Connect with us

Hi, what are you looking for?

News

နမခတိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့် စစ်ကောင်စီစစ်ကြောရေးတွင်သေဆုံးဟုသတင်းထွက်ပေါ်

ဗိုလ်မှူးချုပ်ဖြိုးသန့်အား ဖမ်းဆီးထားသည့် သတင်းကို စစ်ကောင်စီက ထိန်ချန်ထားပြီး CDM ပြုလုပ်နေသည့် တပ်မတော်အရာရှိအချို့က သတင်းဌာနများထံဖွင့်ချရာမှ သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

People's Spring
People's Spring

စစ်ကောင်စီက ဖမ်းဆီးထားသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တိုင်းမှုးဗိုလ်မှူးချုပ်ဖြိုးသန့် စစ်ကြောရေးတွင် သေဆုံးသွားသည်ဟုသိ့ရကြောင်း CDM ဗိုလ်ကြီး Captain Zero က၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်ရေးသားထားသည်။

Captain Zero ခေါ် ခန့်ကို သည် CDMပြုလုပ်ထားသော စစ်အင်ဂျင်နီယာ ဗိုလ်ကြီးဖြစ်ပြီး စစ်ကောင်စီတပ်မှ CDM ပြုလုပ်လိုသူများကို ကူညီပေးနေသော ပြည်သူ့ရင်ခွင် အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

ဗိုလ်မှူးချုပ်ဖြိုးသန့်အား ဖမ်းဆီးထားသည့် သတင်းကို စစ်ကောင်စီက ထိန်ချန်ထားပြီး CDM ပြုလုပ်နေသည့် တပ်မတော်အရာရှိအချို့က သတင်းဌာနများထံဖွင့်ချရာမှ သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

ဗိုလ်မှူးချုပ်ဖြိုးသန့်သည် စစ်ကိုင်းတိုင်းအတွင်း စီမံအုပ်ချုပ်မှု ညံ့ဖျင်းသည်ဆိုသော အကြောင်းပြချက်ဖြင့်
ထိန်းသိမ်းခံရခြင်းဖြစ်ပြီး စစ်ကြောရေးတွင် ယနေ့ သေဆုံးသွားပြီဟု စစ်တပ်ထဲမှ ရသော သတင်းကို အခြေခံ၍ Captain Zero ကရေးသားထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” နမခ တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့် အကျယ်ချုပ်ကျတဲ့ သတင်းကို စကစဘက်က အတည်ပြုပေးမထားပါဘူး ။ ဒါကို တပ်တွင်းသတင်းအရ သိရှိရခြင်းဖြစ်ပါတယ် ။တပ်တွင်းသတင်းအရ အကျယ်ချုပ်ကျရတဲ့အကြောင်းရင်းက စစ်ကိုင်းတိုင်းကို စီမံအုပ်ချုပ်မှု ညံ့ဖျင်းခြင်း ဆိုတဲ့ အကြောင်းပြချက်နဲ့ထိန်းသိမ်းလိုက်တာဖြစ်ပါတယ် ။ နောက်ကွယ်မှာတော့ ဗမခ ဖြိုးသန့်အနေနဲ့ တပ်ကိုပုန်ကန်မည့် အရိပ်အယောင်များ ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို တိတ်တဆိတ် အားပေးကူညီသည့် ကိစ္စများကြောင့် စစ်ကြောရေးတွင် အပြင်းအထန် စစ်ဆေးခံရပါတယ်လို့သိရပါတယ် ။ ဒီကနေ့မနက်မှာတော့ ပြင်းထန်သော စစ်ကြောမှုများကြောင့် သေဆုံးသွားပြီ ဖြစ်ကြောင်း ထပ်မံသိရှိရပါတယ် ။ သေချာတဲ့ Source လာတာဖြစ်ပေမယ့် အရင်းအမြစ်ကို သတင်းပေးသူရဲ့ လုံခြုံရေးအရ လျှို့ဝှက်ပေးထားပါတယ် ။ အဖြစ်မှန်ကို သေချာ သိချင်ရင်တော့ စကစဘက်က ဖြေရှင်းချက်ကို စောင့်ဆိုင်း အကဲဖြတ်နိုင်ပါတယ်” ဟု ၍ Captain Zero က ရေးသားထားသည်။

ဗိုလ်မှူးချုပ် ဖြိုးသန့်အား စစ်ကောင်စီက ဖမ်းဆီးပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်အား ကွပ်ကဲရန် ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်နှင့် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ကို တာဝန်ပေး ထားသည်။ ဗိုလ်မှူးချုပ် ဖြိုးသန့် စစ်ကြောရေးတွင်အမှန်တကယ်သေဆုံးသွားပါက ၄င်း(ဗိုလ်မှူးချုပ် ဖြိုးသန့်) ၏တပည့်များက သည်းခံနိူင်ဖွယ်မရှိဘဲ တပ်တွင်းပုန်ကန်မှုဖြစ်လာနိုင်သည်ဟု သုံးသပ်မှုများ ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။