Connect with us

Hi, what are you looking for?

News

မြောင်PDF ပင်မစခန်းတိုက်ခိုက်ခံရ၊ အထိအခိုက်မရှိဟု PDF ပြော

“စစ်ခွေးတွေ ဝင်စီးတာ ကျွန်တော်တို့မြို့နယ်တစ်ခုလုံးရဲ့ တော်လှန်ရေးအတွက် လိုအပ်တဲ့ လူအင်အား၊ လက်နက်အင်အား ထုတ်လုပ်ပေးရာဖြစ်တဲ့ ပင်မစခန်းကြီးတစ်ခုဖြစ်တယ်”ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းရှိ မြောင်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ ၏ ပင်မစခန်းကို အကြမ်းဖက်စစ်ကောင်စီက လူအင်အား၊လက်နက်အင်အား အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့သော်လည်း ထိခိုက်ကျဆုံးမှုမရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၂ ရက် ည ၇နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီက စစ်ယူနီဖောင်းများဖြင့်မဟုတ်ဘဲ PDF အသွင်အယောင်ဆောင်၍ အင်အား ၁၅၀ကျော်ဖြင့် ပတ်ပတ်လည်မှ ဝိုင်းဝန်းထိုးစစ်ဆင်ခြင်းခံခဲ့ရခြင်းဖြစ်သည်။

“စစ်ခွေးတွေ ဝင်စီးတာ ကျွန်တော်တို့မြို့နယ်တစ်ခုလုံးရဲ့ တော်လှန်ရေးအတွက် လိုအပ်တဲ့ လူအင်အား၊ လက်နက်အင်အား ထုတ်လုပ်ပေးရာဖြစ်တဲ့ ပင်မစခန်းကြီးတစ်ခုဖြစ်တယ်”ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မှန်တယ်ဗျ။သူတို့ဆီ စစ်ခွေးတွ PDF ပုံစံနဲ့ ဝင်စီးတာ။ပြီးတော့ မြောင်တပ်ဖွဲ့က ရဲဘော်အားလုံး အထိ အခိုက်မရှိဘဲ ရှောင်တိမ်းနိုင်ခဲ့တယ်လို့ လှမ်းသတင်းပို့တယ်”ဟု မြောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ မဟာမိတ်အဖွဲ့ဝင် အရာတော် တော်လှန်ရေးအင်အားစု (ARA)မှ ဗိုလ်ပေါက်စီက ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်၏ အာဏာသိမ်းပြီးနောက်ပိုင်း လက်နက် ကိုင်တော်လှန်ရန် မြောင်မြို့နယ်တော်လှန်ရေးတပ်ကို ဧပြီတွင် ‌”မြောင် မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM) “အမည်ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

လက်ရှိတွင် မဟာမိတ်များပူးပေါင်းစစ်ဆင်ရေး အဖြစ် စစ်ကိုင်းတိုင်းအတွင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊Monywa People Defence Force – MPDF၊Myaung Special People’s Defense Force – MSPDF ၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့၊ 27 Revolution Forces ၊ PDF – Taloke ၊ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့၊ People Defense Force Yesagyo နှင့်စစ်ကိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(SGG) တို့ မဟာမိတ်တပ်ဖွဲ့(၁၀) ဖွဲ့တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်များကို မိုင်းခွဲတိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်