Connect with us

Hi, what are you looking for?

News

မန္တလေးမှာ သနပ်ခါးလုပ်ငန်းလုပ်ကိုင်သူ လူငယ် ၃ ဦးကို စစ်ကောင်စီဖမ်းဆီး

ဖမ်းခံရသူ လူငယ် ၃ ဦးဟာ သနပ်ခါးတုံးတွေကို ကုန်ချောလုပ်ပြီး အရောင်းအဝယ်ပြုလုပ်နေတဲ့သူတွေဖြစ်တယ်လို့ဆိုပါတယ်။

မန္တလေးမှာ ပြီးခဲ့တဲ့လပိုင်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်

မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်အတွင်းက သံလျက်မှော်အရှေ့ရပ်ကွက်မှာ မနေ့က စက်တင်ဘာလ ၁၀ ရက်ညပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာပြီး လူငယ် ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်မှာနေသူတွေဆီကနေသိရပါတယ်။

ည ၁၁ နာရီလောက်မှာ ရပ်ကွက်ထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်လာပြီး ဖမ်းဆီးသွားတာပါ ။

ဒီလို ဖမ်းဆီးချိန်မှာ သေနတ်အချက်ရေ တော်တော်များများ ပစ်ဖောက်သွားတယ်လို့လည်း ရပ်ကွက်မှာနေသူတွေက ပြောပါတယ်။

ဖမ်းခံရသူ လူငယ် ၃ ဦးဟာ သနပ်ခါးတုံးတွေကို ကုန်ချောလုပ်ပြီး အရောင်းအဝယ်ပြုလုပ်နေတဲ့သူတွေဖြစ်တယ်လို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လူငယ် ၃ ဦးကို ဖမ်းဖို့ ရပ်ကွက်ထဲကို ဝင်လာတဲ့ #စစ်ကောင်စီတပ်ဖွဲ့ဝင် ဟာ အင်အား ၂၀ ကျော်ရှိတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။