Connect with us

Hi, what are you looking for?

News

တစ်နိုင်ငံလုံးရှိ PDF များတစ်ပြိုင်နက်စစ်မျက်နှာဖွင့်​ပေးရန် ပင်လယ်ဘူး PDF​တောင်းဆို

“အခုလို အချိန်မှာမှ နယ်အနှံ့က ရုန်းမထရင် တစ်နယ်ချင်းကို စကစက ကောက်စားနေပါလိမ့်မယ်။တစ်ပြည်လုံးက အုံကြွမှသာ တော်လှန်ရေးက အောင်မြင်မှာပါ” ဟု PPDFက ထုတ်ပြန်ထားသည်။

ပင်လည်ဘူးမြို့ကို အကြမ်းဖက်စစ်ကောင်စီက လေ ကြောင်းထိုးစစ်ဆင်တိုက်ခိုက်နေ၍ တစ်နိုင်ငံလုံးမှ PDF များ တစ်ပြိုင်နက် စစ်မျက်နှာ ဖွင့်ပေးရန်ပင်လည်ဘူး PDFက ယ​နေ့တောင်းဆိုလိုက်သည်။

အကြမ်းဖက်စစ်ကောင်စီသည် ပင်လည်ဘူးပါဝင်သည့် ကောလင်းခရိုင်တခုလုံးကို ယနေ့(စက်တင်ဘာ ၂၆) နံနက်ကစ၍ ဖုန်းလိုင်းရော၊ အင်တာနက်လိုင်းပါ ဖြတ်တောက်ပြီး အင်အားထောင်ချီအသုံးပြုကာ ဂျက်လေယာဥ် များနှင့် ထိုးစစ်ဆင်နေသည်ဟု ယနေ့နေ့လယ်ပိုင်းတွင် ပင်လည်ဘူး PDF( Pinlebu People Defence Force – PPDF)က ထုတ်ပြန်ထားသည်။

“မဟာမိတ်တပ်ဖွဲ့များနဲ့ တစ်ပြည်လုံးမှာ ရှိတဲ့ PDF ကာကွယ်ရေးတပ်များကို တောင်းဆိုပါတယ်။ပင်လည်ဘူး မြို့နယ် တစ်ခုလုံး ဖုန်းလိုင်း ၊ အင်တာနက်လိုင်း အကုန်ဖြတ်တောက်ပြီးစကစဖက်က အင်အားထောင်ချီ နဲ့ဂျက်လေယာဥ်များနဲ့ ထိုးစစ်ဆင်ခံနေရပါပြီ။ သတင်းအမှောင်ဖုံးချခံရပြီး ယုတ်မာရက်စက်ခြင်းကို ပြည်သူတွေနဲ့ ကာကွယ်ရေးတပ်သားတွေ အလူးအလဲ ခံရပါတော့မယ်။အင်အားစုဆောင်းပြီး အတန်ကြာပြင်ဆင်ခဲ့သော်လည်း အောက်တန်းကျ ကျင့်ဝတ်မရှိတဲ့ အမျိုးယုတ် စစ်တပ်ရဲ့ စစ်ကျင့်ဝတ်မရှိမှုတွေကြောင့် ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ စိတ်ဓာတ်တွေကြောင့် ပြည်သူတွေ ပိုပြီးအထိနာကြရပါတော့မယ်။ကျနော်တို့ရဲ့ ပြည်သူ့ရင်သွေးတွေ ကျဆုံးရပါလိမ့်မယ်။
သည်အခြေအနေမှာ တစ်နိုင်ငံလုံးက PDF တွေ အနေနဲ့ ကိုယ့်ရပ်ကိုယ့်ရွာကနေ ထကြွပြီး စစ်မျက်နှာ ဖွင့်ပေးကြပါတော့လို့ တောင်းဆိုပါတယ်ဗျာ။သည့်ထက် ပိုပြီး အသေအပျောက်မများခင် ၊ မထိခိုက်ခင် သက်သာရာရကြောင်း ဖြစ်နိုင်အောင် အနယ်နယ်အရပ်ရပ်ကနေ စတင်ထိုးစစ်ဆင်ပေးဖို့ အနူးအညွတ်မေတ္တာရပ်ခံပါတယ်” ဟု တောင်းဆိုထားသည်။

“အခုလို အချိန်မှာမှ နယ်အနှံ့က ရုန်းမထရင် တစ်နယ်ချင်းကို စကစက ကောက်စားနေပါလိမ့်မယ်။တစ်ပြည်လုံးက အုံကြွမှသာ တော်လှန်ရေးက အောင်မြင်မှာပါ” ဟု PPDFက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ပင်လယ်ဘူးမြို့နယ်တွင် စက်တင်ဘာလ ​​နောက်ဆုံးပါတ်တွင် ဖြစ်ပွား​သောတိုက်ပွဲများ​ကြောင့် စစ်​ကောင်စီတပ် ၄၀ ​ကျော် ​သေဆုံးပြီး လက်နက်ခဲယမ်းများစွာကို
​ဒေသခံကာကွယ်​ရေးတပ်များ ကသိမ်းဆည်းနိုင်ခဲ့သည်။

စစ်​ကောင်စီတပ်က အထိ့နာသဖြင့် ပင်လယ်ဘူးမြို့​ပေါ်တွင်ပါ စက်တင်ဘာ ၂၅ ရက်က ​လေယာဥ်ဖြင့်ဗုံးကျဲခဲ့သည်။ ထို့အပြင် ယ​နေ့ နံနက်မှစ၍ ပင်လယ်ဘူး၊ ​ကောလင်း ၊ဝန်းသိုမြို့နယ် အကြမ်းဖက်စစ်​ကောင်စီက အင်တာနက်နှင့် ဖုန်းလိုင်းဖြတ်​တောက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။