Connect with us

Hi, what are you looking for?

News

ကုလညီလာခံမှာ စစ်ကောင်စီကိုအသိအမှတ်မပြုဖို့ အမေရိကန်နဲ့ တရုတ်အကြား သဘောတူညီချက်ရရှိထား

အဲဒီ အမေရိကန်နဲ့ တရုတ်နိုင်ငံရဲ့သဘောတူညီချက်ဟာ နိုင်ငံတကာရဲ့တရားဝင်ထောက်ခံမှုကို ရရှိဖို့ကြိုး စားနေတဲ့ စစ်ကောင်စီအတွက် ထိုးနှက်ချက်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံမှာ စစ်ကောင်စီက မိန့်ခွန်းပြောကြားခွင့်မရရှိဖို့အတွက် အမေရိကန်နဲ့ တရုတ်နိုင်ငံ တို့အကြား သဘောတူညီချက်ရရှိထားပြီးဖြစ်တယ်လို့ သံတမန်တွေကို ကိုးကားပြီး ဝါရှင်တန်အခြေစိုက် ဩဇာကြီး Foreign Policy မဂ္ဂဇင်း က မနေ့က ဖော်ပြပါတယ်။

အဲဒီ အမေရိကန်နဲ့ တရုတ်နိုင်ငံရဲ့သဘောတူညီချက်ဟာ နိုင်ငံတကာရဲ့တရားဝင်ထောက်ခံမှုကို ရရှိဖို့ကြိုး စားနေတဲ့ စစ်ကောင်စီအတွက် ထိုးနှက်ချက်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း သံတမန်များအကြားညှိနှိုင်းဆွေးနွေးမှုတွေလုပ် ဆောင်ခဲ့ပြီးနောက်မှာ အာဏာသိမ်းမှုကိုဆန့်ကျင်ကာ ပြီးခဲ့တဲ့အရပ်သားအစိုးရကိုကိုယ်စားပြုတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လက်ရှိအတိုင်းဆက်ထားဖို့ဖြစ်လာပါတယ်။

စစ်ကောင်စီကို ကုလအဖွဲ့ဝင်နိုင်ငံအဖြစ် သတ်မှတ်ဖို့ ကြိုးပမ်းမှုဟာ ကြန့်ကြာဖွယ်ရှိနေပြီး အနည်းဆုံးနိုဝင်ဘာ မတိုင်ခင်အထိဖြစ်နိုင်တယ်လို့ Foreign Policyက ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအစီအစဉ်ကို ဥရောပသမဂ္ဂ၊ အာဆီယံနဲ့ ရုရှားတို့ကလည်း အလွတ်သဘောထောက်ခံထား တယ်လို့လည်းဆိုပါတယ်။

ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီ(Credentials Committee)အဖွဲ့ဝင် ၉ နိုင်ငံစာရင်းကို အထွေထွေညီလာခံက ဒီနေ့စတင်မယ့် အထွေထွေညီလာခံမှာ ကြေညာဖို့ရှိနေပြီး ကော်မတီ ဥက္ကဌအဖြစ် ဆွီဒင်၊ အဖွဲ့ဝင်နိုင်ငံတွေက ဘူတန်၊ ဘာဟာမား၊ ချီလီ၊ တရုတ်၊ ရုရှား၊ ဆီလီရာလီယွန်၊ တောင်အာဖရိကနဲ့ အမေရိကန်တို့ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

အထွေထွေညီလာခံဥပဒေတွေအရ ကော်မတီအတွင်း သဘောထားကွဲလွဲမှုရှိခဲ့မယ်ဆိုရင် ကော်မတီနဲ့ အထွေထွေညီလာခံက အတည်မပြုခင်အချိန်အထိ တာဝန်ထမ်းဆောင်ဆဲ ကိုယ်စားလှယ်က သူ့နေရာကို ဆက်လက်ရရှိနေမှာဖြစ်ပါတယ်။

ဆိုလိုတာက ကော်မတီအတွင်း နိုင်ငံတစ်နိုင်ငံက သဘောကွဲလွဲရင် အထွေထွေညီလာခံရဲ့ အတည်ပြုချက်ရယူရမှာဖြစ်ပြီး ဆုံးဖြတ်ချက်မထွက်ပေါ်သေးခင်အထိ လက်ရှိ မြန်မာသံအမတ် ကြီး ဦးကျော်မိုးထွန်းက မြန်မာ နိုင်ငံကိုယ်စားလှယ်အဖြစ် ဆက်ရှိနေမှာဖြစ်ပါတယ်။

Foreign Policy က ဦးကျော်မိုးထွန်းကို ဆက်သွယ်မေးမြန်းရာမှာ မြန်မာရဲ့ကုလထိုင်ခုံအတွက် ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာ ဆုံးဖြတ်ဖို့ နိုင်ငံတကာက ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဆောင် နေဆဲဖြစ်ပြီး အထွေထွေညီလာခံမှာ သူကိုယ်တိုင် စကားပြောဖို့ ရှိမှာမဟုတ်ဘူးလို့ ဖြေကြားပါတယ်။

Credentials Committee အတွင်း ဆွေးနွေးမှုရလဒ်ကို စောင့်ဆိုင်းနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆက်ပြောပါတယ်။

(အ​မေရိကန်​ရောက်မြန်မာများ သံအမတ်ကြီးဦး​ကျော်မိုးထွန်းအား ​ထောက်ခံဆန္ဒပြ​နေစဥ်၊ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။