Connect with us

Hi, what are you looking for?

News

ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းခွဲတိုက်ခိုက်ရာ ​ခြောက်ဦးသေ

“အဲဒီဟာကိုတော့ မသိသေးပါဘူး။ ယုန်ထိုး တောင်ဆိုတာက အရင်တစ်ခါ ဖြစ်တဲ့နေရာနဲ့ သိပ်မကွာဘူး။ အရင် တစ်ခါရွာကနေ နွားထိုးကြီးကြားပေါ့။ ယုန်ထိုးတောင်နဲ့ ထိန်ပင်ရွာလမ်းဖြစ်မှာပေါ့။ ယုန်ထိုးက တောင်လည်းရှိတယ် ရွာလည်းရှိတယ်” ဟု မြင်းခြံဒေသခံ တစ်ဦးက ပြောသည်။

မြင်းခြံမြို့နယ်အတွင်း ဆိုင်ကယ်ဖြင့် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ ညနေပိုင်း၌ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ​ခြောက်ဦးသေဆုံးကြောင်း ဒေသတွင်းတော်လှန်ရေးအဖွဲ့ တစ်ခုဖြစ်သည့် ZERO ပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန်သည်။

မြင်းခြံမြို့နယ် ယုန်ထိုး- ထိန်ပင်လမ်း မပေါ်တွင် ဆိုင်ကယ် ငါးစီးဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦး ကင်းလှည့်နေစဉ် စက်တင်ဘာ ၁၃ရက် ညနေ ၄နာရီ ၄၅ မိနစ်၌ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ဆိုင်ကယ် ၃စီး ထိခိုက်၍ စစ်ကောင်စီ တပ်ဖွဲ့ဝင် ​ခြောက်ဦးသေဆုံးကြောင်း၊ ဆိုင်ကယ် ၂စီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ​လေးဦးမှာ လွတ်မြောက်သွားကြောင်း ဖော်ပြထားသည်။

“အဲဒီဟာကိုတော့ မသိသေးပါဘူး။ ယုန်ထိုး တောင်ဆိုတာက အရင်တစ်ခါ ဖြစ်တဲ့နေရာနဲ့ သိပ်မကွာဘူး။ အရင် တစ်ခါရွာကနေ နွားထိုးကြီးကြားပေါ့။ ယုန်ထိုးတောင်နဲ့ ထိန်ပင်ရွာလမ်းဖြစ်မှာပေါ့။ ယုန်ထိုးက တောင်လည်းရှိတယ် ရွာလည်းရှိတယ်” ဟု မြင်းခြံဒေသခံ တစ်ဦးက ပြောသည်။

ZERO ပြောက်ကျားအဖွဲ့သည် စက်တင်ဘာ ၉ရက်ကလည်း သင်ပြွန်းကျေးရွာ ဘက်မှ တည်ပင်ကျေးရွာဘက်သို့ ကား၊ ဆိုင်ကယ်များနှင့် သွားရောက်သည့် စစ်ကောင်စီတပ်ကို အပြန်လှန်းတွင် စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦး သေဆုံးပြီး ၁၂ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook