Connect with us

Hi, what are you looking for?

LuduNwayOo

News

ဝက်လက်မြို့နယ်တွင် ပြည်သူ့ရင်ခွင်ခိုလှုံလာ​​သောတပ်မ​တော်သားသုံးဦးကို လွတ်​မြောက်နယ်​မြေသို့ပို့​ပေး

ထပ်မံ၍ ပြည်သူ့ရင်ခွင်ခိုလှုံရန် ဆက်သွယ်လာသူအများအပြားရှိပြီး လက်ခံစာရင်းသွင်း၍ ဆောင်ရွက်နေဆဲဖြစ်ကာ ပြည်သူလူထုကလည်း ပူးပေါင်းကူညီပေးရန် ပြည်သူ့ရင်ခွင်-ဝက်လက်အဖွဲ့က မေတ္တာရပ်ခံထားသည်။

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် ပြည်သူ့ရင်ခွင်သို့ ခိုဝင်ခဲ့သည့် တပ်မတော်သားသုံးဦးအား လွတ်မြောက်နယ်မြေသို့ အန္တရာယ်ကင်းစွာ ပို့ပေးခဲ့ကြောင်း ပြည်သူ့ရင်ခွင်-ဝက်လက်အဖွဲ့က သတင်းထုတ်ပြန်သည်။

ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်မှ အရှေ့တောင်တိုင်း စစ်ဌာနချုပ်သို့ နယ်မြေစစ်ဆင်ရေးထွက်ခွာလာချိန် လမ်းခုလပ်မှ ဆက်သွယ်အကြောင်းကြားလာသည့်အတွက် လိုအပ်သည့်ငွေကြေးအကူအညီများဖြင့် ၂၄ နာရီအတွင်း လွတ်မြောက်ရာနယ်မြေသို့ အန္တရာယ်ကင်းစွာ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း​ဖော်ပြထားသည်။ထိုသို့ CDM ဝင်ရောက်လာသည့် တပ်ဖွဲ့ဝင်များအား အန္တရာယ် ကင်းစွာပို့ဆောင်နိုင်ရေးကိစ္စအား စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ရင်ခွင်ဦးဆောင်အဖွဲ့နှင့် တာဝန်သိပြည်သူတစ်ဦးကလည်း လမ်းညွှန်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းလည်းပါရှိသည်။

ထပ်မံ၍ ပြည်သူ့ရင်ခွင်ခိုလှုံရန် ဆက်သွယ်လာသူအများအပြားရှိပြီး လက်ခံစာရင်းသွင်း၍ ဆောင်ရွက်နေဆဲဖြစ်ကာ ပြည်သူလူထုကလည်း ပူးပေါင်းကူညီပေးရန် ပြည်သူ့ရင်ခွင်-ဝက်လက်အဖွဲ့က မေတ္တာရပ်ခံထားသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် စစ်ကောင်စီလက်အောက်၌ တာဝန်ထမ်းဆောင်နေသည့် စစ်သားများနှင့် ရဲများအနေဖြင့် မကြာမီ ကျရှုံးတော့
မည့် စစ်ကောင်စီလက်အောက်မှ အချိန်မီထွက်ခွာနိုင်မှသာ လုံခြုံသောဘဝ၊ သံသယကင်းသောဘဝ၊ အနာဂတ်ရှိသောဘဝများကို ပိုင်ဆိုင်နိုင်မည်ဖြစ်သောကြောင့် ပြည်သူ့ရင်ခွင်သို့ ခိုလှုံရောက်ရှိရန် ဖိတ်ခေါ်ကြောင်း ပြည်သူ့ရင်ခွင်-ဝက်လက်အဖွဲ့က စက်တင်ဘာလ၂၅ ရက်တွင် အသိပေးကြေညာခဲ့သည်။

Public Service Announcement

Public Service Announcement

ခိုလှုံရောက်ရှိလာသော CDM မိသားစုဝင်များ၏ လုံခြုံရေး၊ စားဝတ်နေရေးအဝဝကို ဖြည့်ဆည်းပေးမည်ဖြစ်ပြီး ဝက်လက်မြို့နယ်အတွင်း ပြည်သူ့ရင်ခွင် ခိုလှုံလိုသော ပြ​ည်သူ့စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ရင်ခွင်-ဝက်လက် ဖေ့စ်ဘွတ်ခ်စာမျက်နှာ Message Box သို့ ဆက်သွယ်နိုင်ကြောင်း ပြည်သူ့ရင်ခွင်-ဝက်လက်အဖွဲ့က အသိပေးသည်။

ပြည်သူကိုချစ်သော၊ အမှန်တရားကို မြတ်နိုးသော၊ ဓမ္မကိုလိုလားသော၊ ပြည်သူ့တပ်မတော်သားများနှင့် ရဲတပ် ဖွဲ့ဝင်များအား ပြည်သူ့ရင်ခွင်သို့ ခိုလှုံပါရန်
မေတ္တာဖြင့်ဖိတ်ခေါ်လိုက်ပါကြောင်း ဖိတ်ခေါ်ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သည် ဩဂုတ် ၁၁ရက်နံနက်ကလည်း ဝက်လက်မြို့နယ်၊ တလိုင်းရွာကို လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့ရာ အရပ်သားထိခိုက်မှုများ ရှိခဲ့သည်။

သတင်း

လက်ရှိ ဝက်လက်နယ်တွင် စစ်ကောင်စီစစ်ကြောင်း နှစ်ကြောင်း ထိုးလာသောကြောင့် ပြည်သူများ စစ်ရေးသတိဖြင့် နေထိုင်ကြပါရန် People's Servant Revolution-Wetlet အဖွဲ့က သတိပေးထားသည်။

သတင်း

လက်တလောတွင် လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်းစီစစ်ကြောင်း နှစ်ခုထက်မနည်း စစ်ကြောင်းထိုးနေ သောကြောင့် ပြည်သူများ လုံခြုံရေးသတိပြုနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသတိပေးထားသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများအား ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း - ၁၅ တပ်ခွဲ (၁) Eagle Guerrilla Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။