Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ်ကျူးလွန်မှုတွေကို နိုင်ငံတကာရဲ့ညီညွတ်တဲ့လုပ်ဆောင်မှုတွေနဲ့ အရေးပေါ်တုံ့ပြန်ဖို့ AI တောင်းဆို

အိတ်ဖွင့်ပေးစာနဲ့အတူ မြန်မာပြည်သူတွေကိုကာကွယ်ပေးရေး ညီညွတ်ကြဖို့ ကမ္ဘာတစ်ဝန်းရှိ အစိုးရအဖွဲ့တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေကို နိုင်ငံပေါင်း ၁၆၁ က လူပေါင်း ၇၀၀၀၀ ကျော်လက်မှတ်ရေးထိုးထားတဲ့ မေတ္တာ ရပ်ခံမှုကိုလည်း AI က မျှဝေခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုတွေနဲ့ အရေးယူခံရမှုကင်းလွတ်နေတာတွေ အဆုံးသတ်ဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က ဒီနေ့ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

Amnesty Internationalရဲ့ အိတ်ဖွင့်ပေးစာမှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေဆဲ လူ့အခွင့်အရေးနဲ့ လူသားချင်စာနာမှုဆိုင်ရာ ကပ်ဘေးကို ရပ်တန့်ဖိုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို တာဝန်ခံခိုင်းဖို့ ညီညွတ်တဲ့လုပ်ဆောင်မှုတွေနဲ့ အရေးပေါ်ဆောင်ရွက်ရမယ်လို့ တိုက်တွန်းထားတာဖြစ်ပါတယ်။

အိတ်ဖွင့်ပေးစာနဲ့အတူ မြန်မာပြည်သူတွေကိုကာကွယ်ပေးရေး ညီညွတ်ကြဖို့ ကမ္ဘာတစ်ဝန်းရှိ အစိုးရအဖွဲ့တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေကို နိုင်ငံပေါင်း ၁၆၁ က လူပေါင်း ၇၀၀၀၀ ကျော်လက်မှတ်ရေးထိုးထားတဲ့ မေတ္တာ ရပ်ခံမှုကိုလည်း AI က မျှဝေခဲ့ပါတယ်။

အဲဒီမေတ္တာရပ်ခံမှုမှာ အဓိကအားဖြင့် မြန်မာစစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန့်ဖို့နဲ့ ပြစ်မှုကျူးလွန်သူတွေကိုတာဝန်ခံမှုရှိစေဖို့ ကမ္ဘာတဝန်းရှိအစိုးရတွေက သံတမန်ရေးအရ တိုးမြှင့်ဖိအားပေးဖို့၊ အကြမ်းဖက်မှုတွေ ကျူးလွန်ရာမှာ မြန်မာစစ်တပ်အသုံးပြုတဲ့ စစ်လက်နက်တွေနဲ့ အခြားရင်းမြစ်တွေ စီးဆင်းနေတာကို ရပ်တန့်ဖို့ စတဲ့အချက်တွေ ပါဝင်ပါ တယ်။

Public Service Announcement

Public Service Announcement

ဆက်လက်ပြီး တိကျတဲ့အချိန်ကာလသတ်မှတ်ချက်နဲ့အတူ ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ အာဆီယံကို တောင်းဆိုရေး၊ တရားလက်လွတ်ထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးရေး၊ ကုလသမဂ္ဂရဲ့ ဆောင်ရွက်မှုတွေကို ကူညီပံ့ပိုးရေးနဲ့ လူသားချင်းစာနာမှု အထောက်အပံ့တိုးမြှင့်ရေး စတဲ့အချက်တွေကိုလည်း တောင်းဆိုထားပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတွေဟာ ကျယ်ပြန့်ပြီးစနစ်တကျ ကျူးလွန်ခဲ့တာဖြစ်တယ်လို့ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား(IIMM)ရဲ့ လေ့လာမှုကို Amnesty International က ဆိုပါတယ်။

(မကွေးတိုင်း ဂန့်ဂေါမြို့နယ်ရှိ ထယ်လှော်ရွာကို အကြမ်း ဖက်စစ်ကောင်စီတပ်က သုံးကြိမ်တိုင် မီးရှို့ဖျက်ဆီးခဲ့သည်)

ဆက်စပ်သတင်းများ

သတင်း

Telenor ဌာနချုပ်ကို​နော်​ဝေရဲတွေနဲ့ စုံထောက်တွေက ဝင်ရောက်စစ်ဆေးရှာဖွေ

ဆောင်းပါး

FATFသည်စစ်တပ်ကအမေရိကန်၏အဓိကပြိုင်ဘက်နိုင်ငံများထံမှလက်နက်ဝယ်ယူရန် ငွေကြေးလမ်းကြောင်းများကိုတားဆီးနိုင်သည်။

သတင်း

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တောင်းဆိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အပါအဝင် အဖွဲ့အစည်း ၁၅ခုက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်တဲ့ နိုင်ငံတကာကုမ္ပဏီပေါင်းတွေ စာရင်းထဲမှာ နောက်ထပ် ၅၃ ခုကို Burma Campaign UKက ထပ်မံဖြည့်တင်းလိုက်ပါတယ်။