Connect with us

Hi, what are you looking for?

News

ရွေးကောက်ခံအစိုးရကို အာဏာပြန်လွှဲပြီး တရားဥပဒေစိုးမိုးရေးလေးစားဖို့ အီးယူတောင်းဆို

ဥရောပသမဂ္ဂဒုတိယဥက္ကဌ ဂျိုးဆပ်ဘော်ရယ်ကိုယ်စား ကျန်းမာရေးနှင့် စားနပ်ရိက္ခာဖူလုံရေးမဟာမင်း ကြီး စတယ်လာခရီယာကစ်က ဥရောပသမဂ္ဂပါလီမန်၊ မျက်နှာ စုံညီအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ရှင်းလင်းပြောကြားရာမှာ တောင်းဆိုခဲ့တာပါ။

အာဏာသိမ်းစစ်ကောင်စီဟာ ရွေးကောက်ခံအစိုးရကို အာဏာပြန်လွှဲပြီး တရားဥပဒေစိုးမိုးရေးကို လေးစားဖို့ ဥရောပသမဂ္ဂက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

ဥရောပသမဂ္ဂဒုတိယဥက္ကဌ ဂျိုးဆပ်ဘော်ရယ်ကိုယ်စား ကျန်းမာရေးနှင့် စားနပ်ရိက္ခာဖူလုံရေးမဟာမင်း ကြီး စတယ်လာခရီယာကစ်က ဥရောပသမဂ္ဂပါလီမန်၊ မျက်နှာ စုံညီအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ရှင်းလင်းပြောကြားရာမှာ တောင်းဆိုခဲ့တာပါ။

၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲမှာ ထုတ်ဖော်ပြသခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကိုလေးစားဖို့လည်း စစ်ကောင် စီကို တောင်းဆိုခဲ့ပြီး တရားဝင်ရွေးကောက်ခံအရပ်သားအစိုးရကို ဖယ်ရှားတာ၊ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်တာတွေကို ဥရောပသမဂ္ဂက ရှုတ်ချတယ်လို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးအဆင့်တွေ ပျက်စီးခဲ့တဲ့ အာဏာသိမ်းမှု ၈လရှိလာချိန်မှာ စစ်တပ်က အာဏာကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး အခြေအနေဟာ အလွန်စိုးရိမ်ဖွယ်ကောင်း ဆဲဖြစ်တယ်လို့ ဥရောပသမဂ္ဂရဲ့ ကျန်းမာရေးနှင့် စားနပ်ရိက္ခာဖူလုံရေးမဟာမင်းကြီး စတယ်လာခရီယာကစ်က ပါလီမန်ကို အစီရင်ခံပါတယ်။

Public Service Announcement

Public Service Announcement

“ဖြစ်ပေါ်နေဆဲ ဖိနှိပ်အကြမ်းဖက်မှုတွေ၊ စနစ်တကျနဲ့ ပစ်မှတ်ထားသတ်ဖြတ်မှုတွေ၊ တရားလက်လွတ်ဖမ်းဆီးမှုတွေ၊ ဖမ်းဆီးခံရသူတွေအပေါ် ရက်စက်မှုတွေကို ရပ်တန့်ရပါမယ်။ တရားလက်လွတ်ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရပါမယ်။ လွတ် လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ဖွဲ့စည်းခွင့်၊ စုရုံးခွင့် အလားတူ သတင်းအချက်အလက်ရယူပိုင်ခွင့် တွေကို အာမခံချက်ပေးပါမယ်” လို့ အီးယူအကြီအကဲက ဆက်ပြောပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်တွေကို ပြစ်ဒဏ်ခတ်မှုကနေ ကင်းလွတ်ခွင့်ပေးမှာမဟုတ်ဘဲ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေချိုးဖောက်မှုတွေအတွက် စုံစမ်းစစ်ဆေးခံရမယ်လို့ အီးယူအကြီးအကဲက ဆက်ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ရိုဟင်ဂျာနဲ့ အခြားလူနည်းစုတွေရဲ့ အခြေအနေကလည်း လွန်စွာ ဆက်လက်စိုးရိမ်ဖွယ်ဖြစ်နေပြီး လက်ရှိအကျပ်အတည်းက သူတို့ဒုက္ခတွေကို ပိုမိုဆိုးရွား စေတယ်လို့ ဆိုပါတယ်။

မြန်မာ့အာဏာသိမ်းမှုအပေါ် ဥရောပသမဂ္ဂရဲ့မူဝါဒတုံ့ပြန်မှုဟာ ခိုင်မာနေပြီး သဘောထားတူညီတဲ့မိတ်ဖက်တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ထပ်လောင်းပြောကြားပါတယ်။

ဥရောပသမဂ္ဂဟာ မြန်မာစစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရှုတ်ချရင်း ကုလသမဂ္ဂလူ့ အခွင့်အရေးကောင်စီနဲ့ အထွေထွေညီလာခံတွေကနေ အရေးယူဆုံးဖြတ်ချက်တွေကို ဦးဆောင် မှာဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်အားလုံး အဆုံးသတ်ဖို့ ဆက်လက်တောင်းဆိုသွားမယ်လို့ ပါလီမန်မှာ ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စစ်ရပ်စဲရေး ဆွေးနွေးမှုတွေမှာ ယူကရိန်းရဲ့ စစ်တပ် ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ယူကရိန်း ကိုယ်တိုင်ပဲ ဆုံးဖြတ်ခွင့် ရှိသင့်ကြောင်း ဥရောပ ကော်မရှင် အကြီးအကဲက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နဲ့ ဥရောပ သမဂ္ဂ (EU)တို့ကြားမှာ ကုန်သွယ်ရေး အခွန်စည်းကြပ်မှုဆိုင်ရာ သဘောတူညီမှုတစ်ခု ရရှိသွားပြီ ဖြစ်ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မတရားဖမ်းဆီးခံထားရသူများအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ ဗြိတိန်တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီက မြန်မာပြည်သူများအပေါ် ဆက်လက် အကြမ်းဖက်ဖိနှိပ်မှုများမှာ လက်ခံနိုင်ဖွယ်မရှိကြောင်း ဥရောပသမဂ္ဂနှင့် နိုင်ငံပေါင်း ၉ နိုင်ငံတို့က ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်သည်။