Connect with us

Hi, what are you looking for?

News

ဒေသခံများသံဃာကားနှင့်​ဆေးရုံကားများ တက်နိုင်သမျှအသုံးမပြုကြရန် ​ချောင်းဦး PDF ​မေတ္တာရပ်ခံ

ထို့အပြင် ရဟန်း၊သံဃာများ အနေနှင့်လည်းသံဃာတော်ကားများ အသုံးပြုမည်ဆိုပါကလည်း ကားမှန်ချ၍ အသုံးပြုပေးကြပါရန် မေတ္တာရပ်ခံ လျှောက်ထားအပ်ပါသည်ဟု သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီဝင်များနှင့် ဒလန်များက သံဃာတော်များ၏ လူမှုကူညီရေးလုပ်ငန်းသုံးကားနှင့်ဆေးရုံကား များကို အသုံးပြုနေကြသောကြောင့် ဒေသခံများအနေဖြင့် ယင်းကားများကို တတ်နိုင်သမျှ အသုံးမပြုကြရန် ချောင်းဦး PDFက မေတ္တာရပ်ခံသည်။

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်အတွင်း စစ်ကောင်စီဝင်အကြမ်းဖက်သမားများနှင့် ဒလန်များက သံဃာတော်များ၏ ကားများ၊ဆေးရုံကားများ၊ လူနာ တင်ကားများနှင့်နာရေးကားများအား အသုံးပြုနေကြကြောင်း၊မြို့ခံများအနေဖြင့် ကျန်းမာရေးနှင့် နာရေးကိစ္စများ သွားလာရန်လိုအပ်ပါက အထက်ပါကားများကို တတ်နိုင်သမျှ အသုံးမပြုကြရန်ထပ်မံ ချောင်းဦး PDF က ယနေ့(စက်တင်ဘာ ၂၅ရက်) မေတ္တာရပ်ခံခြင်းဖြစ်သည်။

ထို့အပြင် ရဟန်း၊သံဃာများ အနေနှင့်လည်းသံဃာတော်ကားများ အသုံးပြုမည်ဆိုပါကလည်း ကားမှန်ချ၍ အသုံးပြုပေးကြပါရန် မေတ္တာရပ်ခံ လျှောက်ထားအပ်ပါသည်ဟု သတင်းထုတ်ပြန်ထားသည်။

ချောင်းဦးဒေသသည် စစ်အာဏာရှင်အား လက်နက်ဆွဲကိုင်တော်လှန်ခဲ့သည့် အစောဆုံးဒေသများအနက် တစ်ခုဖြစ်ပြီး ချောင်းဦးPDFမှာလည်း မြို့ခံများ၏ ထောက်ခံမှုကို ရယူထားနိုင်သည်။ ထို့အပြင် ချောင်းဦးမြို့နယ်မှ တရားသူကြီးတစ်ဦးသည် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် CDM ပြုလုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တိုက်တိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။