Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းတပ်CDF တပ်သားတစ်ဦး၏သေတမ်းစာ

အဆုံးအထိတိုက်ပွဲဝင်ပေးရန်။စိတ်ပျက်အားလျော့ခြင်းမပြုဘဲ ရည်မှန်းချက်ပြည့်ဝသည်အထိ ဇွဲမလျှော့စတမ်း တိုက်ခိုက်ပေးရန်နှင့်ဖက်ဒရယ်ဒီမိုကရေစီပြည့်ဝသောနိုင်ငံအား ထူထောင်ပေးရန်တို့ဖြစ်ပါသည်။

ကျွန်တော်သည် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက်အာဏာရှင်ကိုတွန်းလှန်တော်လှန်ရင်း ကျဆုံးခဲ့သည်ရှိသော် အောက်ပါအချက်အလက်များအား မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးနှင့် ကျွန်တော်၏ချစ်သောရဲဘော်များအား သိရှိစေရန် ဤစာကိုရေး၍ထားခဲ့၏။

(၁) ကျွန်ုပ်၏ အသုဘပွဲအား သက်သတ်လွတ်ဖြင့်ပြီးပါစေ။ကျွန်တော်၏အသုဘတွင်မည်သည့်သက်ရှိသတ္တဝါကိုမျှသတ်ဖြတ်ခြင်း (အသုဘပွဲ) မပြုရ။ပြည်သူလူထုအားညှင်းပန်းနှိပ်စက်သော အာဏာရှင်မှလွဲ၍ မည်သည့်သက်ရှိကိုမျှ နာကျင်သေကျေခြင်းငှာ အလိုမရှိ။

(၂)ကျွန်ုပ်အားသင်္ဂြုဟ်ချိန်တွင်သေနတ်ပစ်ဖောက်ခြင်း မပြုရ။ကျည်ဆံဟူသမျှကိုရန်သူ့ဘက်သို့သာကျရောက်ပါစေ။ကျွန်တော်ကြောင့်ပစ်ဖောက်မည့် ကျည်ဆံအား ပြည်သူလူထုကိုကာကွယ်ရန်နှင့်အာဏာရှင်လူတစ်စု အတွက်သာအသုံးပြုပါ။

(၃)ကျွန်ုပ်အသုဘပွဲ၌ ငိုကြွေးခြင်းမပြုရ။ ကျွန်တော်ကျဆုံးခြင်းသည် မွန်မြတ်သော ကျဆုံးခြင်းဖြစ်သောကြောင့် ငိုကြွေးမြည်တမ်းခြင်းမပြုရ။ ကျွန်တော်အသုဘ၌ ဘုရားဂုဏ်တော်ချီးမွမ်းခြင်းနှင့် နောက်နေ့အတွက် မဟာဗျူဟာများကိုဆွေးနွေးတိုင်ပင်ခြင်းကိုသာပြုလုပ်ရန်။

Public Service Announcement

Public Service Announcement

(၄)ကျွန်ုပ်ကျဆုံးမှုအပေါ် မည်သူ၌မျှအပြစ်မရှိ။
ဤတော်လှန်ရေးတွင်ပါဝင်ခြင်းသည် ကျွန်တော်ဆန္ဒအလျောက်သာ ဖြစ်သောကြောင့်မည်သူ့အပေါ်တွင်မျှအပြစ်တင်ရန် မလိုအပ်ပေ။ ထို့ကြောင့် မိဘဆွေမျိုးများမှ အပြစ်တင်ရန်ပြုမှုများရှိလာပါက ပြန်လည်တုန့်ပြန်နိုင်သည်။

(၅)အဆုံးအထိတိုက်ပွဲဝင်ပေးရန်။စိတ်ပျက်အားလျော့ခြင်းမပြုဘဲ ရည်မှန်းချက်ပြည့်ဝသည်အထိ ဇွဲမလျှော့စတမ်း တိုက်ခိုက်ပေးရန်နှင့်ဖက်ဒရယ်ဒီမိုကရေစီပြည့်ဝသောနိုင်ငံအား ထူထောင်ပေးရန်တို့ဖြစ်ပါသည်။

ဆလိုင်း ခိုပါလိန်း
မြို့ပေါ်တပ်ရင်း
ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) C.D.F-Mindat
၁၀.၉.၂၀၂၁

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဆင့်ခေါ်ရန်အတွက် အိမ်ထောင်စုစာရင်းများ လိုက်ကောက်သည့်အဖွဲ့၌ ဝန်းထမ်းအသစ်များပါလာသည်ကိုတွေ့ရကြောင်း ဒေသခံများကပြောသည်။

မေးမြန်းခန်း

စစ်တပ်အာဏာသိမ်းမှုသုံးနှစ်ပြည့်နေ့ ဖေဖော်ဝါရီ ၁ရက်မှာCNF ကဦး​ဆောင်ပြီးချင်းပြည်အစိုးရကိုဖွဲ့စည်း​ကြောင်း​ကြေညာပါတယ်။

သတင်း

ရက္ခိုင်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ် တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်သားများ အနက် ဗိုလ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၁၅ဦးကို ဇန်နဝါရီ ၃၀ရက်တွင် CDF ဒိုင်ရ်ဒေသ၌ ဖမ်းမိခဲ့သည်ဟု အသိပေးထားသည်။

သတင်း

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဇန်နဝါရီက ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲများ၌ ထွက်ပြေးလာသူများဖြစ်ကြောင်း သိရသည်။