Connect with us

Hi, what are you looking for?

News

ဝက်လက်မြို့နယ်တွင် ပြည်သူ့ရင်ခွင်ခိုလှုံလာ​​သောတပ်မ​တော်သားသုံးဦးကို လွတ်​မြောက်နယ်​မြေသို့ပို့​ပေး

ထပ်မံ၍ ပြည်သူ့ရင်ခွင်ခိုလှုံရန် ဆက်သွယ်လာသူအများအပြားရှိပြီး လက်ခံစာရင်းသွင်း၍ ဆောင်ရွက်နေဆဲဖြစ်ကာ ပြည်သူလူထုကလည်း ပူးပေါင်းကူညီပေးရန် ပြည်သူ့ရင်ခွင်-ဝက်လက်အဖွဲ့က မေတ္တာရပ်ခံထားသည်။

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် ပြည်သူ့ရင်ခွင်သို့ ခိုဝင်ခဲ့သည့် တပ်မတော်သားသုံးဦးအား လွတ်မြောက်နယ်မြေသို့ အန္တရာယ်ကင်းစွာ ပို့ပေးခဲ့ကြောင်း ပြည်သူ့ရင်ခွင်-ဝက်လက်အဖွဲ့က သတင်းထုတ်ပြန်သည်။

ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်မှ အရှေ့တောင်တိုင်း စစ်ဌာနချုပ်သို့ နယ်မြေစစ်ဆင်ရေးထွက်ခွာလာချိန် လမ်းခုလပ်မှ ဆက်သွယ်အကြောင်းကြားလာသည့်အတွက် လိုအပ်သည့်ငွေကြေးအကူအညီများဖြင့် ၂၄ နာရီအတွင်း လွတ်မြောက်ရာနယ်မြေသို့ အန္တရာယ်ကင်းစွာ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း​ဖော်ပြထားသည်။ထိုသို့ CDM ဝင်ရောက်လာသည့် တပ်ဖွဲ့ဝင်များအား အန္တရာယ် ကင်းစွာပို့ဆောင်နိုင်ရေးကိစ္စအား စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ရင်ခွင်ဦးဆောင်အဖွဲ့နှင့် တာဝန်သိပြည်သူတစ်ဦးကလည်း လမ်းညွှန်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းလည်းပါရှိသည်။

ထပ်မံ၍ ပြည်သူ့ရင်ခွင်ခိုလှုံရန် ဆက်သွယ်လာသူအများအပြားရှိပြီး လက်ခံစာရင်းသွင်း၍ ဆောင်ရွက်နေဆဲဖြစ်ကာ ပြည်သူလူထုကလည်း ပူးပေါင်းကူညီပေးရန် ပြည်သူ့ရင်ခွင်-ဝက်လက်အဖွဲ့က မေတ္တာရပ်ခံထားသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် စစ်ကောင်စီလက်အောက်၌ တာဝန်ထမ်းဆောင်နေသည့် စစ်သားများနှင့် ရဲများအနေဖြင့် မကြာမီ ကျရှုံးတော့
မည့် စစ်ကောင်စီလက်အောက်မှ အချိန်မီထွက်ခွာနိုင်မှသာ လုံခြုံသောဘဝ၊ သံသယကင်းသောဘဝ၊ အနာဂတ်ရှိသောဘဝများကို ပိုင်ဆိုင်နိုင်မည်ဖြစ်သောကြောင့် ပြည်သူ့ရင်ခွင်သို့ ခိုလှုံရောက်ရှိရန် ဖိတ်ခေါ်ကြောင်း ပြည်သူ့ရင်ခွင်-ဝက်လက်အဖွဲ့က စက်တင်ဘာလ၂၅ ရက်တွင် အသိပေးကြေညာခဲ့သည်။

Public Service Announcement

Public Service Announcement

ခိုလှုံရောက်ရှိလာသော CDM မိသားစုဝင်များ၏ လုံခြုံရေး၊ စားဝတ်နေရေးအဝဝကို ဖြည့်ဆည်းပေးမည်ဖြစ်ပြီး ဝက်လက်မြို့နယ်အတွင်း ပြည်သူ့ရင်ခွင် ခိုလှုံလိုသော ပြ​ည်သူ့စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ရင်ခွင်-ဝက်လက် ဖေ့စ်ဘွတ်ခ်စာမျက်နှာ Message Box သို့ ဆက်သွယ်နိုင်ကြောင်း ပြည်သူ့ရင်ခွင်-ဝက်လက်အဖွဲ့က အသိပေးသည်။

ပြည်သူကိုချစ်သော၊ အမှန်တရားကို မြတ်နိုးသော၊ ဓမ္မကိုလိုလားသော၊ ပြည်သူ့တပ်မတော်သားများနှင့် ရဲတပ် ဖွဲ့ဝင်များအား ပြည်သူ့ရင်ခွင်သို့ ခိုလှုံပါရန်
မေတ္တာဖြင့်ဖိတ်ခေါ်လိုက်ပါကြောင်း ဖိတ်ခေါ်ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းu မင်းကုန်းရွာအနီးမှာ ဒီနေ့မတ်လ၂၃ရက်က စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်တပ်က အနည်းဆုံး၂၀ကျော် သေဆုံးကာ အလောင်းနဲ့ လက်နက်တွေရခဲ့တယ်လို့ ဒေသခံနဲ့ တော်လှန်ရေးတပ် ရဲဘော်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်က ပေါက်ကန်ဘူတာကျေးရွာမှာ အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရလို့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းကို စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ဒေသခံ ထောင်ချီထွက် ပြေးနေရသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နဲ့ ကပ်လျက်ရှိနေတဲ့ လိန်ပင်ကျေးရွာကို စစ်ကောင်စီက ဒီနေ့ ဒီဇင်ဘာ ၂၉ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲလို့ အမျိုးသမီး၂ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရခဲ့ပါတယ်။