Connect with us

Hi, what are you looking for?

News

ဂန့်ဂေါနယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီသတ်ဖြတ်ထားသည့် အရပ်သားငါးလောင်းတွေ့

မွေ့လည်နှင့် ရေရှင်မ ရွာများသည် နှမ်းခါးရွာနှင့် မိုင်အနည်းငယ်သာ ကွာဝေးသည်။ စစ်ကောင်စီတပ်သည် နှမ်းခါးရွာကိုလည်း စက်တင်ဘာ ၁၀ရက်နှင့် ၁၃ရက်က မီးနှစ်ကြိမ်ရှို့ခဲ့ရ ကျေးရွာရှိ ပြည်သူများ၏ နေအိမ် ၅၀ ကျော်နှင့် ဆန်စက်အချို့ မီးလောင်ပျက်စီးခဲ့ရသည်ဟု ဒေသခံက ပြောသည်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာများအတွင်း စစ်ကောင်စီတပ်များ ဝင်ရောက်မွှေနှောက် စီးနင်းစဉ် အရပ်သားများကို သတ်ဖြတ်ခဲ့ရာ ယခုရက်ပိုင်းတွင် စစ်ကောင်စီသတ်ဖြတ်ထားသည့် အရပ်သားအလောင်း ၅လောင်းတွေ့ရှိသည်ဟု ဒေသခံအချို့က ပြောသည်။

ဂန့်ဂေါ – ကလေး လမ်းပိုင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က စက်တင်ဘာ ၉ရက်မှစ၍ ဝင်ရောက်စီးနင်းခဲ့ရာ ကျေးရွာများကို မီးရှို့ခြင်း၊ ဒေသခံများကို တိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ရာ စက်တင်ဘာ ၁၃ရက်နှင့် ၁၄ရက်တွင် မွှေ့လယ်ရွာအနီး၌ အရပ်သားအလောင်း ၃လောင်း၊ ရေရှင်မရွာအနီးတွင် နှစ်လောင်းတွေ့ရှိခဲ့သည်ဟု ဒေသခံက ပြောသည်။

“တောထဲမှာ စစ်ဘေးရှောင်နေတဲ့သူတွေအတွက် စားစ ရာကုန်လို့ ရွာကိုအယူပြန်တာ အဲဒီလို ကြုံတာလို့ ပြောတယ်ဗျ။ ရေရှင်မက နှစ်ဦးလို့ ကြားတယ်။ မွှေ့လယ်က နှစ်ယောက် ရေရှင်မက နှစ်ယောက်။ မွှေ့လယ်ကတော့ ညက သင်္ဂြိုလ်ပြီးပြီ လို့ပြောတယ်။ ရေရှင်မက ဒီနေ့ မနက်မှာပဲ အလောင်းတွေ့တယ်ပြောတယ်။ မွှေ့လယ်က နောက်ထပ်တစ်ယောက်တွေ့သေးတယ်တဲ့”ဟု နှမ်းခါး ရွာသားတစ်ဦးက ပြောသည်။

မွေ့လည်နှင့် ရေရှင်မ ရွာများသည် နှမ်းခါးရွာနှင့် မိုင်အနည်းငယ်သာ ကွာဝေးသည်။ စစ်ကောင်စီတပ်သည် နှမ်းခါးရွာကိုလည်း စက်တင်ဘာ ၁၀ရက်နှင့် ၁၃ရက်က မီးနှစ်ကြိမ်ရှို့ခဲ့ရ ကျေးရွာရှိ ပြည်သူများ၏ နေအိမ် ၅၀ ကျော်နှင့် ဆန်စက်အချို့ မီးလောင်ပျက်စီးခဲ့ရသည်ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

“ရွာက အိမ်ခြေတစ်ထောင်လောက်ရှိတယ်။ အကုန်လုံး တောထဲမှာပဲ ကလေး လူကြီး အကုန်လုံး အဘိုတွေအဖွားတွေ့စလို့ မသွားနိုင်မလာနိုင်တွေကစလို့အကုန်လုံး မိုးရာသီဆိုတော့ ကားတွေဘာတွေနဲ့ မသွားနိုင်တော့ လှည်းတွေနဲ့ သွားပြီး တောထဲမှာ အမိုးလေး မိုးကာလေး မိုးပြီး တဲတန်းလေးနဲ့ နေကြရတာ” ဟု ဒေသခံက ပြောသည်။

ဂန့်ဂေါဒေသ သတင်းများကို ဖော်ပြနေသည့် Gangaw Youths Voice ကလည်း အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးသတ်ဖြတ်ခဲ့သည့် မွေ့လယ်ရွာသား သုံးဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်အနေဖြင့် စက်တင်ဘာ ၁၃ရက်ကလည်း ထယ်လှော်ရွာသားတစ်ဦးကို သတ် ဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။ ထယ်လှော်ရွာကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှု လုပ်ဆောင်ခဲ့သည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၉ရက်နှင့် ၁၀ရက်ကလည်း ဂန့်ဂေါနယ်ရှိ မြင်သားရွာကို ဝင်ရောက်စီးနင်း တိုက်ခိုက်ပြီး ကျေးရွာကာကွယ်ရေးအဖွဲ့မှ လူငယ်များနှင့် သက်ကြီးရွယ်အိုအချို့အပါအဝင် အရပ်သား ၁၇ဦးကို သတ်ဖြတ်ကာ ကျေးရွာရှိနေအိမ် ၂၀ ခန့်ကို မီးရှို့ ဖျက်ဆီးခဲ့သည်ဟု မြင်သားရွာသားက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။