Connect with us

Hi, what are you looking for?

LuduNwayOo

News

ပခုက္ကူမြို့ရှိ Mytel တာဝါတိုင်နှင့် ပျူစောထီး၊စစ်ကောင်စီသတင်းပေးအိမ်များ ဗုံးကွဲ

ပြည်သူလူထုများအနေဖြင့်လည်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီပိုင်နေရာများ၊ စစ်ကောင်စီလက်အောက်ခံ နေရာများသွားရောက်ခြင်း၊ မလိုလားအပ်သောနေရာများသို့သွားရောက်ခြင်းများ ရှောင်ရှား ကြပါရန် PPDFမှ တိုက်တွန်းထားသည်။

People's Spring
People's Spring

မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် ယမန်နေ့က My Tel တာဝါတိုင်နှင့် ပျူစောထီး၊ စစ်ကောင်စီသတင်းပေးတို့၏ နေအိမ်များအပါအဝင် နေရာသုံးနေရာကို ဗုံးဖောက်ခွဲခဲ့ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (အောက်တိုဘာလ ၁၀ ရက်) မွန်းလွဲ ၁ နာရီခန့်က ပခုက္ကူပေါက်လမ်းမကြီးဘေး၊ ညောင်ပင်လှကျေးရွာအနီးရှိ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် ပိုင် Mytel တာဝါတိုင်အား မီးရှို့ခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်းများအား PPDF ၏ မြေပြင်တိုက်ခိုက်ရေးအဖွဲ့ခွဲ K7အဖွဲ့က ပြုလုပ်ခဲ့ကြောင်း ပခုက္ကူ PDFက အသိပေးသည်။

ထို့အပြင် PPDF ၏ ပူးပေါင်းမဟာမိတ်အဖွဲ့ဖြစ်သော Pakokku Generation Z အဖွဲ့မှ ဗိုလ်တိုက်ဂါးဦးဆောင်သောအဖွဲ့သည် ယမန်နေ့ ညနေ ၆နာရီခွဲခန့်တွင် ပခုက္ကူမြို့အမှတ် ၁၁ရပ်ကွက် (၆)လမ်းနှင့် ရွှေလမ်းထောင့်ရှိ ပျူစောထီးဦးတူး၏အိမ်အားလည်းကောင်း၊ သပိတ်စစ်ကြောင်းများအား လိုက်လံနှောက်ယှက်ပြီး မြို့နေလူထုအား‌ အစ‌ဉ်အန္တရာယ်ပေးလျက်ရှိသော အမှတ်(၁၅)ရက်ကွက်၊ ၈လမ်းနေ ရဲ ငပိုင်၏အိမ်အားလည်းကောင်း ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း
ပခုက္ကူ PDFက သတင်းထုတ်ပြန်သည်။

‌ပြည်သူလူထုများအနေဖြင့်လည်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီပိုင်နေရာများ၊ စစ်ကောင်စီလက်အောက်ခံ နေရာများသွားရောက်ခြင်း၊ မလိုလားအပ်သောနေရာများသို့သွားရောက်ခြင်းများ ရှောင်ရှား ကြပါရန် PPDFမှ တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။