Connect with us

Hi, what are you looking for?

News

ထီးချိုင့်မြို့နယ် တည်တောရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်သတ်ခံရ

“နေ့ခင်း၁နာရီလောက်က သေနတ်နဲ့ပစ်သွားတာ။ ပစ်ပြီး ဆိုင်ကယ်မောင်းထွက်သွားတာ။ ဘေးလူတွေကို ဘာမှ လုပ်မသွားဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင် ထီးချိုင့်မြို့နယ်မှ စစ်ကောင်စီခန့် တည်တောရွာအုပ်ချုပ်ရေးမှူး ယနေ့မွန်းလွဲ ၁နာရီခန့်က သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများကပြောသည်။

တည်တောရွာအုပ်ချုပ်ရေးမှူး ဦးကျော်မောင်သည် ထီးချိုင့်မြို့ပေါ် လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ထိုင်နေစဥ်လူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဟု သိရသည်။

“နေ့ခင်း၁နာရီလောက်က သေနတ်နဲ့ပစ်သွားတာ။ ပစ်ပြီး ဆိုင်ကယ်မောင်းထွက်သွားတာ။ ဘေးလူတွေကို ဘာမှ လုပ်မသွားဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထီးချိုင့်မြို့နယ်တွင် ဦးကျော်မောင်အပါအဝင် နှစ်လခန့်အတွင်း စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှုးနှစ်ဦး၊ စစ်ကောင်စီသတင်းပေးနှစ်ဦး အသတ်ခံထားရသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ထီးချိုင့်မြို့အပြင် မြို့နယ်အများစုသည် အကြမ်းဖက်စစ်ကောင်စီကို ခုခံတော်လှန်မှု အားကောင်းသာဒေသများဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးအသစ်တွေရွေးချယ်ပြီးနောက် စစ်မှုထမ်းကြေး‌ ငွေ ကောက်ခံမှု တိုင်ကြားခံရလို့ဆိုပြီး မဲနှိုက်မှုတွေပြန်လုပ်ကာ မဲပေါက်သူက ကျပ်သိန်းရာနဲ့ချီပို ပေးနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်မှာ စစ်တပ်ကို သတင်းအမှားတွေပေးကာ ကျေးရွာတွေကို လက်နက်ကြီး တွေနဲ့ပစ်ခိုင်းခဲ့တဲ့ စစ်ကောင်စီခန့် အုပ်ချုပ်‌ရေးမှူး ၂ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။