Connect with us

Hi, what are you looking for?

News

ချင်းပြည်နယ်သို့ အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီတပ်ယာဉ်များ ဖလမ်းသို့ရောက်နေ

စစ်ကောင်စီတပ်သည် ကလေး-ဖလမ်း- ဟားခါး လမ်းကြောင်းမှ ချင်းမြောက်ပိုင်းသို့ ထိုးစစ်ဆင်ရန်အင်အားဖြည့်တင်းနေပြီး ပခုက္ကူ-ကျောက်ထု-မင်းတပ် လမ်းပိုင်းမှာလည်း စစ်အင်အားများ ဖြည့်တင်းလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ချင်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း သို့လမ်းကြောင်းနှစ်ခုဖြင့် စစ်အင်အားဖြည့်တင်းရန်ပြင်ဆင်နေရာ မြောက်ပိုင်းရှိ ဖလမ်းမြို့သို့ သံချပ်ကာယာဉ်အပါအဝင် ယာဉ်အစီးရေ ၅၀ ကျော်ရောက်ရှိလာဟု ချင်းဒေသခံက ပြောသည်။

“အခုတော့ သူတို့ ဖလမ်းဝင်လာတယ်။ သူတို့ စခန်းချတဲ့နေရာဘက်သွားတယ်။ နောက်ပြီး အားကစားရုံထဲမှာသူတို့ နေရာချထားတယ်။ ဟားခါးဘက်လာမလားမသိဘူး။မြောက်ပိုင်းနဲ့ တောင်းပိုင်းကို နှစ်ခုနဲ့လာတာ။ မြောက်ပိုင်းဘက်က ကား အစီး ၅၅ လောက်ရှိတယ်။ နောက် သံချပ်ကာနှစ်စီး”ဟု ၎င်းကဆိုသည်။

ဓာတ်ပုံ The Chin Journal

စစ်ကောင်စီတပ်သည် ကလေး-ဖလမ်း- ဟားခါး လမ်းကြောင်းမှ ချင်းမြောက်ပိုင်းသို့ ထိုးစစ်ဆင်ရန်အင်အားဖြည့်တင်းနေပြီး ပခုက္ကူ-ကျောက်ထု-မင်းတပ် လမ်းပိုင်းမှာလည်း စစ်အင်အားများ ဖြည့်တင်းလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်၏ ယာဉ်အစီးရေ ၈၀ကျော်ပါ ယာဉ်တန်းသည် မကွေးတိုင်း ကျောက်ထုမြို့သို့ ဦးတည်လာ နေကြောင်း ဆောမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ယနေ့နေ့လည်က ပြောသည်။

Public Service Announcement

Public Service Announcement

“လာတာက မင်းတပ်ကို တက်မလား ဂန့်ဂေါသွားမလားဆိုတာ မသိသေးဘူး။ သွားမယ်ဆို မင်းတပ်သွားလို့ရတယ် ဂန့်ဂေါသွားလို့ရတယ်။ အဓိကတော့ ချင်းပြည်နယ်ကိုအဓိက ဦးတည်တာပဲ။ ချင်းပြည်နယ်ကို ဦးတည်တယ်ဆိုရင် ကျွန်တော်တို့ ဒီဘက်က ခုခံကာကွယ်တယ်ဆိုတော့ကျွန်တော်တို့ ယောဘက်ကို ဖိအားပေးလာတာပေါ့”ဟု ဆောကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓာတ်ပုံ The Chin Journal

ကျောက်ထုမှတစ်ဆင့် ချင်းပြည်နယ်သို့ လေကြောင်းမှတစ်ဆင့် အင်အားဖြည့်တင်းခြင်းများလည်းရှိနိုင်သည်ဟု ၎င်း ကဆိုသည်။

ချင်းပြည်နယ်သို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များကို ယောဒေသမှ ခုခံတိုက်ခိုက်ရာတွင် မိုင်းဖြင့်သာ အဓိက တိုက်ခိုက်ရကြောင်း၊ မောင်းပြန်သေနတ်များရရှိပါက စစ်ကောင်စီတပ်၏ ထိုးစစ်ကို ကောင်းမွန်စွာခုခံနိုင်မည်ဖြစ် ကြောင်း ဆောဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်ဦး(CNF)နှင့် မြို့နယ်အသီးသီး၌ ဖွဲ့စည်းထားသည့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF)၏ ခုခံတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook