Connect with us

Hi, what are you looking for?

News

ဇော်မင်းထွန်းကို ​ဇော်မဲလုံးဟုမ​ခေါ်ရန် စစ်​ကောင်စီ​အောက်​ခြေဝန်ထမ်းများကို ​ပြော

“ဇော်မင်းထွန်းကို ဇော်မဲလုံးဟုမခေါ်ဖို့ ညွှန်မှုးကအစည်း အဝေးမှာ ထည့်ပြောသွားတယ်”ဟု အောက်တိုဘာ၁ရက်က ပြုလုပ်သည့် လစဉ်ပုံမှန်အစည်းအဝေးတွင် တိုင်းအဆင့် ညွှန်ကြားရေးမှူးတစ်ဦးကပြောခဲ့သည်ဟု ယင်းအစည်း အဝေးတက်ခဲ့သည့် ဝန်ထမ်းတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ပြန်ကြားရေးဒုတိယဝန်ကြီးနှင့် ပြန်ကြား​ရေးတာဝန်ခံ ဇော်မင်းထွန်းကို ဇော်မဲလုံးဟု
မခေါ်ဘဲ အမည်မှန်ခေါ်ရန် စစ်​ကောင်စီ၏တိုင်းနှင့်ပြည်နယ်အဆင့်အရာရှိများက ​အောက်​ခြေမှဝန်ထမ်းများကို လစဉ်ပုံမှန်အစည်းအဝေးတွင်ပြောကြားကြောင်း ဝန် ထမ်းအချို့က​ ပြောသည်။

“ဇော်မင်းထွန်းကို ဇော်မဲလုံးဟုမခေါ်ဖို့ ညွှန်မှုးကအစည်း အဝေးမှာ ထည့်ပြောသွားတယ်”ဟု အောက်တိုဘာ၁ရက်က ပြုလုပ်သည့် လစဉ်ပုံမှန်အစည်းအဝေးတွင် တိုင်းအဆင့် ညွှန်ကြားရေးမှူးတစ်ဦးကပြောခဲ့သည်ဟု ယင်းအစည်း အဝေးတက်ခဲ့သည့် ဝန်ထမ်းတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ပြန်ကြားရေးတာဝန်ခံဇော်မင်းထွန်းသည် ဒီချုပ်အစိုးရလက်ထက်က ကာကွယ်‌​ရေးဝန်ကြီးဌာနနှင့်တပ်မ​တော်၏ ပြောရေးဆိုခွင့်ရှိသူတာဝန်ယူခဲ့စဉ် သတင်းစာရှင်းလင်းပွဲအချို့၌ အဂ်လိပ်ဘာသာစကားကြားညှပ်သုံး၍ပြောရာ အစီအစဉ်မကျ၍ လူအများ၏ ပျက်ရယ်ပြုမှုကို ခံခဲ့ရသည်။ ထို့နောက် ​ရွေး​ကောက်ပွဲကြို ၊ ​ရွေး​ကောက်ပွဲနှင့်​ရွေး​ကောက်ပွဲလွန်ကာလများတွင် အရပ်သားအစိုးရနှင့်အနိုင်ရပါတီအ​ပေါ်အမြဲ​နှောက်ယှက် ပေး ၊ခြိမ်း​ခြောက်ခဲ့​သော စစ်တပ်အပေါ် ပြည်သူအများစုက သ​ဘောမကျ​တော့ဘဲ စစ်​တပ်ကိုယ်စားဝါဒဖြန့်​သော ​ဇော်မင်းထွန်းကိုလည်း ဇော်မဲလုံးဟုသာ နာမည်ပြောင်ခေါ်ရာမှ လူထုအကြားတွင် ထိုနာမည်ကိုသာအခေါ်များနေခြင်းဖြစ်သည်။

ယခုအခါ စစ်ကောင်စီ၏သတင်းစာရှင်းလင်းပွဲများတွင် NUGအား စိန်ခေါ်စကားပြောခြင်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အ​ရေး ၊ဖက်ဒရယ်ပြည်​ထောင်စုအတွက် စစ်ကျွန်ဘဝမှ လွတ်​မြောက်​အောင်ကြိုးစား​နေ​သောလူငယ်များကို အထင်အမြင်​သေးစွာဖြင့် ၊မှားယွင်းကောက်ချက်ချပြောဆိုခြင်းများမကြာခဏပြုလုပ်​သောကြောင့် ရယ် စရာကောင်းသည့် လူပျက်တစ်ဦးကဲ့သို့ပြည်သူ လူထုကြား သိမှတ်ထားကြသည်။

Public Service Announcement

Public Service Announcement

ဌာနဆိုင်ရာဝန်ထမ်းများကြားတွင်လည်း ဇော်မဲလုံးဟုသာ အမည်တွင်နေခြင်းဖြစ်သည်။

“ပြည့်တန်ဆာကအပျိုစစ်တယ်ဆိုရင်တောင် ယုံပေးလို့ရတယ်။ ဇော်မဲလုံးကပြောရင် ပင်လယ်ထဲမှာရေရှိတယ်ဆိုရင်တောင် ပြေးကြည့်ပြီးမှယုံမယ်။ သတင်းစာရှင်းလင်း ပွဲကလဲ ဈေးထဲကငါးစိမ်းသယ်‌တွေရန်ဖြစ်နေတာလောက်တောင် အဆင့်မရှိဘူး။ ဘာတဲ့ NUGအစိုးရကိုသတ္တိရှိရှိထွက်ပါဆိုတော့ မင်းတို့ကသတ္တိရှိရှိရောဖြေရှင်းရဲလို့လား” ဟု စစ်ကောင်စီသတင်းစာရှင်းလင်းပွဲသတင်းထုတ်ပြန်မှုအောက်တွင် လူမှုကွန်ရက် သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။