Connect with us

Hi, what are you looking for?

LuduNwayOo

News

ဇော်မင်းထွန်းကို ​ဇော်မဲလုံးဟုမ​ခေါ်ရန် စစ်​ကောင်စီ​အောက်​ခြေဝန်ထမ်းများကို ​ပြော

“ဇော်မင်းထွန်းကို ဇော်မဲလုံးဟုမခေါ်ဖို့ ညွှန်မှုးကအစည်း အဝေးမှာ ထည့်ပြောသွားတယ်”ဟု အောက်တိုဘာ၁ရက်က ပြုလုပ်သည့် လစဉ်ပုံမှန်အစည်းအဝေးတွင် တိုင်းအဆင့် ညွှန်ကြားရေးမှူးတစ်ဦးကပြောခဲ့သည်ဟု ယင်းအစည်း အဝေးတက်ခဲ့သည့် ဝန်ထမ်းတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ပြန်ကြားရေးဒုတိယဝန်ကြီးနှင့် ပြန်ကြား​ရေးတာဝန်ခံ ဇော်မင်းထွန်းကို ဇော်မဲလုံးဟု
မခေါ်ဘဲ အမည်မှန်ခေါ်ရန် စစ်​ကောင်စီ၏တိုင်းနှင့်ပြည်နယ်အဆင့်အရာရှိများက ​အောက်​ခြေမှဝန်ထမ်းများကို လစဉ်ပုံမှန်အစည်းအဝေးတွင်ပြောကြားကြောင်း ဝန် ထမ်းအချို့က​ ပြောသည်။

“ဇော်မင်းထွန်းကို ဇော်မဲလုံးဟုမခေါ်ဖို့ ညွှန်မှုးကအစည်း အဝေးမှာ ထည့်ပြောသွားတယ်”ဟု အောက်တိုဘာ၁ရက်က ပြုလုပ်သည့် လစဉ်ပုံမှန်အစည်းအဝေးတွင် တိုင်းအဆင့် ညွှန်ကြားရေးမှူးတစ်ဦးကပြောခဲ့သည်ဟု ယင်းအစည်း အဝေးတက်ခဲ့သည့် ဝန်ထမ်းတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ပြန်ကြားရေးတာဝန်ခံဇော်မင်းထွန်းသည် ဒီချုပ်အစိုးရလက်ထက်က ကာကွယ်‌​ရေးဝန်ကြီးဌာနနှင့်တပ်မ​တော်၏ ပြောရေးဆိုခွင့်ရှိသူတာဝန်ယူခဲ့စဉ် သတင်းစာရှင်းလင်းပွဲအချို့၌ အဂ်လိပ်ဘာသာစကားကြားညှပ်သုံး၍ပြောရာ အစီအစဉ်မကျ၍ လူအများ၏ ပျက်ရယ်ပြုမှုကို ခံခဲ့ရသည်။ ထို့နောက် ​ရွေး​ကောက်ပွဲကြို ၊ ​ရွေး​ကောက်ပွဲနှင့်​ရွေး​ကောက်ပွဲလွန်ကာလများတွင် အရပ်သားအစိုးရနှင့်အနိုင်ရပါတီအ​ပေါ်အမြဲ​နှောက်ယှက် ပေး ၊ခြိမ်း​ခြောက်ခဲ့​သော စစ်တပ်အပေါ် ပြည်သူအများစုက သ​ဘောမကျ​တော့ဘဲ စစ်​တပ်ကိုယ်စားဝါဒဖြန့်​သော ​ဇော်မင်းထွန်းကိုလည်း ဇော်မဲလုံးဟုသာ နာမည်ပြောင်ခေါ်ရာမှ လူထုအကြားတွင် ထိုနာမည်ကိုသာအခေါ်များနေခြင်းဖြစ်သည်။

ယခုအခါ စစ်ကောင်စီ၏သတင်းစာရှင်းလင်းပွဲများတွင် NUGအား စိန်ခေါ်စကားပြောခြင်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အ​ရေး ၊ဖက်ဒရယ်ပြည်​ထောင်စုအတွက် စစ်ကျွန်ဘဝမှ လွတ်​မြောက်​အောင်ကြိုးစား​နေ​သောလူငယ်များကို အထင်အမြင်​သေးစွာဖြင့် ၊မှားယွင်းကောက်ချက်ချပြောဆိုခြင်းများမကြာခဏပြုလုပ်​သောကြောင့် ရယ် စရာကောင်းသည့် လူပျက်တစ်ဦးကဲ့သို့ပြည်သူ လူထုကြား သိမှတ်ထားကြသည်။

Public Service Announcement

Public Service Announcement

ဌာနဆိုင်ရာဝန်ထမ်းများကြားတွင်လည်း ဇော်မဲလုံးဟုသာ အမည်တွင်နေခြင်းဖြစ်သည်။

“ပြည့်တန်ဆာကအပျိုစစ်တယ်ဆိုရင်တောင် ယုံပေးလို့ရတယ်။ ဇော်မဲလုံးကပြောရင် ပင်လယ်ထဲမှာရေရှိတယ်ဆိုရင်တောင် ပြေးကြည့်ပြီးမှယုံမယ်။ သတင်းစာရှင်းလင်း ပွဲကလဲ ဈေးထဲကငါးစိမ်းသယ်‌တွေရန်ဖြစ်နေတာလောက်တောင် အဆင့်မရှိဘူး။ ဘာတဲ့ NUGအစိုးရကိုသတ္တိရှိရှိထွက်ပါဆိုတော့ မင်းတို့ကသတ္တိရှိရှိရောဖြေရှင်းရဲလို့လား” ဟု စစ်ကောင်စီသတင်းစာရှင်းလင်းပွဲသတင်းထုတ်ပြန်မှုအောက်တွင် လူမှုကွန်ရက် သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။