Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်အရှေ့ခြမ်း စစ်တပ် စစ် ကြောင်းထိုးပြီး လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းကို စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ဒေသခံ ထောင်ချီထွက် ပြေးနေရသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာက ဝက်လက်မြို့နယ်မှာ စစ်ကြောင်းထိုးစဉ် မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်များ။ဓာတ်ပုံ - ဝက်လက်မြို့နယ်လူထုတိုက်ပွဲဦးဆောင်မှုကော်မတီ

ဒီဇင်ဘာ-၃၀၊၂၀၂၅၊ရှိန်း/ People’s Spring

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းကို စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ဒေသခံ ထောင်ချီထွက် ပြေးနေရသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝက်လက်မြို့နယ်အရှေ့ခြမ်းက ရှိမ်းမကားရွာရဲစခန်းက အင်အား ‌‌‌‌‌၁၀၀ ကျော်ပါစစ်ကြောင်းဟာ အင်ဒေါင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတာမို့ အင်ဒေါင်း၊ရွာသာနဲ့ ငါးတိုက်တောင်ရွာ တွေ ထွက်ပြေးနေရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဒါ့အပြင် ဝက်လက်မြို့နယ်အရှေ့ မြောက်ခြမ်းမှာလည်း ရွာသစ်ရွာထဲကို ရွှေဘိုမြို့နယ်ဘက်ကနေ စစ်တပ် စစ်ကြောင်းတကြောင်း ဝင်လာတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒီကနေ့ နေ့လည် ၁၁နာရီကျော်နဲ့ ၁၂နာရီကျော်မှာ ရွာသစ်ရွာအနောက်ဘက်၊သစ်ဆိမ့်ရွာအနောက်ဘက်၊လှေပို့ဆိပ်ကျေးရွာ အနောက်ဘက်တို့ကို လေကြောင်းတိုက်ခိုက်မှု တွေဆက်တိုက်ပြုလုပ်ထားတယ်လို့ သိရပါတယ်။

စစ်ကြောင်းရှိ နေတာမို့ လေကြောင်းတိုက်ခံရမှုမှာ ပြည်သူထိခိုက်မှု မသိရသေးဘူးလို့ ဒေသခံ တွေက ပြောပါတယ်။

စစ်တပ်က ခရိုင်ချင်းဆက် အမှတ်(၃)လမ်းကို စိုးမိုးဖို့ကြိုးစားနေပြီး ဝက်လက်မြို့နယ်ကိုလည်း ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ် နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့အနီးမှာ ဒီနေ့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

Facebook