Connect with us

Hi, what are you looking for?

News

မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့် အဆိုးရွားဆုံးအခြေအနေရောက်နေ

၂၀၂၁ အင်တာနက်လွတ်လပ်ခွင့်ညွှန်းကိန်းမှာ မြန်မာဟာ အမှတ် ၁၀၀ မှာ ၁၇ မှတ်သာရရှိပြီး မနှစ်က ရရှိခဲ့တဲ့ ၃၁ မှတ်ထက် ထက်ဝက်နီးပါးထိုးကျသွားခဲ့တာပါ။

အကြမ်းဖက်စစ်တပ်အာဏာသိမ်းချိန်ကစလို့ မြန်မာ နိုင်ငံမှာ အင်တာနက်လွတ်လပ်ခွင့် ပြိုလဲသွားခဲ့ပြီး အင်တာနက်လွတ်လပ်ခွင့်ဟာ အဆိုးရွားဆုံးအခြေအနေဆိုက်ရောက်ခဲ့တယ်လို့ Freedom House ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၂၀၂၁ အင်တာနက်လွတ်လပ်ခွင့်ညွှန်းကိန်းမှာ မြန်မာဟာ အမှတ် ၁၀၀ မှာ ၁၇ မှတ်သာရရှိပြီး မနှစ်က ရရှိခဲ့တဲ့ ၃၁ မှတ်ထက် ထက်ဝက်နီးပါးထိုးကျသွားခဲ့တာပါ။

အမြင်မတူတွေကိုတိုက်ခိုက်ဖို့နဲ့ အာဏာကိုထိန်းသိမ်းနိုင်ဖို့ကြိုးစားမှုအစိတ်အပိုင်းအဖြစ် မြန်မာစစ်တပ်ဟာ အင် တာနက်ဝန်ဆောင်မှုတွေကို ပိတ်ချခြင်း၊ လူမှုကွန်ရက်ပလက်ဖောင်းနဲ့ ဝဘ်ဆိုက်တွေကို ပိတ်ဆို့ခြင်း၊ ဆက်သွယ် ရေးဆိုင်ရာအခြေခံအဆောက်အဦတွေကိုထိန်းချုပ်ရယူခြင်းနဲ့ဝင်ရောက်စောင့်ကြည့်မှုတိုးမြှင့်ခြင်း စတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ Freedom House ကထုတ်ပြန်ပါတယ်။

အဲဒီအချက်တွေအပြင် ဖမ်းဆီးထိန်းသိမ်းခြင်းနဲ့ ဆိုးဝါးတဲ့ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေအပါအဝင် အခြားသော အတားအဆီးတွေရှိနေပေမယ့် မြန်မာပြည်သူတွေဟာ အာဏာသိမ်းမှုကို ဖြစ်နိုင်သမျှ ဆန့်ကျင်ရေးအတွက် စု စည်းဖို့နဲ့ အသံထွက်ဖို့ ဒစ်ဂျစ်တယ်ကိရိယာတွေကို ဆက်လက်အသုံးပြုခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

ရွှေဘိုခရိုင်အတွင်းက မြို့နယ် ၃ခုမှာ စစ်ဆင်ရေးရှိနေလို့ စတားလင့်ခ်အင်တာနက်တွေ ယာယီ ပိတ်သိမ်းထားကြဖို့ အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနက သတိပေးပါတယ်။

သတင်း

စစ်တပ်သတင်းပေးတွေက စတားလင့်အင်တာနက်(Starlink)အသုံးပြုပြီး စစ်တပ်ထံ သတင်းပေးနေတာကြောင့် ကနီမြို့နယ်မှာ တေယ်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အင်တာနက်စက်ကလွဲပြီး စတားလင့်အင်တာနက်အားလုံး ပိတ်သိမ်းဖို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး (ဗဟို)အဖွဲ့က ထုတ်ပြန်ထားပါတယ်။

သတင်း

တိုက်ပွဲတွေကြောင့် အင်းတော်မြို့နယ်မှာ Starlink အင်တာနက်အသုံးပြုမှုယာယီပိတ်သိမ်းဖို့ အင်းတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပဖက) ထုတ်ပြန်ထားပါတယ်။