Connect with us

Hi, what are you looking for?

News

ရေစကြို PDFစခန်း စစ်ကောင်စီတပ်ဝင်စီးရာတွင် လမ်းပြပေးခဲ့သူ တစ်လအကြာတွင် သုတ်သင်ခံရ

“မနေ့က သူ့အိမ်မှာပဲရှင်းလိုက်တာ။ ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့အထဲမှာ ရွာနာမည်တွေလည်းပါတယ်” ဟု နှလုံးလှလူမိုက်ကြီးများအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) စခန်းကို စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းရာတွင် လမ်းပြပေးခဲ့သည့် ဒလန်တစ်ဦးကို ရှင်းလင်းခဲ့ကြေင်း နှလုံးလှလူမိုက်ကြီးများအဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။

မကွေးတိုင်း ရေစကြိုမြို့နယ် မအူတောင်ကျေးရွာ တာဝန်ခံ ပျူစောထီးခေါင်းဆောင် မင်းခန့်သည်ဩဂုတ် ၁၉ ရက်က ရေစကြို PDF စခန်းကို စစ်ကောင်စီများ ဝင်ရောက်စီးနင်းရာတွင် စစ်ကောင်စီတပ်ျားနှင့်အတူ လိုက်ပါ ဦးဆောင်လမ်းပြပေးခဲ့သူဖြစ်၍ စက်တင်ဘာ ၁၉ရက်တွင် သုတ်သင်ခဲ့သည်ဟု ဆိုသည်။

“မနေ့က သူ့အိမ်မှာပဲရှင်းလိုက်တာ။ ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့အထဲမှာ ရွာနာမည်တွေလည်းပါတယ်” ဟု နှလုံးလှလူမိုက်ကြီးများအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ နှလုံးလှလူမိုက်ကြီးများအဖွဲ့သည် မြင်းခြံမြို့နယ်အတွင်း အခြေပြုလှုပ်ရှားသည့်အဖွဲ့ ဖြစ်သည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီ က သူတို့တွေရဲ့ သွားလာမှုက နေရာတိုင်း အချိန်တိုင်းမှာ သူတို့အတွက် အန္တရာယ်ရှိတယ်။ ကျွန်တော်တို့တွေက မြင်းခြံအခြေစိုက် ဆိုပေမယ့် ကျွန်တော်တို့တွေ နယ်တော်တော်များများကို ကျွန်တော်တို့အဖွဲ့ကလူတွေရှိတယ်။ ဘယ်နယ် ဘယ်မြို့မှာပဲဖြစ်ဖြစ် ဒီစစ်ခွေးတွေ အပြင်ထွက်တိုင်း သူတို့မှာ အန္တရာယ်ရှိတယ်ဆိုတာ ပြောချင်တယ်” ဟု နှလုံးလှ လူမိုက်ကြီးများအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ယခု ရှင်းလင်းခဲ့သည့် မင်းခန့်ဆိုသူအပါအဝင် စစ်ကောင်စီသတင်းပေး ဒလန် ၂၀ခန့်ကို ရှင်းလင်းခဲ့ကြောင်း ၎င်းကဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook