Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့ပေါ်တွင် သန်းခေါင်စာရင်းကောက်သည့်အဖွဲ့ ပစ်ခတ်ခံရ

စက်တင်ဘာ ၉ရက်ကလည်း ရေစကြိုမြို့မရဲစခန်းမှ မိုင်းရှင်းရန်ထွက်လာသော စစ်ကောင်စီတပ်သားများအား ရေစကြိုပကဖက အနီးကပ် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများ ရှိခဲ့သည်။

(သန်းခေါင်စာရင်းကောက်သည့်စစ်ကောင်စီအုပ်စုအား ပစ်ခတ်တိုက်ခိုက်နေစဥ်။ဓာတ်ပုံ-File)
(သန်းခေါင်စာရင်းကောက်သည့်စစ်ကောင်စီအုပ်စုအား ပစ်ခတ်တိုက်ခိုက်နေစဥ်။ဓာတ်ပုံ-File)

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် သန်းခေါင်စာရင်းကောက်နေသည့် စစ်ကောင်စီအုပ်စုအား ပစ်ခတ်တိုက်ခိုက်ရာ တစ်ဦးသေဆုံးကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောသည်။

နိုဝင်ဘာ ၁၀ ရက် နံနက် ၁၁နာရီခန့်က ရေစကြိုမြို့၊ အမှတ်(၇)၊ ၅၀၀ ပြည့်ရပ်ကွက်တွင် သန်းခေါင်စာရင်းကောက်ရန် ရောက်ရှိနေသော အင်အား၅၀ခန့်ပါ စစ်ကောင်စီတပ်သားများနှင့် စစ်ကောင်စီဝန်ထမ်းများအား အနီးကပ်တိုက်ခိုက်ရာ ၁၅မိနှစ်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ရေစကြိုပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီဝင် တစ်ဦးသေဆုံးပြီး ၅ဦး ထိမှန်ဒဏ်ရာရရှိကြောင်း ရေစကြိုပကဖက ပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့နဲ့ သိပ်မဝေးဘူး။ ပေသုံးရာအကွာလောက်ပဲ။ တစ်ဦးဗိုက်ပွင့်သေတာက မျက်မြင် ပါ”ဟု ရေစကြိုပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သို့သော် စစ်ကောင်စီအုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စက်တင်ဘာ ၉ရက်ကလည်း ရေစကြိုမြို့မရဲစခန်းမှ မိုင်းရှင်းရန်ထွက်လာသော စစ်ကောင်စီတပ်သားများအား ရေစကြိုပကဖက အနီးကပ် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများ ရှိခဲ့သည်။

ရေစကြိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်သည် ပြည်သူများအား ဖမ်းဆီးခြင်း၊ လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်ခြင်းများပြုလုပ်နေပြီး ဒေသခံပြည်သူများထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် စစ်ကြောင်းတွေရှိနေလို့ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)က လုံခြုံရေးသတိပေးချက်နဲ့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် - ကာမိုင်းလမ်းပိုင်းမှာ စစ်တပ်က အရပ်သားကားကို ထပ်မံပစ်ခတ်လို့ ၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ကင်ဆာဆဲလ်တွေလို ပျံ့နှံ့နေတဲ့ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေကို စစ်အင်အားသုံး ဖြိုခွင်းကြဖို့ လက်တင်အမေရိက နိုင်ငံ ခေါင်းဆောင်တွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းခဲ့ပါတယ်။ သူက မူးယစ်ရာဇာတွေကို လုပ်ကြံမယ့် စစ်ဆင်ရေးတွေအတွက် အမေရိကန်က ဒုံးကျည်တွေနဲ့ ကူညီ ပစ်ခတ်ပေးနိုင်ကြောင်းလည်း ကမ်းလှမ်းထားပါတယ်။

နိုင်ငံတကာ

နှစ်ဖက် ထိတွေ့ပစ်ခတ်မှုအတွင်း အမေရိကန်မှာ မှတ်ပုံတင်ထားတဲ့ ရေယာဉ်တစ်စီးပေါ်က လူ ၄ ဦးကို သေဆုံးခဲ့ကြောင်း ကျူးဘား ကမ်းခြေစောင့်တပ်က အတည်ပြုခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ လမ်းမှားဝင်လာမိတဲ့ ဆီသယ်လာတဲ့ အိမ်စီးကားတစ်စီးကို စစ်တပ်က ပစ်ခတ်ခဲ့ရာ ယာဥ်မောင်းသေဆုံးခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။