Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်ကို ဆောPDFက ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်းသေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရ

PDF- SAWဘက်မှ လက်နက်ကြီးဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး ပူးပေါင်းတော်လှန်ရေးအင်အားစုများ၏ မိုင်းများမိကာ စစ်ကောင်စီတပ်သားငါးဦးထက်မနည်း ကျဆုံးနိုင်ပြီး၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာမှုရှိသည်ဟု PDF -Sawက ခန့်မှန်းသည်။

People's Spring
People's Spring

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဆော)နှင့် ပူးပေါင်းတော်လှန်ရေးအင်အားစုများက အကြမ်းဖက်စစ်ကောင် စီတပ်များကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်းသေဆုံးပြီး ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PDF -Sawက ယနေ့ ထုတ်ပြန်သည်။

ယနေ့ နံနက် ၇နာရီ၁၅မိနစ်ခန့်က ဆောမြို့နယ် ခူးချောင်းကျေးရွာမှ ထွက်ခွာလာသော စစ်ကောင်စီအင်အား ၁၀၀ ခန့်ကို ခူးချောင်းရွာမြောက်ဘက် ဇရပ်နားအရောက်တွင် လက်နက်ကြီးများဖြင့် နှစ်ဘက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

PDF- SAWဘက်မှ လက်နက်ကြီးဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး ပူးပေါင်းတော်လှန်ရေးအင်အားစုများ၏ မိုင်းများမိကာ စစ်ကောင်စီတပ်သားငါးဦးထက်မနည်း ကျဆုံးနိုင်ပြီး၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာမှုရှိသည်ဟု PDF -Sawက ခန့်မှန်းသည်။

အဆိုပါတိုက်ပွဲမှာ လေးနာရီခန့်ကြာမြင့်ခဲ့ပြီး PDF- SAW ဘက်မှ ရဲဘော်တစ်ဦးကျဆုံးကာ ကျန်ရဲဘော်အားလုံးဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ပါရှိသည်။

Public Service Announcement

Public Service Announcement

ယနေ့တွင် ကရင်ပြည်နယ်၊ကချင်ပြည်နယ် နှင့် စစ်ကိုင်း တိုင်းအတွင်း၌လည်း တိုက်ပွဲများ ပြင်းထန်နေသည်။

ပြည်သူများအနေဖြင့် နေရာအနှံ့တိုက်ပွဲများအချိန်မရွေးဖြစ်ပေါ်နိုင်ကာ စစ်ကောင်စီမှ စစ်ကြောင်းများထိုးပြီး မကြာခဏဖြတ်သန်းသွားလာနေခြင်းတို့ကြောင့် ခရီးသွားလာခြင်းများ မပြုလုပ်ကြပါရန်နှင့် မဖြစ်မနေ သွားလာရမည်ဆိုပါက အထူးသတိပြုသွားလာခြင်း ပြုလုပ်ပေးကြရန် PDF Saw က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။