Connect with us

Hi, what are you looking for?

LuduNwayOo

News

ထီးချိုင့်မြို့နယ် တည်တောရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်သတ်ခံရ

“နေ့ခင်း၁နာရီလောက်က သေနတ်နဲ့ပစ်သွားတာ။ ပစ်ပြီး ဆိုင်ကယ်မောင်းထွက်သွားတာ။ ဘေးလူတွေကို ဘာမှ လုပ်မသွားဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင် ထီးချိုင့်မြို့နယ်မှ စစ်ကောင်စီခန့် တည်တောရွာအုပ်ချုပ်ရေးမှူး ယနေ့မွန်းလွဲ ၁နာရီခန့်က သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများကပြောသည်။

တည်တောရွာအုပ်ချုပ်ရေးမှူး ဦးကျော်မောင်သည် ထီးချိုင့်မြို့ပေါ် လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ထိုင်နေစဥ်လူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဟု သိရသည်။

“နေ့ခင်း၁နာရီလောက်က သေနတ်နဲ့ပစ်သွားတာ။ ပစ်ပြီး ဆိုင်ကယ်မောင်းထွက်သွားတာ။ ဘေးလူတွေကို ဘာမှ လုပ်မသွားဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထီးချိုင့်မြို့နယ်တွင် ဦးကျော်မောင်အပါအဝင် နှစ်လခန့်အတွင်း စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှုးနှစ်ဦး၊ စစ်ကောင်စီသတင်းပေးနှစ်ဦး အသတ်ခံထားရသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ထီးချိုင့်မြို့အပြင် မြို့နယ်အများစုသည် အကြမ်းဖက်စစ်ကောင်စီကို ခုခံတော်လှန်မှု အားကောင်းသာဒေသများဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။