Connect with us

Hi, what are you looking for?

News

လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရာအိမ်မှူး သေနတ်ပစ်ခံရ

မနက် ၈ နာရီခွဲလောက်က လမ်း၅၀ နဲ့ ၅၁လမ်းအနီးရှိ မှာရှိတဲ့ လက်ဖက်ရည်ဆိုင်မှာထိုင်နေချိန် ဆိုင်ကယ်စီးလာတဲ့ အမျိုးသားက သေနတ်နဲ့ပစ်ခတ်သွားတာလို့ ရပ်ကွက်နေသူတွေကပြောကြပါတယ်။

People's Spring
People's Spring

မန္တလေး ၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက် က ရာအိမ်မှူး ဟာ ဒီနေ့မနက်ပိုင်းက လက်ဖက်ရည်ဆိုင်ထိုင်နေချိန် သေနတ်နဲ့ပစ်ခံရတယ်လို့သိရပါတယ်။

မနက် ၈ နာရီခွဲလောက်က လမ်း၅၀ နဲ့ ၅၁လမ်းအနီးရှိ မှာရှိတဲ့ လက်ဖက်ရည်ဆိုင်မှာထိုင်နေချိန် ဆိုင်ကယ်စီးလာတဲ့ အမျိုးသားက သေနတ်နဲ့ပစ်ခတ်သွားတာလို့ ရပ်ကွက်နေသူတွေကပြောကြပါတယ်။

“ဆိုင်ကယ်နဲ့အပြင်ကနေလှမ်းပစ်တယ် မမှန်တော့ ဆိုင်ထဲထိဝင်ပစ်သွားတာ” လို ရပ်ကွက်နေသူတဦးကပြောပါတယ်။

ဒီလိုပစ်ခတ်ခံရလို့သေဆုံးမှု ရှိ မရှိ ကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

Public Service Announcement

Public Service Announcement

အခင်းဖြစ်ပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လာပြီး လက်ဖက်ရည်ဆိုင်ထဲကနေသူတွေကို စစ်ဆေးနေသလို ပိတ်ဆို့ စစ်ဆေးတာတွေပြုလုပ်နေပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

Facebook