Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကားတိုက်ခိုက်ခံရပြီးနောက် စမ်းချောင်းမှာ အဓိကလမ်းမကြီးတွေကို တလမ်းမောင်းသတ်မှတ်

ဗဟိုလမ်း၊ ဗားကရာလမ်းနဲ့၊ ဟံသာဝတီလမ်း ကို တလမ်းမောင်းအဖြစ် သတ်မှတ်လိုက်တာကို ဒီနေ့ ညနေပိုင်း ၃ နာရီလောက်က ကားနဲ့ လိုက်လံကြေညာနေတာလို့စမ်းချောင်းမြို့နယ်အတွင်းမှာနေထိုင်တဲ့အမျိုးသမီးတစ်ဦးကပြောပါတယ်။

စမ်းချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ကား အနီးကပ်တိုက်ခိုက်ခံရပြီးတဲ့နောက် ပိတ်ဆို့ စစ်ဆေးမှုတွေဆက်တိုက်လုပ်နေသလို အဓိကလမ်းမကြီးအချို့ကို တလမ်းမောင်းအဖြစ် သတ်မှတ်လိုက်တဲ့အကြောင်း လိုက်လံကြေညာနေတယ်လို့သိရပါတယ်။

ဗဟိုလမ်း၊ ဗားကရာလမ်းနဲ့၊ ဟံသာဝတီလမ်း ကို တလမ်းမောင်းအဖြစ် သတ်မှတ်လိုက်တာကို ဒီနေ့ ညနေပိုင်း ၃ နာရီလောက်က ကားနဲ့ လိုက်လံကြေညာနေတာလို့စမ်းချောင်းမြို့နယ်အတွင်းမှာနေထိုင်တဲ့အမျိုးသမီးတစ်ဦးကပြောပါတယ်။

ဒါအပြင် စမ်းချောင်းမြို့နယ်က ဗဟိုလမ်းမကြီးပေါ် ၊ ဇေယျဝတီလမ်းတွေမှာ တိုက်ခန်းတွေပေါ်ထိတက်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အသည်းအသန် လိုက်လံရှာဖွေစစ်ဆေးတာတွေလုပ်နေတယ်လို့ အဲဒီအနီးပတ်ဝန်းကျင်မှာနေတဲ့သူတွေဆီက သိရပါတယ်။

ရှာဖွေရာမှာ မြေညီထပ်တံခါးဖျက်သံတွေကိုပါကြားရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို ရှာဖွေမှုတွေ မလုပ်ခင်မှာတော့ ဒီနေ့မနက်ပိုင်းက စမ်းချောင်း ၊ဗဟိုလမ်း ဂွဈေးဘက်အခြမ်းကို ပိတ်ထားလိုက်တာတွေ့ရပါတယ်။

မနေ့က ညနေပိုင်းက စမ်းချောင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ကားတိုက်ခိုက်ခံရမှုမှာတော့ နှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဟာ ဗိုလ်မှူးအဆင့်ရှိသူဖြစ်တယ်လို့ သတင်းတွေလည်းထွက်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အုပ်ချုပ်ရေးမှူးများက နှုတ်ထွက်စာတင်သော် လည်း စစ်ကောင်စီဘက်မှ ထွက်ခွင့်မပြုသောကြောင့် တိမ်းရှောင်သွားသူလည်း ရှိကြောင်း ၎င်းက ဆိုသည်။

သတင်း

စမ်းချောင်းမြို့နယ်အတွင်း ကားတစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ သွားရောက် ငြှိမ်းသတ်ခဲ့ပြီး နေ့လယ် ၂နာရီခန့်တွင် မီးငြှိမ်းသတ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

သတင်း

Dark Shadow အဖွဲ့သည် သင်္ကြန်ကာလတွင်ပြုလုပ်မည့် ဖျော်ဖြေရေးအစီအစဉ်များ၌ မြန်မာဒီဂျေများပါဝင်ခြင်းမပြုရန်လည်း သတိပေးထုတ်ပြန်ထားသည်။

သတင်း

ဝင့်မိုးအောင်နှင့်အတူ သေနတ်ပစ်ခတ်ခံရသူမှာ ၎င်းနှင့် အမျိုးတော်စပ်သူဟုသာ အတည်ပြုနိုင်ပြီး စစ်အင်ဂျင်နီယာတပ်မှ ဗိုလ်မှူး၏ ဇနီးဖြစ်ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းကဖော်ပြထားပြီး လူထုနွေဦးအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။