စစ်ကောင်စီဝင်များနှင့် ဒလန်များက သံဃာတော်များ၏ လူမှုကူညီရေးလုပ်ငန်းသုံးကားနှင့်ဆေးရုံကား များကို အသုံးပြုနေကြသောကြောင့် ဒေသခံများအနေဖြင့် ယင်းကားများကို တတ်နိုင်သမျှ အသုံးမပြုကြရန် ချောင်းဦး PDFက မေတ္တာရပ်ခံသည်။
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်အတွင်း စစ်ကောင်စီဝင်အကြမ်းဖက်သမားများနှင့် ဒလန်များက သံဃာတော်များ၏ ကားများ၊ဆေးရုံကားများ၊ လူနာ တင်ကားများနှင့်နာရေးကားများအား အသုံးပြုနေကြကြောင်း၊မြို့ခံများအနေဖြင့် ကျန်းမာရေးနှင့် နာရေးကိစ္စများ သွားလာရန်လိုအပ်ပါက အထက်ပါကားများကို တတ်နိုင်သမျှ အသုံးမပြုကြရန်ထပ်မံ ချောင်းဦး PDF က ယနေ့(စက်တင်ဘာ ၂၅ရက်) မေတ္တာရပ်ခံခြင်းဖြစ်သည်။
ထို့အပြင် ရဟန်း၊သံဃာများ အနေနှင့်လည်းသံဃာတော်ကားများ အသုံးပြုမည်ဆိုပါကလည်း ကားမှန်ချ၍ အသုံးပြုပေးကြပါရန် မေတ္တာရပ်ခံ လျှောက်ထားအပ်ပါသည်ဟု သတင်းထုတ်ပြန်ထားသည်။
ချောင်းဦးဒေသသည် စစ်အာဏာရှင်အား လက်နက်ဆွဲကိုင်တော်လှန်ခဲ့သည့် အစောဆုံးဒေသများအနက် တစ်ခုဖြစ်ပြီး ချောင်းဦးPDFမှာလည်း မြို့ခံများ၏ ထောက်ခံမှုကို ရယူထားနိုင်သည်။ ထို့အပြင် ချောင်းဦးမြို့နယ်မှ တရားသူကြီးတစ်ဦးသည် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် CDM ပြုလုပ်ခဲ့သည်။