Connect with us

Hi, what are you looking for?

News

အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်မယ်လို့ အမေရိကန်ထပ်ပြော

အမေရိကန်ဟာ မြန်မာ့အရေးဖြေရှင်းဖို့ ဘက်ပေါင်းစုံကနေ အနီးကပ်လုပ်ဆောင်နေပြီး အာဆီယံ၊ အင်ဒို-ပစိဖိတ်ဒေသနိုင်ငံတွေအပါအဝင် နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့အတူ သံတမန်ရေးနည်းလမ်းနဲ့ တိုးတက်မှုရှိအောင် ကြိုးပမ်းနေတယ်လို့ သူက ဆက်ပြောပါတယ်။

အမေရိကန်ဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပြီး လက်ရှိလုပ်ဆောင် နေတဲ့လမ်းကြောင်းအတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထပ်လောင်းပြောကြားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၉ ရက် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်ကြေညာအပြီး အမေရိကန်အနေနဲ့ မြန်မာ့အရေးကို ဘယ် လိုဆက်လက်ကိုင်တွယ်ဖြေရှင်းမလဲလို့ မေးမြန်းခဲ့တဲ့အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်နက်ပရိုက်စ် က ပြောကြာခဲ့တာပါ။

“ကျွန်တော်တို့ အမြဲပြောခဲ့သလို ကျွန်တော်တို့ဟာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေပါတယ်။ မြန်မာပြည်သူ တွေဟာ ဒီအာဏာသိမ်းမှုကို မထောက်ခံဘူးဆိုတာ သူတို့ထပ်ခါထပ်ခါ ဆန္ဒထုတ်ဖော်ခဲ့ပြီးပါပြီ။ နောက်ပြီး အခြေ ခံဥပဒေကိုကျော်လွန်လုပ်ဆောင်တာနဲ့ ဒီမိုကရေစီကိုဆန့်ကျင်တဲ့လှုပ်ရှားမှုတွေကို သူတို့ မထောက်ခံကြပါဘူး။ သူတို့ဟာ ကျွန်တော်တို့လိုပဲ၊ သူတို့အမိမြေမှာ ဒီမိုကရေစီစနစ်ပြန်လည်အသက်သွင်းတာကို မြင်ချင်ကြတယ်”လို့ နက်ပရိုက်စ်က ပြောပါတယ်။

အမေရိကန်ဟာ မြန်မာ့အရေးဖြေရှင်းဖို့ ဘက်ပေါင်းစုံကနေ အနီးကပ်လုပ်ဆောင်နေပြီး အာဆီယံ၊ အင်ဒို-ပစိဖိတ်ဒေသနိုင်ငံတွေအပါအဝင် နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့အတူ သံတမန်ရေးနည်းလမ်းနဲ့ တိုးတက်မှုရှိအောင် ကြိုးပမ်းနေတယ်လို့ သူက ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေ၊ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် စတဲ့ အခြေခံ လူ့အခွင့်အရေးတွေကိုကျင့်သုံးခဲ့တဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်ကျူးလွန်ခဲ့သူတွေကို ပစ်မှတ်ထားဒဏ်ခတ်အရေးယူမှုတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလုပ်ဆောင်မှုတွေအတိုင်း အမေရိကန်ပြည်ထောင်စုက ဆက်လက်လုပ်ဆောင်မယ်လို့ နက်ပရိုက်စ်က ပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဆောင်းပါး

ဗန်ရဲ့ပွဲကိုမြန်မာတစ်နိုင်ငံလုံးက​တော​ရောမြို့ပါမကျန်၊ ပြည်သူ​တွေ​ရော တော်လှန်​ရေးရဲ​ဘော်​တွေပါ စိတ်လှုပ်ရှားစွာအား​ပေးခဲ့ကြပါတယ် ။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။