Connect with us

Hi, what are you looking for?

LuduNwayOo

News

နမခတိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့် စစ်ကောင်စီစစ်ကြောရေးတွင်သေဆုံးဟုသတင်းထွက်ပေါ်

ဗိုလ်မှူးချုပ်ဖြိုးသန့်အား ဖမ်းဆီးထားသည့် သတင်းကို စစ်ကောင်စီက ထိန်ချန်ထားပြီး CDM ပြုလုပ်နေသည့် တပ်မတော်အရာရှိအချို့က သတင်းဌာနများထံဖွင့်ချရာမှ သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

People's Spring
People's Spring

စစ်ကောင်စီက ဖမ်းဆီးထားသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တိုင်းမှုးဗိုလ်မှူးချုပ်ဖြိုးသန့် စစ်ကြောရေးတွင် သေဆုံးသွားသည်ဟုသိ့ရကြောင်း CDM ဗိုလ်ကြီး Captain Zero က၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်ရေးသားထားသည်။

Captain Zero ခေါ် ခန့်ကို သည် CDMပြုလုပ်ထားသော စစ်အင်ဂျင်နီယာ ဗိုလ်ကြီးဖြစ်ပြီး စစ်ကောင်စီတပ်မှ CDM ပြုလုပ်လိုသူများကို ကူညီပေးနေသော ပြည်သူ့ရင်ခွင် အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

ဗိုလ်မှူးချုပ်ဖြိုးသန့်အား ဖမ်းဆီးထားသည့် သတင်းကို စစ်ကောင်စီက ထိန်ချန်ထားပြီး CDM ပြုလုပ်နေသည့် တပ်မတော်အရာရှိအချို့က သတင်းဌာနများထံဖွင့်ချရာမှ သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

ဗိုလ်မှူးချုပ်ဖြိုးသန့်သည် စစ်ကိုင်းတိုင်းအတွင်း စီမံအုပ်ချုပ်မှု ညံ့ဖျင်းသည်ဆိုသော အကြောင်းပြချက်ဖြင့်
ထိန်းသိမ်းခံရခြင်းဖြစ်ပြီး စစ်ကြောရေးတွင် ယနေ့ သေဆုံးသွားပြီဟု စစ်တပ်ထဲမှ ရသော သတင်းကို အခြေခံ၍ Captain Zero ကရေးသားထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” နမခ တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့် အကျယ်ချုပ်ကျတဲ့ သတင်းကို စကစဘက်က အတည်ပြုပေးမထားပါဘူး ။ ဒါကို တပ်တွင်းသတင်းအရ သိရှိရခြင်းဖြစ်ပါတယ် ။တပ်တွင်းသတင်းအရ အကျယ်ချုပ်ကျရတဲ့အကြောင်းရင်းက စစ်ကိုင်းတိုင်းကို စီမံအုပ်ချုပ်မှု ညံ့ဖျင်းခြင်း ဆိုတဲ့ အကြောင်းပြချက်နဲ့ထိန်းသိမ်းလိုက်တာဖြစ်ပါတယ် ။ နောက်ကွယ်မှာတော့ ဗမခ ဖြိုးသန့်အနေနဲ့ တပ်ကိုပုန်ကန်မည့် အရိပ်အယောင်များ ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို တိတ်တဆိတ် အားပေးကူညီသည့် ကိစ္စများကြောင့် စစ်ကြောရေးတွင် အပြင်းအထန် စစ်ဆေးခံရပါတယ်လို့သိရပါတယ် ။ ဒီကနေ့မနက်မှာတော့ ပြင်းထန်သော စစ်ကြောမှုများကြောင့် သေဆုံးသွားပြီ ဖြစ်ကြောင်း ထပ်မံသိရှိရပါတယ် ။ သေချာတဲ့ Source လာတာဖြစ်ပေမယ့် အရင်းအမြစ်ကို သတင်းပေးသူရဲ့ လုံခြုံရေးအရ လျှို့ဝှက်ပေးထားပါတယ် ။ အဖြစ်မှန်ကို သေချာ သိချင်ရင်တော့ စကစဘက်က ဖြေရှင်းချက်ကို စောင့်ဆိုင်း အကဲဖြတ်နိုင်ပါတယ်” ဟု ၍ Captain Zero က ရေးသားထားသည်။

ဗိုလ်မှူးချုပ် ဖြိုးသန့်အား စစ်ကောင်စီက ဖမ်းဆီးပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်အား ကွပ်ကဲရန် ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်နှင့် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ကို တာဝန်ပေး ထားသည်။ ဗိုလ်မှူးချုပ် ဖြိုးသန့် စစ်ကြောရေးတွင်အမှန်တကယ်သေဆုံးသွားပါက ၄င်း(ဗိုလ်မှူးချုပ် ဖြိုးသန့်) ၏တပည့်များက သည်းခံနိူင်ဖွယ်မရှိဘဲ တပ်တွင်းပုန်ကန်မှုဖြစ်လာနိုင်သည်ဟု သုံးသပ်မှုများ ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။