Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့နယ် ရေလယ်ကျွန်းသို့ စစ်တပ်စစ်ကြောင်းပြန်ဝင်ပြီး ကျေးရွာသုံးရွာ မီးရှို့

ဒီဇင်ဘာ ၁၉ ရက် နံနက် ၇နာရီခန့်က ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က စစ်သင်္ဘောတစ်စီးဖြင့် ရောက်ရှိလာခဲ့သည်။

(ရေလယ်ကျွန်းရှိ ကျေးရွာများအား စစ်တပ်ကမီးရှို့နေစဥ်။ဓာတ်ပုံ-ရေစကြိုသတင်းအချက်အလက်ကော်မတီ)
(ရေလယ်ကျွန်းရှိ ကျေးရွာများအား စစ်တပ်ကမီးရှို့နေစဥ်။ဓာတ်ပုံ-ရေစကြိုသတင်းအချက်အလက်ကော်မတီ)

ဟာနာဆန်/People’s Spring

တစ်နှစ်နီးပါး စစ်ကြောင်းဝင်ရောက်ခြင်းမရှိခဲ့သည့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ရေလယ် ကျွန်းဒေသကို စစ်ကောင်စီတပ်က စစ်သင်္ဘောဖြင့် ရောက်ရှိလာပြီး စစ်ကြောင်းပြန်ထိုးကာ ကျေးရွာ ၃ရွာအား မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၉ ရက် နံနက် ၇နာရီခန့်က ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က စစ်သင်္ဘောတစ်စီးဖြင့် ရောက်ရှိလာခဲ့သည်။

အဆိုပါ စစ်ကြောင်းသည် ရေလယ်ကျွန်းဒေသရှိ ကျွန်းညိုရွာ၊ နွယ်နီရွာနှင့် ခြံကျေးရွာတို့ရှိ ခန့်မှန်း အိမ်ခြေ ၂၀ထက်မနည်း မီးရှို့်ဖျက်ဆီးသွားကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“အောက်ကဆန် လာတာ။ မန္တလေးနဲ့ မြင်းခြံဘက်ကလို့ ယူဆရတယ်။ အင်အားကတော့ ၁၀၀ ဝန်းကျင်လောက်ရှိမယ်။”ဟု ရေစကြိုသတင်းအချက်အလက်ကော်မတီ၏ တာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ယနေ့ (ဒီဇင်ဘာ ၂၀ ရက်)တွင် ရေလယ်ကျွန်းဒေသမှ ပြန်လည်ထွက်ခွာခြင်းမရှိသေးဘဲ မင်းရွာသို့ ရောက်ရှိနေကြောင်း သိရသည်။

“ရေလယ်ကျွန်းကိုမထိုးတာကြာပြီ။ ရှင်းလင်းရေးလုပ်မလား မပြောတတ်ဘူး။ မင်းရွာရောက်နေတယ်။”ဟု ရေစကြိုပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ရေလယ်ကျွန်းဒေသသို့ စစ်ကြောင်းမဝင်သည်မှာ တစ်နှစ်ခန့်ရှိပြီဟု Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

ယင်းစစ်ကြောင်းကြောင့် ရေလယ်ကျွန်းဒေသရှိကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးနေရကြောင်း သိရသည်။

ရေလယ်ကျွန်းဒေသသည် မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းဆုံချက်တနေရာဖြစ်ပြီး တော်လှန်ရေးအားကောင်းရာဒေသဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။