Connect with us

Hi, what are you looking for?

News

အင်းတော်ကြီးရှိ KIAရှေ့တန်းနယ်မြေသို့ စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ တနိုင်း လီဒိုလမ်း၌ နေစဉ်နီးပါးတိုက်ပွဲဖြစ်

“အခုတလောကတော့ ရသတ္တပတ်အတွင်းမှာတော့ လီဒိုလမ်းဘက်မှာ နေ့တိုင်းလိုလို ခြုံခိုတိုက်ပွဲတွေ မိုင်းဆွဲတဲ့ တိုက်ပွဲတွေရှိတယ်။ အဲဒီဘက်မှာများ သူတို့ထိခိုက်တာများတာလားပေါ့”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ ကချင်လက်နက်ကိုင်အဖွဲ့(KIA) ရှေ့တန်းနယ်မြေသို့ စစ်ကောင်စီတပ်က ယနေ့ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့သည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

“ဒီနေ့ နေ့လည်ပိုင်း ၁၁နာရီကျော် အချိန်လောက်မှာ ကျွန်တော်တို့ KIA တပ်ရင်း(၂၆) ရှေ့တန်းနယ်မြေဖြစ်နေတဲ့ အင်းတော်ကြီးဘက်မှာ စစ်ကောင်စီဘက်က ဂျက်လေယာဉ်နဲ့ လာပြီးတော့မှ ဗုံးကြဲတိုက်ခိုက်တာရှိပါတယ်”ဟု ၎င်းက ​ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် မည်မျှထိခိုက်မှုရှိသည်ဆိုသော အသေးစိတ်အခြေအနေကို မသိရသေးကြောင်းနှင့် KIAဘက်က တုံ့ပြန်ပစ်ခတ်မှု လုပ်ဆောင်ခြင်းမရှိခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ စစ်ကောင်စီတပ်အနေဖြင့် တိုက်ပွဲ၌ ၎င်းတို့ တပ်များ အထိနာပါက လေကြောင်းမှ တိုက်ခိုက်လေ့ရှိရာ ယခုလေကြောင်း တိုက်ခိုက်မှုသည် တနိုင်းဘက်၌ ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် သက်ဆိုင်ခြင်းရှိ၊မရှိ မသိသေးဟု ၎င်းကဆိုသည်။

“အခုတလောကတော့ ရသတ္တပတ်အတွင်းမှာတော့ လီဒိုလမ်းဘက်မှာ နေ့တိုင်းလိုလို ခြုံခိုတိုက်ပွဲတွေ မိုင်းဆွဲတဲ့ တိုက်ပွဲတွေရှိတယ်။ အဲဒီဘက်မှာများ သူတို့ထိခိုက်တာများတာလားပေါ့”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

Public Service Announcement

တနိုင်းမြို့နယ်နှင့် လီဒိုလမ်းမတစ်လျှောက်တွင် စက်တင်ဘာလမှစ၍ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လာသည့် စစ်ကောင်စီတပ်ကို KIAက ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်နေ၍ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။