မန္တလေးတိုင်းအတွင်းရှိ မြို့အချို့မှာ အိမ်သုံး Wifi ရော Mobile Data ပါ အင်တာနက်ပြတ်တောက်နေတယ်လို့ မြို့ခံတွေထံကနေ စုံစမ်းသိရပါတယ်။ မိုးကုတ်မြို့နဲ့ မြင်းခြံမြို့တွေမှာ ဖြစ်ပါတယ်။
“နေ့ခင်း ၁၂ကျော် ၁ နာရီလောက်မှာပြတ်သွားတာပဲ ။ ဘာမှသုံးမရတော့ဘူး ။Wifi ရော Mobile Data ရော လိုင်းတွေမရတော့တာ” လို့ မိုးကုတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
မြင်းခြံမှာတော့ အိမ်သုံး Wifi တွေ လက်ရှိအသုံးပြုလို့ရနေသေးပြီး Mobile Data ကတော့ ပြတ်တောက်နေတယ်လို့သိရပါတယ်။
“အိမ်က wifi ကတော့ အခုထိသုံးနေတုန်းပဲ ။ မနေ့ကတော့ မြင်းခြံမှာ mytel တာဝါတိုင်ဖောက်ခွဲခံရသေးတယ်” လို့ မြင်းခြံမြို့မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement
အခုလို အင်တာနက်လိုင်းပြတ်တောက်မှုနဲ့ပတ်သတ်ပြီး သက်ဆိုင်ရာ အော်ပရေတာကုမ္ပဏီတွေက အသိပေးအကြောင်းကြားထားခြင်းတော့ မရှိပါဘူး။


















































