Connect with us

Hi, what are you looking for?

News

စေတုတ္တရာတွင် စစ်ကောင်စီသတင်းပေးစစ်မှုထမ်းဟောင်းနှင့်ဇနီး အသတ်ခံရ

“အခု စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့အချိန်မှာ ကျေးရွာမှာရှိတဲ့သူတွေကို မဟုတ်မမှန်ပြောပြီး ဖမ်းဆီးခိုင်းတယ်။ ကျေးရွာလူတွေမနေရဲအောင်နည်းမျိုးစုံနဲ့ သတင်းတွေပေးတော့ ကျေးရွာသူ၊ကျေးရွာသားတွေက မခံမရပ်နိုင်ဖြစ်နေတာ”ဟု ဒေသခံက ပြောသည်။

People's Spring
People's Spring

မကွေးတိုင်း စေတုတ္တရာ မြို့နယ် ဝန်လို -ခိုနန်းရွာရှိ စစ်​ကောင်စီထံသတင်း​ပေး​နေသူတစ်ဦးဖြစ်သူ စစ်မှုထမ်း ဟောင်းအငြိမ်းစားတစ်ဦးနှင့် ၎င်း၏ဇနီးဖြစ်သူတို့ ယနေ့ နံနက်ပိုင်းက သတ်ဖြတ်ခံရကြောင်း ဒေသခံတစ်ဦးက ပြောသည်။စစ်မှုထမ်းဟောင်း ဦးငြိမ်းထွန်းနှင့် ၎င်း၏ ဇနီးတို့ ယနေ့ စက်တင်ဘာ ၁၀ရက် နံနက် ၁၁နာရီခန့်တွင် အသတ်ခံရ ခြင်းဖြစ်သည်ဟု ဆိုသည်။

“အခု စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့အချိန်မှာ ကျေးရွာမှာရှိတဲ့သူတွေကို မဟုတ်မမှန်ပြောပြီး ဖမ်းဆီးခိုင်းတယ်။ ကျေးရွာလူတွေမနေရဲအောင်နည်းမျိုးစုံနဲ့ သတင်းတွေပေးတော့ ကျေးရွာသူ၊ကျေးရွာသားတွေက မခံမရပ်နိုင်ဖြစ်နေတာ”ဟု ဒေသခံက ပြောသည်။

အဆိုပါ စစ်မှုထမ်းဟောင်း လင်မယားအားသတ်ဖြတ်သူကိုမူ မသိရသေးဟု ၎င်းက ဆိုသည်။

ယင်းစစ်မှုထမ်းဟောင်းသည် အာဏာအသိမ်းမခံရမီ အရပ်သားအစိုးရလက်ထက်ကတည်းက ရဲနှင့်ပေါင်းပြီး ဒေသတွင်းရှိ သစ်၊ ဝါး ကုန်သည်များထံမှ ငွေကြေးများ တောင်းခံနေသူဖြစ်သည်ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မကွေးမြို့ကနေ စစ်ကားအစီး ၅၀ ခန့်ပါတဲ့ တပ်မ(၉၉) ယာဉ်တန်းဟာ လောင်းရှည်မြို့အခြေစိုက် အမှတ်(၂၅) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ဦးတည်လာနေပြီး ချင်းပြည်နယ်တောင်ကို စစ်ကူပို့မယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက သုံးသပ်ပြောပါတယ်။