Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်ဆွဲထားသည့်စက်ရုံ ဗုံးပေါက်ကွဲ၊ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရ

ထိုပေါက်ကွဲမှုများကြောင့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကာ ခြောက်ဦးထက်မနည်း ပြင်းထန်စွာ ထိခိုက်မှုရှိခဲ့ကြောင်း CGF-HTY ထုတ်ပြန်ချက်က ဆိုသည်။

လှိုင်သာယာမြို့နယ် သောင်ကြီးရဲစခန်းအနီး စစ်ကောင်စီကတပ်ဆွဲထားသည့် ဖိနပ်စက်ရုံတွင် ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း မြို့ပြပြောက်ကြားတပ်ဖွဲ့ (CGF-HTY)က ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီတပ်များတပ်ဆွဲထားသော တရုတ်နိုင်ငံသားပိုင် ရိုရှီဖိနပ်စက်ရုံအား အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲမှုပြုလုပ်ခဲ့ရာ ၃ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် ဗုံးတစ်လုံး၊ မိနစ် ၂၀ ခန့်တွင် တစ်လုံး၊ နောက်ထပ် မိနစ် ၃၀ ခန့်တွင် တစ်လုံးဖြင့် စုစုပေါင်း ဗုံးသုံးလုံးဖောက်ခွဲခဲ့ခြင်းဖြစ် သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုပေါက်ကွဲမှုများကြောင့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကာ ခြောက်ဦးထက်မနည်း ပြင်းထန်စွာ ထိခိုက်မှုရှိခဲ့ကြောင်း CGF-HTY ထုတ်ပြန်ချက်က ဆိုသည်။

လှိုင်သာယာမြို့ပြပြောက်ကျားတပ်သည် ပြီးခဲ့သည့်ရက်ပိုင်းကလည်း လှိုင်သာယာ-ပုသိမ်လမ်းမကြီးဘေး အမှတ်(၉)ရဲတပ်ရင်းရှေ့တွင် ဖောက်ခွဲမှုအချို့ပြုလုပ်ခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။