Connect with us

Hi, what are you looking for?

LuduNwayOo

News

CDM လုပ်တဲ့ ဆေးတက္ကသိုလ် (၁) ဝန်ထမ်း ၁၀၆ ဦး ကို စစ်ကောင်စီအလုပ်ထုတ်

ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ CDM လုပ်ပြီး ဆန့်ကျင်ရာမှာ ကျန်းမာရေးဝန်ထမ်းတွေဟာ ရှေ့တန်းကနေပါဝင်ခဲ့တာပါ။

ဓာတ်ပုံ − ဝီကီ

စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့အနေနဲ့ CDM ပြုလုပ်တဲ့ ဆေးတက္ကသိုလ် (၁) ရန်ကုန်က အမှုထမ်း ၁၀၆ ဦးကို စစ်ကောင်စီ က အလုပ်ကနေ ထုတ်လိုက်ပါတယ်။

ခွင်မဲ့ပျက်ကွက်ပြီး အလုပ်တာဝန်တွေကိုပြန်လည်ထမ်းဆောင်တာမရှိလို့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးဆုံးဖြတ်ချက်အရ အလုပ်ကနေထုတ်လိုက်တာလို့ ဆေးတက္ကသိုလ် (၁) အသိုင်းအဝိုင်းကနေ သိရပါတယ်။

အလုပ်ထုတ်လိုက်တဲ့အပြင် ဝန်ထမ်းတွေကို ထုတ်ချေးထားတဲ့ ၂ လစာ ကိုပြန်သွင်းဖို့ နဲ့မသွင်းရင် ဥပဒေအရ အရေးယူမယ်လို့ခြိမ်းခြောက်ထားတာတွေ့ရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ CDM လုပ်ပြီး ဆန့်ကျင်ရာမှာ ကျန်းမာရေးဝန်ထမ်းတွေဟာ ရှေ့တန်းကနေပါဝင်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒါကြောင့်စစ်ကောင်စီဟာ ဆရာဝန်တွေ အပါအဝင် ကျန်းမာရေးဝန်ထမ်း
တွေကို ဖမ်းဆီးတာတွေပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။