Connect with us

Hi, what are you looking for?

LuduNwayOo

News

အင်းတော်ကြီးရှိ KIAရှေ့တန်းနယ်မြေသို့ စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ တနိုင်း လီဒိုလမ်း၌ နေစဉ်နီးပါးတိုက်ပွဲဖြစ်

“အခုတလောကတော့ ရသတ္တပတ်အတွင်းမှာတော့ လီဒိုလမ်းဘက်မှာ နေ့တိုင်းလိုလို ခြုံခိုတိုက်ပွဲတွေ မိုင်းဆွဲတဲ့ တိုက်ပွဲတွေရှိတယ်။ အဲဒီဘက်မှာများ သူတို့ထိခိုက်တာများတာလားပေါ့”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ ကချင်လက်နက်ကိုင်အဖွဲ့(KIA) ရှေ့တန်းနယ်မြေသို့ စစ်ကောင်စီတပ်က ယနေ့ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့သည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

“ဒီနေ့ နေ့လည်ပိုင်း ၁၁နာရီကျော် အချိန်လောက်မှာ ကျွန်တော်တို့ KIA တပ်ရင်း(၂၆) ရှေ့တန်းနယ်မြေဖြစ်နေတဲ့ အင်းတော်ကြီးဘက်မှာ စစ်ကောင်စီဘက်က ဂျက်လေယာဉ်နဲ့ လာပြီးတော့မှ ဗုံးကြဲတိုက်ခိုက်တာရှိပါတယ်”ဟု ၎င်းက ​ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် မည်မျှထိခိုက်မှုရှိသည်ဆိုသော အသေးစိတ်အခြေအနေကို မသိရသေးကြောင်းနှင့် KIAဘက်က တုံ့ပြန်ပစ်ခတ်မှု လုပ်ဆောင်ခြင်းမရှိခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ စစ်ကောင်စီတပ်အနေဖြင့် တိုက်ပွဲ၌ ၎င်းတို့ တပ်များ အထိနာပါက လေကြောင်းမှ တိုက်ခိုက်လေ့ရှိရာ ယခုလေကြောင်း တိုက်ခိုက်မှုသည် တနိုင်းဘက်၌ ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် သက်ဆိုင်ခြင်းရှိ၊မရှိ မသိသေးဟု ၎င်းကဆိုသည်။

“အခုတလောကတော့ ရသတ္တပတ်အတွင်းမှာတော့ လီဒိုလမ်းဘက်မှာ နေ့တိုင်းလိုလို ခြုံခိုတိုက်ပွဲတွေ မိုင်းဆွဲတဲ့ တိုက်ပွဲတွေရှိတယ်။ အဲဒီဘက်မှာများ သူတို့ထိခိုက်တာများတာလားပေါ့”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

Public Service Announcement

တနိုင်းမြို့နယ်နှင့် လီဒိုလမ်းမတစ်လျှောက်တွင် စက်တင်ဘာလမှစ၍ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လာသည့် စစ်ကောင်စီတပ်ကို KIAက ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်နေ၍ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။