Connect with us

Hi, what are you looking for?

News

CDM လုပ်တဲ့ ဆေးတက္ကသိုလ် (၁) ဝန်ထမ်း ၁၀၆ ဦး ကို စစ်ကောင်စီအလုပ်ထုတ်

ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ CDM လုပ်ပြီး ဆန့်ကျင်ရာမှာ ကျန်းမာရေးဝန်ထမ်းတွေဟာ ရှေ့တန်းကနေပါဝင်ခဲ့တာပါ။

ဓာတ်ပုံ − ဝီကီ

စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့အနေနဲ့ CDM ပြုလုပ်တဲ့ ဆေးတက္ကသိုလ် (၁) ရန်ကုန်က အမှုထမ်း ၁၀၆ ဦးကို စစ်ကောင်စီ က အလုပ်ကနေ ထုတ်လိုက်ပါတယ်။

ခွင်မဲ့ပျက်ကွက်ပြီး အလုပ်တာဝန်တွေကိုပြန်လည်ထမ်းဆောင်တာမရှိလို့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးဆုံးဖြတ်ချက်အရ အလုပ်ကနေထုတ်လိုက်တာလို့ ဆေးတက္ကသိုလ် (၁) အသိုင်းအဝိုင်းကနေ သိရပါတယ်။

အလုပ်ထုတ်လိုက်တဲ့အပြင် ဝန်ထမ်းတွေကို ထုတ်ချေးထားတဲ့ ၂ လစာ ကိုပြန်သွင်းဖို့ နဲ့မသွင်းရင် ဥပဒေအရ အရေးယူမယ်လို့ခြိမ်းခြောက်ထားတာတွေ့ရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ CDM လုပ်ပြီး ဆန့်ကျင်ရာမှာ ကျန်းမာရေးဝန်ထမ်းတွေဟာ ရှေ့တန်းကနေပါဝင်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒါကြောင့်စစ်ကောင်စီဟာ ဆရာဝန်တွေ အပါအဝင် ကျန်းမာရေးဝန်ထမ်း
တွေကို ဖမ်းဆီးတာတွေပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။