Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာမှာ အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဆရာဝန် တစ်ဦးရဲ့ ကလေး ၁၀ ယောက်ထဲက ၉ ယောက်သေဆုံး

အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှု တစ်ခုကြောင့် ဂါဇာက ဆရာဝန် တစ်ယောက်ရဲ့ ကလေး ၁၀ ယောက်ထဲက ၉ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။

Getty Images

အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှု တစ်ခုကြောင့် ဂါဇာက ဆရာဝန် တစ်ယောက်ရဲ့ ကလေး ၁၀ ယောက်ထဲက ၉ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ကလေးဆေးပညာ အထူးကု ဆရာဝန် တစ်ဦးဖြစ်တဲ့ ဒေါက်တာ အယ်လာအယ်လ် နက်ဂျာဟာ ဂါဇာတောင်ပိုင်း၊ ခန်ယူနစ် မြို့မှာရှိတဲ့ နက်ဆာ ဆေးရုံဇုန်ထဲမှာရှိတဲ့ အယ်လ်တာဟ်ရာ တာဝန်ကျနေတဲ့ အချိန်အတွင်း ဆေးရုံကို သူ့ရဲ့ ကလေးတွေရဲ့ အလောင်းတွေ ရောက်လာတဲ့ အဖြစ်ဆိုးကို ကြုံတွေ့ခဲ့ပါတယ်။

မေလ ၂၃ ရက်နေ့က အစ္စရေး လေကြောင်း တိုက်ခိုက်မှု တစ်ခုကြောင့် သေဆုံးသူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေ ဆေးရုံဆီ တဖွဲဖွဲ ရောက်လာပြီး နက်ဂျာက အရမ်း အလုပ်များနေချိန်မှာ သူ့သားသမီး ၉ ဦးရဲ့ အလောင်းတွေ ရောက်လာတဲ့ သတင်းကို ကြားခဲ့ရတာ ဖြစ်ပါတယ်။ သေဆုံးသူတွေထဲက အသက်အကြီးဆုံး အရွယ်ကတောင် ၁၂ နှစ်သာ ရှိပါသေးတယ်။

Getty Images

အစ္စရေး လေကြောင်းတိုက်ခိုက်မှုအတွင်း နက်ဂျာရဲ့ ခင်ပွန်းသည်နဲ့ ကလေး ၁ ဦး အသက်ရှင်ခဲ့ပေမယ့် သူတို့လည်း ဒဏ်ရာတွေ ရခဲ့တယ်လို့ ဆေးရုံက ထုတ်ပြန်ခဲ့ပါတယ်။ ဆေးရုံမှာ လုပ်အားပေး ကူညီနေတဲ့ ဗြိတိန် ခွဲစိတ် ဆရာဝန် တစ်ဦးဖြစ်သူ ဂရေမီ ဂရွမ်းက သူဟာ နက်ဆာရဲ့ အသက်ရှင်ကျန်တဲ့ ၁၁ နှစ်အရွယ် သားဖြစ်သူကို ခွဲစိတ် ကုသပေးခဲ့ကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသွားတဲ့ နက်ဂျာရဲ့ ခင်ပွန်းဟာလည်း ဆရာဝန် တစ်ဦးဖြစ်ပြီး နိုင်ငံရေး၊ စစ်ရေးကိစ္စတွေနဲ့ ဘာစပ်ယှက်မှုမှ မရှိသလို အရမ်းလူသိများတဲ့သူမျိုးလည်း မဟုတ်ဘူးလို့ ဂရွမ်းက ဆိုပါတယ်။ ဒါပေမဲ့ ဘာကြောင့် အစ္စရေးက နက်ဂျာတို့ မိသားစုအိမ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သလဲ ဆိုတာကို မသိရသေးပါဘူး။

ဟားမားစ် ပြောက်ကျားအဖွဲ့ လက်အောက်ခံ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဗီဒီယိုတွေမှာတော့ ခန်ယူနစ်မှာရှိတဲ့ ဓာတ်ဆီဆိုင် တစ်ခုနားက နေအိမ် အပျက်အစီးတွေ အောက်ကနေ ကလေး ရုပ်အလောင်းတွေကို ဆွဲထုတ်နေတာ တွေ့ခဲ့ရပါတယ်။

လုပ်ဖော်ကိုင်ဖက် တစ်ဦးက နက်ဂျာဟာ မီးကျွမ်းနေတဲ့ သားသမီးတွေရဲ့ အလောင်းတွေကို သူ့မျက်လုံးနဲ့ ကိုယ်တိုင် မြင်ခဲ့ရကြောင်း၊ သူ့ဘဝ တလျှောက်လုံးမှာ ကလေးတွေကို အစွမ်းကုန် ကြိုးစားကယ်ဆယ် ကုသပေးခဲ့ပေမယ့် နက်ဂျာ ပြန်ရခဲ့တဲ့ အခြေအနေကတော့ သူ့အတွက် မထိုက်တန်ကြောင်း ပြောပါတယ်။

အစ္စရေးစစ်တပ် (IDF)ကတော့ ခန်ယူနစ်မှာ IDF တပ်ဖွဲ့ဝင်တွေ လှုပ်ရှားနေတာကို နီးစပ်ရာ အဆောက်အအုံ တစ်ခုကနေ ထောက်လှမ်းနေတယ်လို့ သံသယရှိသူတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ခန်ယူနစ်ဟာ အန္တရာယ်များတဲ့ စစ်ပွဲဇုန် တစ်ခု ဖြစ်လာတာကြောင့် IDFဟာ အရပ်သားတွေကို သူတို့ရဲ့ လုံခြုံရေးအတွက် ကြိုတင် ရွှေ့ပြောင်းစေခဲ့ပြီး ဖြစ်ကြောင်း၊ ဒါပေမဲ့ စစ်ရေးနဲ့ မပတ်သက်တဲ့ အရပ်သားတွေ ထိခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့တော့ ဆန်းစစ်လေ့လာနေကြောင်း IDFရဲ့ မေလ ၂၄ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

ဂါဇာကမ်းမြှောင်ဒေသ တစ်ခုလုံးမှာတော့ မေလ ၂၃ ရက်နေ့က နေရာပေါင်း ၁၀၀ ကျော်မှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စုစုပေါင်း လူ ၈၀ လောက် သေဆုံးခဲ့တယ်လို့လည်း ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာကမ်းမြှောင် ဒေသမှာ ၅ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးနဲ့ မိသားစုဝင်တွေ လိုက်ပါလာတဲ့ မော်တော်ကားကို ဝိုင်းဝန်းပစ်ခတ်ခဲ့တယ်ဆိုတဲ့ ကိစ္စကို ၂ နှစ်ကျော် ကြာမြင့်ပြီးတော့မှ အစ္စရေး စစ်တပ် (IDF)က ပထမဆုံးအကြိမ် ဝန်ခံခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

သတင်း

စင်ကာပူမှာ အမြဲတမ်း နေထိုင်ခွင့် (PR) ရထားတဲ့ မြန်မာတစ်ဦးကို အကြမ်းဖက် အားပေးမှု စွပ်စွဲချက်နဲ့ တရားစွဲဆိုသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဗဟိုကျန်းမာရေးဌာနကဖွင့်လှစ်တဲ့ ဆရာဝန်ဖြစ်သင်တန်းဆင်းပွဲမှာ သင်တန်းဆင်းသူ ၄၃ဦး ရှိခဲ့တယ်လို့ KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။