရှိနေပြီး စာရင်းမရရှိသေးသူများလည်း အများအပြားရှိနေကြောင်း​ဒေသခံများက ပြောသည်။

ထို့အပြင် စက်တင်ဘာ၈ရက် ညနေ ၆ နာရီခန့်က ပခုက္ကူမှထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းသည် ရေစကြိုမြို့နယ် ဆန်းသစ်ရွာအနီးတွင် ​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့သည်။ ထို့အပြင် စက်တင်ဘာလ ၈ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့် အချိန်ကလည်းရေစကြိုမြို့နယ် ၊ အမှတ်(၁) ရပ်ကွက် ၊ နဂါးရုံဘုရားအနီး အကြမ်းဖက်စစ်ကောင်စီထံသို့ သတင်းပေးခြင်းဆောင်ရွက်နေသည့် အများပြည်သူမှ စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ထားသည့် အမျိုးသားတစ်ဦး၏ နေအိမ်အား ဗုံး(၁)လုံးဖြင့် ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့်အတူ ပူးတွဲလုပ်ဆောင်ခဲ့ကြောင်း FFJ-Yesagyoက သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်​ကောင်စီတပ်များက ရေစကြိုတွင် ပိတ်ဆို့စစ်​ဆေးမှုများတင်း ပြုလုပ်နေရာ ယနေ့နံနက်ပိုင်းတွင်ရေစကြိုမြို့အဝင်၌ ကားများနှင့် ဆိုင်ကယ်တူးဘောက်များ၊ ဖုန်းများကိုပါ စစ်ဆေးနေ​ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

သြဂုတ်-၃၁၊၂၀၂၅။ဇေအောင်/People’s Spring မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့အမျိုးသမီးကြီး ၃ ဦးသေဆုံးခဲ့ပါတယ်။ ဒီကနေ့ နေ့လယ် ၁ နာရီ ၁၅ မိနစ်ခန့်က ရေစကြို ရေလယ်ကျွန်းဒေသက ငတရော်ရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာပါ။​ဒေသခံပြည်သူ အမျိုးသမီး...

သတင်း

ဒီဇင်ဘာ ၁၉ ရက် နံနက် ၇နာရီခန့်က ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က စစ်သင်္ဘောတစ်စီးဖြင့် ရောက်ရှိလာခဲ့သည်။

သတင်း

စက်တင်ဘာ ၉ရက်ကလည်း ရေစကြိုမြို့မရဲစခန်းမှ မိုင်းရှင်းရန်ထွက်လာသော စစ်ကောင်စီတပ်သားများအား ရေစကြိုပကဖက အနီးကပ် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများ ရှိခဲ့သည်။

အတွေးအမြင်

အရပ်ထဲတွင် အုပ်ကြီး​ခေါ်​သော စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူးများ ၊ ရာအိမ်မှူးများ၊ဆယ်အိမ်မှူးများ၊ ရပ်ကွက်/​ကျေးရွာအုပ်ကြီးစာ​ရေးများ ၏ နာ​ရေးသတင်းများ မတ်လ ​နောက်ဆုံးပါတ်တွင် တဟုန်းထိုးများလာ​​တော့သည်။