Connect with us

Hi, what are you looking for?

LuduNwayOo

News

ထီးချိုင့်မြို့ စစ်ကောင်စီခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်သတ်ခံရ

“အိမ်ရှေ့ကနေ ပစ်သွားတာ။ သေနတ်ကျည်ခြောက်ချက်တောင်မှန်သွားတာ။ဆေးရုံမှာသေသွားတယ်” ဟု ၎င်းကပြေသည်

People's Spring
People's Spring

အာဏာသိမ်းစစ်ကောင်စီက ခန့်ထားသည့်စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ရပ်ကွက်(၁) အုပ်ချုပ်ရေးမှူးသည် ယမန်နေ့(စက်တင်ဘာ ၁၇)ညက သေနတ်ဖြင့် ၆ ချက်အပစ်ခံရပြီးသေဆုံးသွားသည်။

ထီးချိုင့်မြို့ ၊ရပ်ကွက်(၁)၏ အုပ်ချုပ်ရေးမှုးနေအိမ်ရှေ့သို့
လူအချို့ရောက်လာကာ သေနတ်ဖြင့် ပတ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” အိမ်ရှေ့ကနေ ပစ်သွားတာ။ သေနတ်ကျည်ခြောက်ချက်တောင်မှန်သွားတာ။ဆေးရုံမှာသေသွားတယ်” ဟု ၎င်းကပြေသည်

သေဆုံးသူ အုပ်ချုပ်ရေးမှူးသည် စစ်ကောင်စီက ခန့်ထားသူတစ်ဦး ဖြစ်ပြီး ဒေသခံPDFများ၏သတင်းကို စစ်ကောင်စီထံပေးနေသူဟုဒေသခံများကပြောသည်။ထီးချိုင့်မြို့တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်သဖြင့်မတရား ဖမ်းဆီးခံထားရသူ ပြည်သူ သုံးဆယ်ခန့်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။