Connect with us

Hi, what are you looking for?

News

ထန်တလန်မြို့တွင်းတိုက်ပွဲ အကြမ်းဖက်စစ်ကောင်စီတပ် ၃၀ကျော်သေ ၊ CDFထန်တလန်နှင့်CNA ထိခိုက်ဒဏ်ရာရသူမရှိ

အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ထန်တလန်မြို့တွင် ပြည်သူများအပေါ်အကြမ်းဖက်ခြင်း ၊ညအချိန်မတော် ဧည်စာရင်းစစ်ခြင်း နှင့် အများပြည်သူလုံခြုံရေးကို ဆက်လက်ထိပါးနှောက်ယှက်နေသမျှ ကာလပတ်လုံး CDF ထန်တလန်က အမြစ်ပျက် ခြေမှုန်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း စက်တင်ဘာ ၁၉ ရက်ညနေတွင်ထုတ်ပြန်သောစာတွင်သတိပေးထားသည်။

ထန်တလန်မြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၈)က နံနက်၁၀ နာရီမှ ညနေ ၄ နာရီအထိ အာဏာသိမ်းစစ်ကောင်စီတပ်နှင့် CDF ထန်တလန်၊ CNAတို့ တိုက်ပွဲ ဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီ တပ်မှ ၃၀ ကျော် သေဆုံးကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ(CDF)ထန်တလန်က ယနေ့သတင်းထုတ်ပြန်သည်။

၆နာရီကြာသော မြို့တွင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၃၀ ကျော်သေဆုံးသော်လည်း CDF/CNA ပူးပေါင်းအဖွဲ့မှ ရဲဘော်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းလည်းပါရှိသည်။

အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ထန်တလန်မြို့တွင် ပြည်သူများအပေါ်အကြမ်းဖက်ခြင်း ၊ညအချိန်မတော် ဧည်စာရင်းစစ်ခြင်း နှင့် အများပြည်သူလုံခြုံရေးကို ဆက်လက်ထိပါးနှောက်ယှက်နေသမျှ ကာလပတ်လုံး CDF ထန်တလန်က အမြစ်ပျက် ခြေမှုန်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း စက်တင်ဘာ ၁၉ ရက်ညနေတွင်ထုတ်ပြန်သောစာတွင်သတိပေးထားသည်။

ထန်တလန်မြို့တွင် စက်တင်ဘာ ၁၈ ရက်က စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် မြို့အတွင်းပစ်ခတ်၍ နေအိမ် ၂ အိမ်ထိ့မှန်မီးလောင်ရာမှနေအိမ်ပေါင်း ၁၉ လုံးထိမီးကူးလောင်ပျက်စီးခဲ့သည်။ ထို့အပြင် စစ်ကောင်စီတပ်က မီးငြှိမ်းသတ်ရန် သွားသောထတလန်ရာပြည့်နှစ်ချင်း ခရစ်ယာန်အသင်းတော်မှသင်းအုပ်ဆရာ ပါစတာကျုံးပျက် ကို သေနတ်ဖြင့်ပစ်သတ်ပြီး လက်သန်းကြွယ်ကိုဖြတ်၍ လက်စွပ်ချွတ်ယူကာ လက်ပတ်နာရီ ၊ဖုန်းတို့ကိုပါယူဆောင်သွားသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် စက်တင်ဘာ ၁၁ ရက်ကထန်တလန်မြို့နယ်ရှိ မြန်မာ-အိန္ဒိယနယ်စပ်မှ လုံလဲရ်စခန်းကို CDFထန်တလန်အဖွဲ့က အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၂ ဦးသေပြီး တစ်ဦးအရှင်အဖမ်းခံရကာ လက်နက်ခဲယမ်းအမြောက်အများကိုCDF ကသိမ်းဆည်းနိုင်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်က CDFနှင့်တိုက်ပွဲတွင် ရှုံးပြီး အထိနာသဖြင့် ထန်တလန်မြို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး မြို့ပေါ်ရှိ နေအိမ်နှင့်ဆိုင်ခန်းများမှ အဖိုးတန်ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။