Connect with us

Hi, what are you looking for?

News

စစ်ကားတိုက်ခိုက်ခံရပြီးနောက် စမ်းချောင်းမှာ အဓိကလမ်းမကြီးတွေကို တလမ်းမောင်းသတ်မှတ်

ဗဟိုလမ်း၊ ဗားကရာလမ်းနဲ့၊ ဟံသာဝတီလမ်း ကို တလမ်းမောင်းအဖြစ် သတ်မှတ်လိုက်တာကို ဒီနေ့ ညနေပိုင်း ၃ နာရီလောက်က ကားနဲ့ လိုက်လံကြေညာနေတာလို့စမ်းချောင်းမြို့နယ်အတွင်းမှာနေထိုင်တဲ့အမျိုးသမီးတစ်ဦးကပြောပါတယ်။

စမ်းချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ကား အနီးကပ်တိုက်ခိုက်ခံရပြီးတဲ့နောက် ပိတ်ဆို့ စစ်ဆေးမှုတွေဆက်တိုက်လုပ်နေသလို အဓိကလမ်းမကြီးအချို့ကို တလမ်းမောင်းအဖြစ် သတ်မှတ်လိုက်တဲ့အကြောင်း လိုက်လံကြေညာနေတယ်လို့သိရပါတယ်။

ဗဟိုလမ်း၊ ဗားကရာလမ်းနဲ့၊ ဟံသာဝတီလမ်း ကို တလမ်းမောင်းအဖြစ် သတ်မှတ်လိုက်တာကို ဒီနေ့ ညနေပိုင်း ၃ နာရီလောက်က ကားနဲ့ လိုက်လံကြေညာနေတာလို့စမ်းချောင်းမြို့နယ်အတွင်းမှာနေထိုင်တဲ့အမျိုးသမီးတစ်ဦးကပြောပါတယ်။

ဒါအပြင် စမ်းချောင်းမြို့နယ်က ဗဟိုလမ်းမကြီးပေါ် ၊ ဇေယျဝတီလမ်းတွေမှာ တိုက်ခန်းတွေပေါ်ထိတက်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အသည်းအသန် လိုက်လံရှာဖွေစစ်ဆေးတာတွေလုပ်နေတယ်လို့ အဲဒီအနီးပတ်ဝန်းကျင်မှာနေတဲ့သူတွေဆီက သိရပါတယ်။

ရှာဖွေရာမှာ မြေညီထပ်တံခါးဖျက်သံတွေကိုပါကြားရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို ရှာဖွေမှုတွေ မလုပ်ခင်မှာတော့ ဒီနေ့မနက်ပိုင်းက စမ်းချောင်း ၊ဗဟိုလမ်း ဂွဈေးဘက်အခြမ်းကို ပိတ်ထားလိုက်တာတွေ့ရပါတယ်။

မနေ့က ညနေပိုင်းက စမ်းချောင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ကားတိုက်ခိုက်ခံရမှုမှာတော့ နှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဟာ ဗိုလ်မှူးအဆင့်ရှိသူဖြစ်တယ်လို့ သတင်းတွေလည်းထွက်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်မှာ အမျိုးသားတစ်ဦး ၆ လွှာတိုက်ခန်းကနေ ဘေးနားက ဘုရားကျောင်းပေါ်ကို ပြုတ်ကျခဲ့တာကြောင့် ကူညီကယ်ဆယ်‌‌ပေးခဲ့ရတယ်လို့ အနာဂတ်အလင်းတန်း ပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့စမ်းချောင်းမြို့နယ်ရှိ နာရေးတစ်ခု၏ ဖဲ‌ဝိုင်းတွင် ရန်ဖြစ်၍ ဓားထိုးမှုဖြစ်ခဲ့ရာ တစ်‌ဦး‌ သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။

သတင်း

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ဗားကရာလမ်းမပေါ်ရှိ ရွှေပြည်အေးရိပ်မွန်ကွန်ဒိုရှေ့တွင် အမျိုးသားတစ်ဦး ဓားခုတ်ခံရသောကြောင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းက အသိပေးထားသည်။

သတင်း

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၌ နေအိမ်တိုက်ခန်းအတွင်း မီးစက်နှိုး၍ အဲကွန်းဖြင့်အိပ်ရာမှ အောက်ဆီဂျင်ပြတ်၍ မိသားစုဝင်လေးဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။