Connect with us

Hi, what are you looking for?

LuduNwayOo

News

တစ်နိုင်ငံလုံးရှိ PDF များတစ်ပြိုင်နက်စစ်မျက်နှာဖွင့်​ပေးရန် ပင်လယ်ဘူး PDF​တောင်းဆို

“အခုလို အချိန်မှာမှ နယ်အနှံ့က ရုန်းမထရင် တစ်နယ်ချင်းကို စကစက ကောက်စားနေပါလိမ့်မယ်။တစ်ပြည်လုံးက အုံကြွမှသာ တော်လှန်ရေးက အောင်မြင်မှာပါ” ဟု PPDFက ထုတ်ပြန်ထားသည်။

ပင်လည်ဘူးမြို့ကို အကြမ်းဖက်စစ်ကောင်စီက လေ ကြောင်းထိုးစစ်ဆင်တိုက်ခိုက်နေ၍ တစ်နိုင်ငံလုံးမှ PDF များ တစ်ပြိုင်နက် စစ်မျက်နှာ ဖွင့်ပေးရန်ပင်လည်ဘူး PDFက ယ​နေ့တောင်းဆိုလိုက်သည်။

အကြမ်းဖက်စစ်ကောင်စီသည် ပင်လည်ဘူးပါဝင်သည့် ကောလင်းခရိုင်တခုလုံးကို ယနေ့(စက်တင်ဘာ ၂၆) နံနက်ကစ၍ ဖုန်းလိုင်းရော၊ အင်တာနက်လိုင်းပါ ဖြတ်တောက်ပြီး အင်အားထောင်ချီအသုံးပြုကာ ဂျက်လေယာဥ် များနှင့် ထိုးစစ်ဆင်နေသည်ဟု ယနေ့နေ့လယ်ပိုင်းတွင် ပင်လည်ဘူး PDF( Pinlebu People Defence Force – PPDF)က ထုတ်ပြန်ထားသည်။

“မဟာမိတ်တပ်ဖွဲ့များနဲ့ တစ်ပြည်လုံးမှာ ရှိတဲ့ PDF ကာကွယ်ရေးတပ်များကို တောင်းဆိုပါတယ်။ပင်လည်ဘူး မြို့နယ် တစ်ခုလုံး ဖုန်းလိုင်း ၊ အင်တာနက်လိုင်း အကုန်ဖြတ်တောက်ပြီးစကစဖက်က အင်အားထောင်ချီ နဲ့ဂျက်လေယာဥ်များနဲ့ ထိုးစစ်ဆင်ခံနေရပါပြီ။ သတင်းအမှောင်ဖုံးချခံရပြီး ယုတ်မာရက်စက်ခြင်းကို ပြည်သူတွေနဲ့ ကာကွယ်ရေးတပ်သားတွေ အလူးအလဲ ခံရပါတော့မယ်။အင်အားစုဆောင်းပြီး အတန်ကြာပြင်ဆင်ခဲ့သော်လည်း အောက်တန်းကျ ကျင့်ဝတ်မရှိတဲ့ အမျိုးယုတ် စစ်တပ်ရဲ့ စစ်ကျင့်ဝတ်မရှိမှုတွေကြောင့် ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ စိတ်ဓာတ်တွေကြောင့် ပြည်သူတွေ ပိုပြီးအထိနာကြရပါတော့မယ်။ကျနော်တို့ရဲ့ ပြည်သူ့ရင်သွေးတွေ ကျဆုံးရပါလိမ့်မယ်။
သည်အခြေအနေမှာ တစ်နိုင်ငံလုံးက PDF တွေ အနေနဲ့ ကိုယ့်ရပ်ကိုယ့်ရွာကနေ ထကြွပြီး စစ်မျက်နှာ ဖွင့်ပေးကြပါတော့လို့ တောင်းဆိုပါတယ်ဗျာ။သည့်ထက် ပိုပြီး အသေအပျောက်မများခင် ၊ မထိခိုက်ခင် သက်သာရာရကြောင်း ဖြစ်နိုင်အောင် အနယ်နယ်အရပ်ရပ်ကနေ စတင်ထိုးစစ်ဆင်ပေးဖို့ အနူးအညွတ်မေတ္တာရပ်ခံပါတယ်” ဟု တောင်းဆိုထားသည်။

“အခုလို အချိန်မှာမှ နယ်အနှံ့က ရုန်းမထရင် တစ်နယ်ချင်းကို စကစက ကောက်စားနေပါလိမ့်မယ်။တစ်ပြည်လုံးက အုံကြွမှသာ တော်လှန်ရေးက အောင်မြင်မှာပါ” ဟု PPDFက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ပင်လယ်ဘူးမြို့နယ်တွင် စက်တင်ဘာလ ​​နောက်ဆုံးပါတ်တွင် ဖြစ်ပွား​သောတိုက်ပွဲများ​ကြောင့် စစ်​ကောင်စီတပ် ၄၀ ​ကျော် ​သေဆုံးပြီး လက်နက်ခဲယမ်းများစွာကို
​ဒေသခံကာကွယ်​ရေးတပ်များ ကသိမ်းဆည်းနိုင်ခဲ့သည်။

စစ်​ကောင်စီတပ်က အထိ့နာသဖြင့် ပင်လယ်ဘူးမြို့​ပေါ်တွင်ပါ စက်တင်ဘာ ၂၅ ရက်က ​လေယာဥ်ဖြင့်ဗုံးကျဲခဲ့သည်။ ထို့အပြင် ယ​နေ့ နံနက်မှစ၍ ပင်လယ်ဘူး၊ ​ကောလင်း ၊ဝန်းသိုမြို့နယ် အကြမ်းဖက်စစ်​ကောင်စီက အင်တာနက်နှင့် ဖုန်းလိုင်းဖြတ်​တောက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။