ရန်ကုန်မြို့ လှိုင်မြို့နယ် ၉ ရပ်ကွက် ဘူတာရုံလမ်းမှတ်တိုင်အနီးက မီတာရုံးရှေ့မှာ ဒီနေ့ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
မပေါက်ခင်ကတည်းက စစ်ကား ၁ စီး၊ ရဲကား ၁ စီးရှိနေပြီး အခုလမ်းနှစ်ဖက်လုံးကို ပိတ်လိုက်ပြီလို့သိရပါတယ်။
ကားတွေကိုပြန်လှည့်ခိုင်းနေပြီး လမ်းမပေါ်မှာ အသင့်နေရာယူထားတယ်လို့ သိရပါတယ်။
အင်အား၂၀ ခန့်ရှိပြီး အထိအခိုက်ရှိမရှိကိုတော့ မသိရှိရသေးပါ။