Connect with us

Hi, what are you looking for?

News

ခရမ်းမြို့နယ်မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အမြန်ဆုံး ပြည်သူ့ရင်ခွင်ခုံလှုံရန် PDF ခရမ်းသတိပေး

စစ်ကောင်စီသည် ခရမ်းမြို့နယ်တွင်းရှိ အပြစ်မဲ့ ပြည်သူများကို လက်နက်အားကိုးဖြင့် ဓားပြဆန်ဆန် ပြုကျင့်မှုများကို ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ အကူအညီဖြင့် ဆောင်ရွက်နေကြောင်း PDF Khayan ကထောက်ပြထားသည်။

People's Spring
People's Spring

ခရမ်းမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် ရာထူးမှနှုတ်ထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခုံလှုံကြရန် PDF Khayan က ယနေ့သတိပေးချက်ထုတ်ပြန်သည်။

“သင်တို့၏ ဆုံးဖြတ်ချက်သည် သင်တို့အသက် ၊ သင်တို့ဘဝပင် ဖြစ်သည်။ ထို့ကြောင့် ခရမ်းမြို့နယ်တွင်းရှိ အုပ်ချုပ်ရေးမှူးများအားလုံး ယခုထုတ်ပြန်သည့်နေ့မှ(၁၅)ရက်အတွင်း နုတ်ထွက်၍ ကိုယ့်အလုပ်ကိုကိုယ်လုပ်ကြရန် ကျွန်ုပ်တို့မှ ပြင်းပြင်းထန်ထန် သတိပေး ကြေညာလိုက်သည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီသည် ခရမ်းမြို့နယ်တွင်းရှိ အပြစ်မဲ့ ပြည်သူများကို လက်နက်အားကိုးဖြင့် ဓားပြဆန်ဆန် ပြုကျင့်မှုများကို ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ အကူအညီဖြင့် ဆောင်ရွက်နေကြောင်း PDF Khayan ကထောက်ပြထားသည်။

ခရမ်းမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများ အနေဖြင့် အုပ်ချုပ်ရေးမှူးရာထူးမှ နှုတ်ထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံပါက ၎င်းတို့ကို ခရမ်းပြည်သူထူထုနှင့် တစ်သားတည်း သတ်မှတ်မည်ဖြစ်ပြီး ထို့သို့မဟုတ်ဘဲ စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို အားပေးကူညီ၍ ဆက်လက်လုပ်ဆောင်နေပါက ပြည်သူ့သစ္စာဖောက် ဒလန်ကြီးများအဖြစ် သတ်မှတ်မည်ဟု PDF Khayan က သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

အတွေးအမြင်

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ