Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေးမှာ သနပ်ခါးလုပ်ငန်းလုပ်ကိုင်သူ လူငယ် ၃ ဦးကို စစ်ကောင်စီဖမ်းဆီး

ဖမ်းခံရသူ လူငယ် ၃ ဦးဟာ သနပ်ခါးတုံးတွေကို ကုန်ချောလုပ်ပြီး အရောင်းအဝယ်ပြုလုပ်နေတဲ့သူတွေဖြစ်တယ်လို့ဆိုပါတယ်။

မန္တလေးမှာ ပြီးခဲ့တဲ့လပိုင်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်

မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်အတွင်းက သံလျက်မှော်အရှေ့ရပ်ကွက်မှာ မနေ့က စက်တင်ဘာလ ၁၀ ရက်ညပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာပြီး လူငယ် ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်မှာနေသူတွေဆီကနေသိရပါတယ်။

ည ၁၁ နာရီလောက်မှာ ရပ်ကွက်ထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်လာပြီး ဖမ်းဆီးသွားတာပါ ။

ဒီလို ဖမ်းဆီးချိန်မှာ သေနတ်အချက်ရေ တော်တော်များများ ပစ်ဖောက်သွားတယ်လို့လည်း ရပ်ကွက်မှာနေသူတွေက ပြောပါတယ်။

ဖမ်းခံရသူ လူငယ် ၃ ဦးဟာ သနပ်ခါးတုံးတွေကို ကုန်ချောလုပ်ပြီး အရောင်းအဝယ်ပြုလုပ်နေတဲ့သူတွေဖြစ်တယ်လို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လူငယ် ၃ ဦးကို ဖမ်းဖို့ ရပ်ကွက်ထဲကို ဝင်လာတဲ့ #စစ်ကောင်စီတပ်ဖွဲ့ဝင် ဟာ အင်အား ၂၀ ကျော်ရှိတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။

ဆောင်းပါး

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နိုင်ငံတွင်းရှိ ယောင်ဝါးဝါးနေနေသော ပြည်သူအချို့အား ဘက်တစ်ဘက်၌ ခြေစုံချရပ်ရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟုပြည်သူများက​ပြောသည်။

သတင်း

အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင်၌ မီးလောင်မှုဖြစ်ခဲ့ရာ ၃နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

သတင်း

ရာအိမ်မှူးအပြင် အခြားနောက်တစ်ဦးမှာလည်း ကျည် ၂ ချက် ထိမှန်ဒဏ်ရာရပြီးထွက်ပြေးသွားကာ ကျန်တစ်ဦးမှာအမျိုးသမီး စာ​ရေး ဖြစ်နေ၍ သတိပေးကာ အသက်ချမ်းသာပေးခဲ့ကြောင်းကိုချာလီ ကဆက်ပြောသည်။