Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်မှာ ဗုံးကြဲခံရပြီး ပြည်သူနှစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်က ပေါက်ကန်ဘူတာကျေးရွာမှာ အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရလို့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

(စစ်တပ်အသုံးပြုခဲ့တဲ့ အသေခံဒရုန်း အစိတ်အပိုင်းတစ်ခုကို မကွေးတိုင်းအတွင်း တွေ့ရစဉ်(ပုံဟောင်း)။ ဓာတ်ပုံ - သရက်ခရိုင် PDF တပ်ရင်း(၄))

ဇန်နဝါရီ -၂၇၊၂၀၂၆၊ရှိန်း/ People’s Spring

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်က ပေါက်ကန်ဘူတာကျေးရွာမှာ အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရလို့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ၂၇ ရက် ဒီနေ့ မနက်၉နာရီခွဲ လောက်မှာ ဆားတောင်ရွာရဲစခန်း ဘက်ကလာတယ်လို့ ယူဆရတဲ့ အသေခံဒရုန်းတစီး လာရောက်ဗုံးကြဲခဲ့တာလို့ သိရပါတယ်။

ဗုံးက ကျေးရွာလမ်းဆုံရဲ့ ဘေးက ပေပါအခွံ ရောင်းတဲ့ နေအိမ်ပေါ်ကျပြီး အဲဒီအိမ်က အမျိုးသားနဲ့ အမျိုးသမီးဦး ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

” အသေခံဒရုန်းနဲ့ပါ။နှစ်ဦးဒဏ်ရာရတယ်။အခြေ အနေကလည်းရှုပ် နေတဲ့ ပြောရခက်ပါတယ်”လို့ ဒေသခံတဦးကလည်း ပြောပါတယ်။

အဲဒီကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးပိုင်းကို ပြည်သူတွေက ဆန္ဒပြနေတဲ့အချိန်ဖြစ်ပြီး အခြေအနေကလည်း အနည်းငယ်ရှုပ် ထွေးနေတယ်လို့ သိရပါတယ်။

ဝက်လက်မြို့နယ်အ ရှေ့ခြမ်းမှာတော့ စစ်တပ် စစ်ကြောင်းတွေ ရှိနေပြီး တော်လှန်ရေးတပ်တွေနဲ့ မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ရဲ့ မြောက်ဘက် မက္ကသာရွာအနီးရှိသတ္တုခဲမိုင်းလုပ်ကွက်ကို မနေ့ (ဧပြီ ၂၉ ရက်) က အာဏာသိမ်းစစ်တပ် ရဲ့လေတပ်က ဗုံးကြဲ တာကြောင့် ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

ထိုင်း - မြန်မာ နယ်စပ်အနီး မြဝတီမြို့တောင်ဘက်ခြမ်းမှာရှိတဲ့ ဝေါ်လေဗျုဟာစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလေတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အဲဒီဗျုဟာအနီးက ထီးသဲလယ်ရွာ တစ်ရွာလုံးနီးပါး ပျက်စီးသွားပြီလို့ ဒေသခံ အချို့ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းu မင်းကုန်းရွာအနီးမှာ ဒီနေ့မတ်လ၂၃ရက်က စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်တပ်က အနည်းဆုံး၂၀ကျော် သေဆုံးကာ အလောင်းနဲ့ လက်နက်တွေရခဲ့တယ်လို့ ဒေသခံနဲ့ တော်လှန်ရေးတပ် ရဲဘော်တွေက ပြောပါတယ်။

သတင်း

ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူရွာကဈေးကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေဗုံးကြဲခဲ့တာ​ကြောင့် ဒဏ်ရာရသူတွေထဲက တစ်ဦး ထပ်မံသေဆုံးသွားပြီးစုစုပေါင်းသေဆုံးသူ ၁၈ဦး ရှိလာပါတယ်။