Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်က သင်းအုပ်ဆရာအား လူမဆန်စွာသတ်ဖြတ်ခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း KBC ထုတ်ပြန်

ချင်းပြည်နယ် ထန်တလန်မြို့၌ စစ်ကောင်စီတပ်က ထန်တလန်ရာပြည့်နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာဖြစ်သူ ပါစတာကျုံးဗျက်ဟုမ်းကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)က ယနေ့ သဘောထား ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် စက်တင်ဘာ ၁၈ရက်က ထန်တလန်ရှိ နေအိမ်များ မီးလောင်နေစဉ် မီးငြှိမ်းသတ်ရန် သွားရောက်သည့် သင်းအုပ်ဆရာ ပါစတာကျုံးဗျက်ဟုမ်းကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ သည့်အပြင် သင်းအုပ်ဆရာတော်၏ နာရီ၊ဖုန်းနှင့် မင်္ဂလာရွှေလက်စွပ်ကိုလည်း လက်ချောင်းဖြတ်၍ လုယူသွားကြောင်း ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က စက်တင် ဘာ ၁၉ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်၌ ပါဝင်သော သင်းအုပ်ဆရာ ပါစတာကျုံးဗျက်ဟုမ်း ၏ လူမဆန်စွာ သတ်ဖြတ်ခံရခြင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း သာသနာ့နယ်မြေများရှိ အဆောက်အဦများ ပျက်စီးစေခြင်း၊ သာသနာ့နယ်မြေများ လုံခြုံမှုမရှိခြင်း၊ ဓမ္မအမှုတော်ဆောင်များ အသင်းသူ အသင်းသားများနှင့် ပြည်သူများအား အသတ်အန္တရာယ် ကျရောက်စေခြင်းများကို သိရှိရသောကြောင့် ထိုသို့သော အပြုအမူများအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ သည်ဟု KBCက ထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီလဆန်းမှစ၍ မြန်မာနိုင်ငံ၏ အခြေအနေသည် ပြည်သူများ၏ အနာဂတ်ကို လွန်စွာ စိုးရိမ်မှု ဖြစ်စေကြောင်းနှင့် ပြည်သူလူထုများ၏ ဘ၀ဘေးကင်းလုံခြုံ၊ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးသည် စစ်မှန်သော အမှန်တရားဘက်မှ ရပ်တည်၍ ပြည်သူများ၏ ဆန္ဒနှင့်သဘောထားများကို အလေးထား ဆောင်ရွက်နိုင်မှသာလျင် ရရှိနိုင်မည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန် သည်ဟုလည်း KBCက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook