Connect with us

Hi, what are you looking for?

News

မန္တလေးမှာ နယ်ကျော်ကဒ်စစ်ဆေးဂိတ်ပေါက်ကွဲမှုဖြစ်လို့ ရာအိမ်မှူးတဦးသေဆုံး ၊ ၇ ဦးဒဏ်ရာရ

ါအပြင် မနက် ၉ နာရီ ဝန်းကျင်လောက်မှာပဲ အောင်မြေသာစံမြို့နယ်က ကျောက်သပိတ်ရဲကင်းမှာလည်း ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

မန္တလေး က မြို့နယ်အဝင်အထွက် စစ်ဆေးရေးဂိတ်တခုနဲ့ ရဲကင်းစခန်း တခုမှာ ပေါက်ကွဲမှု ဖြစ်ခဲ့လို့ ရာအိမ်မှူးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့သိရပါတယ်။

ဒီနေ့ စက်တင်ဘာလ ၁၃ ရက် မနက် ၉ နာရီလောက်က ပုသိမ်ကြီးမြို့နယ် နဲ့ အောင်မြေသာစံမြို့နယ် အစပ် ၁၉လမ်း ရေနီမြောင်း နယ်ကျော်ကဒ် စစ်ဆေးတဲ့နေရာမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။

အဲဒီပေါက်ကွဲမှုမှာတော့ ရာအိမ်မှူး တဦးသေဆုံးကာ ရဲ ၊မီးသတ်နဲ့ ယာဉ်ထိန်းအပါအဝင် ၇ ဦး ထိခိုက်ဒဏ်ရသွားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးခဲ့ရသူကပြောပါတယ်။

ဒါအပြင် မနက် ၉ နာရီ ဝန်းကျင်လောက်မှာပဲ အောင်မြေသာစံမြို့နယ်က ကျောက်သပိတ်ရဲကင်းမှာလည်း ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကျောက်သပိတ်ရဲကင်း ပေါက်ကွဲမှုမှာတော့ သေဆုံးသူတဦးရှိခဲ့တယ်လို့ သတင်းတွေထွက်နေပေမယ့် သီးခြားအတည်မပြုနိုင်ပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

Facebook