Connect with us

Hi, what are you looking for?

LuduNwayOo

News

ဂန့်ဂေါနယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီသတ်ဖြတ်ထားသည့် အရပ်သားငါးလောင်းတွေ့

မွေ့လည်နှင့် ရေရှင်မ ရွာများသည် နှမ်းခါးရွာနှင့် မိုင်အနည်းငယ်သာ ကွာဝေးသည်။ စစ်ကောင်စီတပ်သည် နှမ်းခါးရွာကိုလည်း စက်တင်ဘာ ၁၀ရက်နှင့် ၁၃ရက်က မီးနှစ်ကြိမ်ရှို့ခဲ့ရ ကျေးရွာရှိ ပြည်သူများ၏ နေအိမ် ၅၀ ကျော်နှင့် ဆန်စက်အချို့ မီးလောင်ပျက်စီးခဲ့ရသည်ဟု ဒေသခံက ပြောသည်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာများအတွင်း စစ်ကောင်စီတပ်များ ဝင်ရောက်မွှေနှောက် စီးနင်းစဉ် အရပ်သားများကို သတ်ဖြတ်ခဲ့ရာ ယခုရက်ပိုင်းတွင် စစ်ကောင်စီသတ်ဖြတ်ထားသည့် အရပ်သားအလောင်း ၅လောင်းတွေ့ရှိသည်ဟု ဒေသခံအချို့က ပြောသည်။

ဂန့်ဂေါ – ကလေး လမ်းပိုင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က စက်တင်ဘာ ၉ရက်မှစ၍ ဝင်ရောက်စီးနင်းခဲ့ရာ ကျေးရွာများကို မီးရှို့ခြင်း၊ ဒေသခံများကို တိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ရာ စက်တင်ဘာ ၁၃ရက်နှင့် ၁၄ရက်တွင် မွှေ့လယ်ရွာအနီး၌ အရပ်သားအလောင်း ၃လောင်း၊ ရေရှင်မရွာအနီးတွင် နှစ်လောင်းတွေ့ရှိခဲ့သည်ဟု ဒေသခံက ပြောသည်။

“တောထဲမှာ စစ်ဘေးရှောင်နေတဲ့သူတွေအတွက် စားစ ရာကုန်လို့ ရွာကိုအယူပြန်တာ အဲဒီလို ကြုံတာလို့ ပြောတယ်ဗျ။ ရေရှင်မက နှစ်ဦးလို့ ကြားတယ်။ မွှေ့လယ်က နှစ်ယောက် ရေရှင်မက နှစ်ယောက်။ မွှေ့လယ်ကတော့ ညက သင်္ဂြိုလ်ပြီးပြီ လို့ပြောတယ်။ ရေရှင်မက ဒီနေ့ မနက်မှာပဲ အလောင်းတွေ့တယ်ပြောတယ်။ မွှေ့လယ်က နောက်ထပ်တစ်ယောက်တွေ့သေးတယ်တဲ့”ဟု နှမ်းခါး ရွာသားတစ်ဦးက ပြောသည်။

မွေ့လည်နှင့် ရေရှင်မ ရွာများသည် နှမ်းခါးရွာနှင့် မိုင်အနည်းငယ်သာ ကွာဝေးသည်။ စစ်ကောင်စီတပ်သည် နှမ်းခါးရွာကိုလည်း စက်တင်ဘာ ၁၀ရက်နှင့် ၁၃ရက်က မီးနှစ်ကြိမ်ရှို့ခဲ့ရ ကျေးရွာရှိ ပြည်သူများ၏ နေအိမ် ၅၀ ကျော်နှင့် ဆန်စက်အချို့ မီးလောင်ပျက်စီးခဲ့ရသည်ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

“ရွာက အိမ်ခြေတစ်ထောင်လောက်ရှိတယ်။ အကုန်လုံး တောထဲမှာပဲ ကလေး လူကြီး အကုန်လုံး အဘိုတွေအဖွားတွေ့စလို့ မသွားနိုင်မလာနိုင်တွေကစလို့အကုန်လုံး မိုးရာသီဆိုတော့ ကားတွေဘာတွေနဲ့ မသွားနိုင်တော့ လှည်းတွေနဲ့ သွားပြီး တောထဲမှာ အမိုးလေး မိုးကာလေး မိုးပြီး တဲတန်းလေးနဲ့ နေကြရတာ” ဟု ဒေသခံက ပြောသည်။

ဂန့်ဂေါဒေသ သတင်းများကို ဖော်ပြနေသည့် Gangaw Youths Voice ကလည်း အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးသတ်ဖြတ်ခဲ့သည့် မွေ့လယ်ရွာသား သုံးဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်အနေဖြင့် စက်တင်ဘာ ၁၃ရက်ကလည်း ထယ်လှော်ရွာသားတစ်ဦးကို သတ် ဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။ ထယ်လှော်ရွာကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှု လုပ်ဆောင်ခဲ့သည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၉ရက်နှင့် ၁၀ရက်ကလည်း ဂန့်ဂေါနယ်ရှိ မြင်သားရွာကို ဝင်ရောက်စီးနင်း တိုက်ခိုက်ပြီး ကျေးရွာကာကွယ်ရေးအဖွဲ့မှ လူငယ်များနှင့် သက်ကြီးရွယ်အိုအချို့အပါအဝင် အရပ်သား ၁၇ဦးကို သတ်ဖြတ်ကာ ကျေးရွာရှိနေအိမ် ၂၀ ခန့်ကို မီးရှို့ ဖျက်ဆီးခဲ့သည်ဟု မြင်သားရွာသားက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။