Connect with us

Hi, what are you looking for?

News

လှိုင်သာယာတွင် ဗုံးခြောက်လုံးပေါက်ကွဲ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာပြင်းထန်

ဗုံးပေါက်ကွဲမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးနှင့် ဒုရဲမှူးတစ်ဦး ထိခိုက်ဒဏ်ရာရှိသည်ဟုသတင်းများထွက်ပေါ်နေသော်လည်း People’s Springက သီးခြားအတည်ပြုချက် မရရှိသေးပေ။

လှိုင်သာယာမြို့နယ်တွင် ယနေ့ညနေ ၃ နာရီခွဲက ဗုံးခြောက်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာပြင်းထန်စွားရရှိသွားကြောင်း လှိုင်သာယာမြို့ပြပြောက်ကျားတပ်ဖွဲ့(CGF-HTY)က ထုတ်ပြန်သည်။

ဗုံးခွဲတိုက်ခိုက်မှုများကို အနော်ရထာလမ်း‌မပေါ်ရှိ
ရိုးကြီးနှင့် ရိုးလေးမှတ်တိုင်ကြားတွင် တိုက်ပွဲတခု ဖေါ်ဆောင်ပြီး ဗုံးခြောက်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဗုံးပေါက်ကွဲမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးနှင့် ဒုရဲမှူးတစ်ဦး ထိခိုက်ဒဏ်ရာရှိသည်ဟုသတင်းများထွက်ပေါ်နေသော်လည်း People’s Springက သီးခြားအတည်ပြုချက် မရရှိသေးပေ။

CGF ၏ထုတ်ပြန်ချက်အရ ဗုံးဖောက်ခွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အရပ်ဝတ်တချို့နှင့် စစ်ကောင်တပ်သားတချို့ ပြင်းထန်စွာထိခိုက်မှုရှိသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် လက်နက်ကိုင်တော်လှန်ရေး အရှိန်မြင့်လာသည်နှင့်အမျှ မြို့ပြစစ်ပွဲများ ဖြစ်ပေါ်လာနိုင်သော ကြောင့် ပြည်သူများအနေဖြင့် ပေါက်ကွဲသံများ၊ သေနတ်ပစ်သံများ ကြားပါက လုံခြုံမည့်နေရာတွင် ချက်ချင်းနေရာယူပေးထားရန်နှင့် စစ်ကောင်စီတပ်များနှင့် ဝေးဝေးနေပေးကြရန် CGF က တိုက်တွန်းသည်။

ထို့အပြင် CGF သည် ပြည်သူလူထု ထိခိုက်မှုမရှိစေရေးနှင့် အန္တာရယ်ကင်းရှင်းရေးသည် ပထမဦးစားပေးဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း ပူးပေါင်း ပါဝင်ပေးကြရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook