Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးကို သုတ်သင်ခဲ့ဟု ကလေး PDF ထုတ်ပြန်

ကလေးမြို့တွင် ယနေ့ (အောက်တိုဘာ ၇) ညနေ ၄ နာရီခန့်နှင့် ညနေ ၅နာရီခွဲခန့်တွင် နှစ်ကြိမ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား စုစုပေါင်း ၁၂ ဦးကို ချေမှုန်းသုတ်သင်နိုင်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကလေးမြို့ (ကလေး-PDF)ကထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်စစ်သား ၁၂ ဦးကို ယနေ့ချေမှုန်းသုတ်သင်နိုင်ခဲ့ကြောင်း ကလေးPDF က သတင်းထုတ်ပြန်သည်။

ယနေ့(အောက်တိုဘာလ ၇ ရက်)က တိုက်ပွဲအခြေအနေကို PDF (Kalay) People Defenc Force -Kalay)က ထုတ်ပြန်ခြင်းဖြစ်သည်။

ကလေးမြို့တွင် ယနေ့ (အောက်တိုဘာ ၇) ညနေ ၄ နာရီခန့်နှင့် ညနေ ၅နာရီခွဲခန့်တွင် နှစ်ကြိမ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား စုစုပေါင်း ၁၂ ဦးကို ချေမှုန်းသုတ်သင်နိုင်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကလေးမြို့ (ကလေး-PDF)ကထုတ်ပြန်သည်။

ယနေ့ညနေ့ ၄ နာရီခန့်တွင် ကလေးမြို့မှ တောင်ဘက်သို့ လာသော စစ်ကားကြီး ၂ စီးပါစစ်ကောင်စီယာဥ်တန်းမှာ GTCအနီးတွင်ကားရပ်၍ လမ်းလျှောက်ချီတက်လာပြီးမိုင်းရှာဖွေစဥ် ကလေးPDF ကမိုင်းခွဲတိုက်ခိုက်သဖြင့် စစ်ကောင်စီတပ် ၄ ဦးသေဆုံးပြီး ဒဏ်ရာအများအပြားရရှိခဲ့သည်ဟုဆိုသည်။ ထို့နောက်စစ်ကောင်စီယာဥ်တန်းမှာအလောင်းများကိုကားပေါ်တင်၍ကလေးမြို့ဘက်သို့ပြန်မောင်းပြေးသွားသည်ဟုဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ညနေ ၅နာရီ ခွဲခန့်တွင် စစ်ကောင်စီတပ်က ကား၅ စီးဖြင့် ကလေးမြို့တောင်ဘက်သို့ ထပ်မံထွက်လာရာ ထောက်ကြန့်ရွာနှင့် သာယာကုန်းရွာအကြားတွင် မိုင်းဆွဲ တိုက်ခိုက်သဖြင့် ၈ ဦးသေဆုံးကာအများအပြားဒဏ်ရာရရှိခဲ့သည်ဟုကလေးPDF ကထုတ်ပြန်သည်။မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်သားများကထောက်ကြန့်ရွာအတွင်းရမ်းသမ်းပစ်ခတ်ခဲ့သည်ဟုဆိုသည်။

အောက်တိုဘာလ ၄ ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား PDF(Kalay)က တိုက်ခိုက်ခဲ့ရာ ကိုးဦးသေဆုံးခဲ့သည်။ထို့ပြင် အောက်တိုဘာလ ၃ ရက်ကလည်း ကလေးမြို့တွင်း ပစ်ခတ်တိုက်ခိုက်မှု သုံးကြိမ်တွင် အကြမ်းဖက်စစ်ကောင်စီဘက်က ဆယ်ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။ကလေးမြို့သည် ငြိမ်းချမ်းစွာ ဆန္ဒပြနေသောပြည်သူများကိုစစ်ကောင်စီတပ်ကရက်ရက်စက်စက် သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခံရပြီးနောက် ရရာလက်နက်တူမီးဆွဲကိုင်ပြီး စစ်ကောင်စီကိုတော်လှန်ခဲ့သော အစောဆုံးမြို့အချို့ထဲမှ တစ်မြို့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။