Connect with us

Hi, what are you looking for?

News

သတင်းအရ PDFများ ခိုအောင်းရာသို့ ရှင်းလင်းစဉ် အသင့်စောင့်တိုက်ခံရ၍ စစ်ကောင်စီတပ် ထိခိုက်ကျဆုံးမှုများနေဟုဆို

အဆိုပါ ကြေးနန်းစာသည် မည်သည့်တပ်ရင်းတပ်ဖွဲ့ကို ပေးပို့ကြောင်း အတိအကျ မသိရသော်လည်း ကြေးနန်း စာမှာ အစစ်ဖြစ်သည်ဟု စစ်ကိုင်းတိုင်းဒေသခံတစ်ဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အဖွဲ့များ ခိုအောင်းနေရာအား သတင်းမှားပေး၍ စစ်ကောင်စီတပ်၏ စစ်ကြောင်းများ လာရောက်ရှင်းလင်းစဉ် အသင့်စောင့် ဆိုင်း အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်မှုကြောင့် ထိခိုက်ကျဆုံးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း စစ်ကောင်စီတပ်က ၎င်းတို့လက်အောက်ခံတပ်များသို့ ပေးပို့သည့် ကြေးနန်းစာ၌ ဖော်ပြထားသည်။

အဆိုပါ ကြေးနန်းစာသည် မည်သည့်တပ်ရင်းတပ်ဖွဲ့ကို ပေးပို့ကြောင်း အတိအကျ မသိရသော်လည်း ကြေးနန်း စာမှာ အစစ်ဖြစ်သည်ဟု စစ်ကိုင်းတိုင်းဒေသခံတစ်ဦးက ပြောသည်။

“အဲဒီစာက သူငယ်ချင်းတစ်ယောက်ဆီကရတာ။ အဲဒါ သူတို့စာဟုတ်တယ်။ စာအရဆို သူက အဲဒီလို ဖြစ်ဖို့များ တယ်။ တချို့က PDF ရှိတဲ့နေရာကို သူတို့ကို သတင်း ပေးမယ် ။ ကိုယ့်လူ တစ်ယောက်ယောက်ကို အဲဒီလို သတင်းပေးခိုင်းပြီးတော့အဲဒီနေရာမှာ ကိုယ်က စနစ်တကျနဲ့ မိုင်းထောင်တာကြောင့် ထိခိုက်တာတွေ များလာတာကြောင့် အဲဒါတွေကို စိစစ်ဖို့လုပ်တာ။ အခုနောက်ပိုင်းဆို သူတို့ သေတာများလာတယ်။သူတို့ သွားမယ့် လမ်းကြောင်းတွေကို အကုန်လုံးကသိနေတော့ မြေပြင်အခြေအနေမှာ ကိုယ့်လူတွေက စနစ်တကျနဲ့ လုပ်တဲ့အချိန် သူတို့ အထိနာလို့ ဒီဥစ္စာကို တချို့သတင်းပေးမှုတွေမယုံတော့တဲ့ ပုံစံမျိုးဖြစ်လာတာ”ဟု စစ်ကိုင်း တိုင်း ဒေသခံက ပြောသည်။

ယခုကဲ့သို့ သတင်းပေးမှုအပေး မယုံသင်္ကာဖြစ်လာခြင်းက ပြည်သူအတွက် ပိုကောင်းသည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်အချင်းချင်း အကြောင်းကြားသည့် စာတွင် PDF သတင်းရပါက သတင်းခိုင်လုံမှု ရှိမရှိ စိစစ်ရန် နှင့် သတင်းအရ နယ်မြေရှင်းလင်းရာတွင် လုံခြုံရေးအသိ လုံခြုံရေးသတိဖြင့် စနစ်တကျ သွားရောက်ရှင်းလင်းရန် အချက်ကို ထည့်သွင်းရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook