Connect with us

Hi, what are you looking for?

News

ပခုက္ကူမြို့ရှိ Mytel တာဝါတိုင်နှင့် ပျူစောထီး၊စစ်ကောင်စီသတင်းပေးအိမ်များ ဗုံးကွဲ

ပြည်သူလူထုများအနေဖြင့်လည်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီပိုင်နေရာများ၊ စစ်ကောင်စီလက်အောက်ခံ နေရာများသွားရောက်ခြင်း၊ မလိုလားအပ်သောနေရာများသို့သွားရောက်ခြင်းများ ရှောင်ရှား ကြပါရန် PPDFမှ တိုက်တွန်းထားသည်။

People's Spring
People's Spring

မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် ယမန်နေ့က My Tel တာဝါတိုင်နှင့် ပျူစောထီး၊ စစ်ကောင်စီသတင်းပေးတို့၏ နေအိမ်များအပါအဝင် နေရာသုံးနေရာကို ဗုံးဖောက်ခွဲခဲ့ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (အောက်တိုဘာလ ၁၀ ရက်) မွန်းလွဲ ၁ နာရီခန့်က ပခုက္ကူပေါက်လမ်းမကြီးဘေး၊ ညောင်ပင်လှကျေးရွာအနီးရှိ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် ပိုင် Mytel တာဝါတိုင်အား မီးရှို့ခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်းများအား PPDF ၏ မြေပြင်တိုက်ခိုက်ရေးအဖွဲ့ခွဲ K7အဖွဲ့က ပြုလုပ်ခဲ့ကြောင်း ပခုက္ကူ PDFက အသိပေးသည်။

ထို့အပြင် PPDF ၏ ပူးပေါင်းမဟာမိတ်အဖွဲ့ဖြစ်သော Pakokku Generation Z အဖွဲ့မှ ဗိုလ်တိုက်ဂါးဦးဆောင်သောအဖွဲ့သည် ယမန်နေ့ ညနေ ၆နာရီခွဲခန့်တွင် ပခုက္ကူမြို့အမှတ် ၁၁ရပ်ကွက် (၆)လမ်းနှင့် ရွှေလမ်းထောင့်ရှိ ပျူစောထီးဦးတူး၏အိမ်အားလည်းကောင်း၊ သပိတ်စစ်ကြောင်းများအား လိုက်လံနှောက်ယှက်ပြီး မြို့နေလူထုအား‌ အစ‌ဉ်အန္တရာယ်ပေးလျက်ရှိသော အမှတ်(၁၅)ရက်ကွက်၊ ၈လမ်းနေ ရဲ ငပိုင်၏အိမ်အားလည်းကောင်း ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း
ပခုက္ကူ PDFက သတင်းထုတ်ပြန်သည်။

‌ပြည်သူလူထုများအနေဖြင့်လည်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီပိုင်နေရာများ၊ စစ်ကောင်စီလက်အောက်ခံ နေရာများသွားရောက်ခြင်း၊ မလိုလားအပ်သောနေရာများသို့သွားရောက်ခြင်းများ ရှောင်ရှား ကြပါရန် PPDFမှ တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ ကမ္ဘာ့ဖလားထုတ်လွှင့်ခွင့်ရရှိထားတဲ့ အာဏာသိမ်းစစ်တပ် နဲ့ ဗီယက်နမ်စစ်တပ် ပူး​ပေါင်းပိုင်တဲ့ Mytel ရဲ့ TV360 စာမျက်နှာကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar-JFM က အသိပေးထားပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်သတင်းပေး‌မှုကြောင့် ရဲဘော် ၂ဦး ဖမ်းဆီးခံရတယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF)က ထုတ်ပြန်ပါတယ်။