Connect with us

Hi, what are you looking for?

News

အာဆီယံအထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံသို့ အမြန်ဆုံးစေလွှတ်ဖို့ အမေရိကန်တိုက်တွန်း

နိုင်ငံရဲ့စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သူတွေရဲ့ ခုခံတွန်းလှန်စစ်ကြေညာပြီးနောက်မှာ အာဆီယံ အနေနဲ့ တွေ့ဆုံဆွေးနွေးရေးကို တိုးမြှင့်လုပ်ဆောင်ဖို့ အမေရိကန်က တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

တွေ့ဆုံဆွေးနွေးရေးစတင်ဖို့ အာဆီယံအထူးကိုယ်စား လှယ်ကို မြန်မာနိုင်ငံသို့ အမြန်ဆုံးစေလွှတ်ဖို့ အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် Katherine Tai က တိုက်တွန်းပြောဆိုလိုက်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ဟာ ပြီးခဲ့တဲ့တနင်္လာနေ့က အာဆီယံစီးပွားရေးဝန်ကြီး တွေနဲ့ Virtual ကနေတွေ့ဆုံခဲ့ပြီး အာဆီယံအနေနဲ့ သူ့ရဲ့အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံသို့ အမြန်ဆုံးစေလွှတ်ဖို့တောင်းဆိုခဲ့တာလို့ ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံရဲ့စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သူတွေရဲ့ ခုခံတွန်းလှန်စစ်ကြေညာပြီးနောက်မှာ အာဆီယံ အနေနဲ့ တွေ့ဆုံဆွေးနွေးရေးကို တိုးမြှင့်လုပ်ဆောင်ဖို့ အမေရိကန်က တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Christine Schraner Burgener ကတော့ မြန်မာပြည်သူတွေ အကျိုးအတွက် အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေးအတွက် သူ့ရဲ့အကြံပြုချက်တွေကို စစ်တပ်က လိုလားခဲ့ခြင်းမရှိဘူးလို့ မနေ့က ထုတ်ဖော်ပြောဆိုပါတယ်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်နည်းလမ်းဟာ မြန်မာစစ်တပ်ရဲ့ ငြိမ်းချမ်းစွာဖြေရှင်းရေး ဆန္ဒကင်းမဲ့မှုကနေ ထွက် ပေါ်လာတာလို့ အထူးကိုယ်စားလှယ်က အရိပ်အမြွတ်ပြောဆိုခဲ့ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ကို ဩဂုတ်လဆန်းက တည်းက ခန့်အပ်ခဲ့ပြီး တစ်လကျော်ချိန်အထိ မြန်မာ နိုင်ငံကိုလာရောက်နိုင်ခြင်းမရှိသေးပါဘူး။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။